1. 2.

                                                                                                                                (သရုပ်ဖေါ် ပန်းချီစံမင်း)
မှတ်မှတ်ရရ ၂၀၀၈ နှစ်လည်လောက်မှာ ကျွန်မခါးနာနေတာကို သတိထားမိသည်။ ဆရာဝန်ပြလည်း ခဏတော့ သက်သာသလိုသလိုရှိကာ လုံးလုံးတော့မပျောက်ပြန်။ ဒီတော့ဆရာဝန်က အမျိုးသမီးရောဂါ တစ်ခုခုနှင့် ဆက်စပ်နေမလားတွေးကာ သားဖွားမီးယပ်အထုးကုနှင့် ပြကြည့်ဖို့ တိုက်တွန်းသည်။ ဒါနှင့်ပဲ သားဖွားမီးယပ်အထူးကု ပါမောက္ခ ဒေါက်တာကျော်ညွန့်နှင့် ပြဖြစ်သည်။ ဆရာကြီးက ကျွန်မကို ဓါတ်မှန်ရိုက်ခိုင်းသည်။ ခါးနာတာနှင့် ပတ်သက်သော သဲလွန်စ မရပါ။ သားအိမ်ထဲက အသားစကို စစ်ခိုင်းပြန်သည်။ ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်သည်ပဲ ပြောရမလား၊ ယုန်ထောင်ကြောင်မိလို့ပဲ ဥပမာ ပေးရမလားမသိပါ။ ခါးနာတာနှင့် မပတ်သက်သော အမျိုးသမီးရောဂါ တစ်ခုတွေ့သည်။ ထိုရောဂါကို ဆက်ကုရင်း ခါးနာတာကုဖို့က နောက်ဖက်ရောက်သွားသည်။ ၂၀၀၉  မှာ အမေရိကားကို ထွက်လာတော့ ခါးနာရောဂါက တန်းလန်း ကြီးပါလာသည်။
Labels: 2 comments | | edit post
Reactions: 





ကမ္ဘာ့အရှေ့ခြမ်းအာရှနိုင်ငံတခုမှ ကမ္ဘာ့အနောက်ခြမ်းအမေရိကကို နာရီပေါင်းများစွာ ဖြတ်သန်းခရီးနှင်ခဲ့ပြီး အမေရိကအရှေ့ပိုင်း၏ မြေပြင်ပေါ် ခြေချခိုလှုံလိုက်ရချိန်မှာတော့ ၂၀၀၉ ၏ ပန်းစုံပွင့်သောနွေဦးနှင့်အတူ 
ဖော်ရွေနွေးထွေးသောမြို့ သူမြို့ သားများက ကျမတို့ကိုကြိုဆိုခဲ့ပါသည်။
       ထိုဖော်ရွေနွေးထွေးမှုများကြောင့်ပင်ကျမ၏မိခင်မြေအကြောင်းမိတ်ဆက်ပြောပြဖို့ မတွန့်ဆုတ်ခဲ့ခြင်းက  ကျမအတွက်အခွင့်အရေးတခုဖြစ်ခဲ့သည်။ကမ္ဘာ၏တခြားဖက်ခြမ်းမှအာရှနိုင်ငံငယ်လေးတခုက အမေရိကနှင့် ဘယ်ရွေ့ဘယ်မျှကွာခြားကြောင်းပြောပြခွင့်ရခဲ့သည်။ မတူခြားနားသောယဉ်ကျေးမှုများအတွင်းမှမတူခြားနား သောတန်ဖိုးများကိုတွေ့ရှိခံစားနိုင်ခဲ့ခြင်းနှင့် ထိုမတူခြားနားမှုများအကြောင်းကို စာများမှတဆင့်ဝေငှနိုင်ခြင်း ကကျမအတွက် ကျေနပ်ဖွယ်ဖြစ်သည်။
Labels: 0 comments | | edit post
Reactions: 







ဆရာဦးမိုးဟိန်းဘာသာပြန်ပေးခဲ့တဲ့ ကဗျာ

Labels: 0 comments | | edit post
Reactions: 
ဆရာဦးမိုးဟိန်း ကွယ်လွန်ပြီ ဆိုသည့်သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ အိမ်တွင် ကျမ တယောက်ထဲ ရှိနေသည်။ “ဟာ” ခနဲ ရေရွတ်မိသံက အိမ်ထဲမှာ ဟိန်းထွက်သွားပြီး ကိုယ့်အသံကို ကိုယ့်ဘာသာပြန်လန့်သွားသည်။ သတင်းကိုဖတ်ရင်း ကျမ မျက်စိထဲတွင် အင်မတန် ဖြူစင်အေးချမ်းသော ဆရာ့အပြုံးတွေ၊ အလွန်ရိုးသားယဉ်ကျေးသော ဆရာ့စကားသံတွေကို တသီတတန်းကြီး မြင်ယောင်၊ ကြားယောင်လာသည်။ “နှမျောလိုက်တာ၊ နှမျောလိုက်တာ” ဟု ကျမ တယောက်ထဲ တတွတ်တွတ်ရွတ်နေမိသည်။

         ဆရာကိုယ်တိုင်ရေးထားသော ဆောင်းပါးတပုဒ်ကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ အဲဒီသတင်း ဖတ်မိစဉ်တုန်းကလည်း ဖြစ်မှဖြစ်ရလေဆရာရယ် ဟု တတွတ်တွတ် ရေရွတ်ခဲ့ရသည်။ အနှစ်၂၀ ကျော် သတ်သတ်လွတ်စားလာသည့် ဆရာ၊ ရှစ်နှစ်ကျော် ရှစ်ပါးသီလဥပုသ်နှင့်နေလာခဲ့သည့် ဆရာ့မှာမှ ဒီရောဂါကဖြစ်ရသတဲ့။ အင်မတန် ရိုးသား၊ ယဉ်ကျေး၊ သိမ်မွေ့ပြီး စိတ်ကောင်းရှိသည်ဟူသော ကောင်းသည့်နာမဝိသေသနများစွာ ပိုင်ဆိုင်သော ဆရာ့ထံမှာ ကင်ဆာရောဂါငြိတွယ်လာခြင်းအတွက် ဘာကိုမှန်းမသိ ကျမ ဒေါသ ဖြစ်ခဲ့ရသည်။ ကံကြမ္မာဆိုတာကြီးကို လူတယောက်လို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ချင် စိတ်ပေါက်ခဲ့သည်။ ဖြစ်ချင်တော့ ဆရာ့ရောဂါသတင်းကြားရချိန်မှာ ကျမက ဆရာ့ကို ပြေးတွေ့၍မရအောင် ဝေးလံသောနေရာမှာ ရောက်နေခဲ့သည်။

Labels: 0 comments | | edit post
Reactions: 




( ၀တ္တုတိုအသစ်မရေးဖြစ်သေးတာနဲ့ ပဲ ရှားရှားပါးပါးပြန်ရှာတွေ့ တဲ့  ၁၉၉၂ တုန်းကရေးခဲ့တဲ့ ၀တ္တုတိုလေးတပုဒ် ပြန်တင်ဖြစ်ပါတယ်။)

(က)

ဒီနေ့ မနက် အိပ်ရာအထမှာ ညီမတစ်ယောက် ဘာအိပ်မက် အကြောင်းများ ပြော လာဦးမည်လဲဟု မြ၀ါးရုံက စိတ်ဝင်စားစွာ၊ ပြီးတော့ ရယ်ချင်စွာ တွေးနေမိသည်။ တကယ် တမ်းကျတော့ ညီမအိပ်မက်အကြောင်းတွေ ပြောလာတိုင်း မရယ်ရက်တော့တာ တော်ကြာ နေခဲ့ပြီပဲ။ ညီမအိပ်မက်အကြောင်း မြိန်ရေရှက်ရေ ပြောနေ သည့်အချိန်မှာ ပေါ်လာတတ်သော ရယ်ချင်စိတ်တွေက သနားကရုဏာအဖြစ် အသွင်ပြောင်းလဲ၍ ထုထည် ခဲဖွဲ့ ကြီးထွားခဲ့ရသည်။ ‘ညီမ’ကို အလျင်အမြန်ပြောရင်း ‘ညကလေ’  ‘ညပြောပြမယ်သိလား’ ဟူ၍ ဖြစ်သွား တတ်သော ညီမ၏ ညအိပ်မက်တွေအကြောင်း နားထောင်ဖို့ အတွက် ညီမကို စူးစုးကြည့်ရင်း “ကဲပါညရယ် ညရဲ့တစ်ထောင့်တစ်ည အိပ်မက်ပုံပြင်တွေကို ရပ်တန်းက ရပ်ပါတော့“ ဟု ရယ်ကာမောကာ ပင် မပြောဖြစ် တော့ပါ။ မနက်မိုးလင်းပြီးဆိုလျှင် မျက်နှာသစ်ရင်း ထမင်းဟင်းချက်ရင်း၊ ရေချိုး ရင်းနှင့် ညီမပြန်ပြောပြမည့် ညက အိပ်မက်အကြောင်း နားထောင်ဖို့ ပင် စိတ်စောနေတတ်ပြီ။ 
ညီမသည် အလွန်ထူးဆန်းသော မိန်းမငယ်ဖြစ်၏။ ညီမက ငါးမိနစ်ခန့် အိပ်ပျော်သွား လျှင် ထိုငါးမိနစ် အတွင်း အိပ်မက်ကိုမက်ဖြစ်အောင်မက်လိုက်တတ်သူ ဖြစ်၏။ ညဘက်အိပ် ပြီဆိုလျှင်လည်း တစ်ညကို ခြောက်နာရီအိပ်လျှင် ညီမပြန်ပြောတတ်သည့် အိပ်မက်တွေက ခြောက်နာရီစာလောက် ကြာနေတတ် ပြန်သည်။ ညီမအိပ်မက်တွေက အစီစဉ်တကျ ဇာတ် လမ်းဇာတ်ကွက် အဆင်ပြေပြေတော့ မရှိဘူးပေါ့။ ဟိုရောက်၊ သည်ရောက်၊ ဘာမှမဆိုင်သည့် မြင်ကွင်းတွေ၊ လူတွေ၊ စကားသံတွေပဲဖြစ်သည်။ တစ်ခါတစ်ရံ မှာတော့ ဆက်စပ်တွေးယူလျှင် အစီအစဉ်တကျလိုလို ဖြစ်နေတတ်သော အိပ်မက်ရှည်ကြီးတွေ ပါနေတတ် သေးသည်။ သည် လိုအိပ်မက်ရှည်ကြီးတွေ မက်သည့်ည၏ မနက်ပိုင်းဆိုလျှင် ညီမမှာ အိပ်မက်အကြောင်း ပြောပြလိုဇောနှင့် တက်ကြွနေတတ်သည်။
 
သည်နေ့မနက်တော့ ညီမငြိမ်ချက်သား ကောင်းနေသည်။ အိပ်ရာထ၊ မျက်နှာအတူတူ သစ်ကြတော့လည်း ငြိမ်ငြိမ်သက်သက်။ ထမင်းအိုးတည်ဖို့ တစ်ယောက်က မီးမွှေး၊ တစ် ယောက်က ဆန်ဆေး နေချိန်မှာလည်း စကားမစ။ ရေအတူချိုးကြတော့လည်း မသိလိုက် မသိ ဖာသာ။ ကျောင်းကလေးမှာ မနက်ပိုင်း စာသင်ချိန် ကုန်သွားပြီး နေ့ခင်းအားလပ်ချိန် ရောက် တော့လည်း တပည့်လေးတွေကြားမှာ စကားများ အလုပ်ရှုပ်ရင်း မပြောဖြစ်ပေ။ သည်လို ငြိမ်ချက်သား ကောင်းနေပြန်တော့ ပြောကို ပြောစရာရှိပြီး ပြောပြခြင်း မခံရသေး သော သူတို့  ၏ ထုံးစံအတိုင်း အသည်းတယားယားနှင့် မေးချင်လာသည်။ တကယ်တမ်းညီမတစ်ယောက်  အိပ်မက်အကြောင်း ပြောလာသည့် အချိန်ကတော့ ညနေကျောင်းဆင်းအပြီးမှာ ဖြစ်သည်။ ခြေတံရှည် ကျောင်း ကလေးပေါ်မှ ဆင်းပြီး ကျောင်း ဝင်း၏ ညာဘက်ထောင့် ခြံစပ်မှာရှိသည့် ဆရာမများအတွက် ဆောက်ထားပေးသောဝါးအိမ်ကလေးဆီသို့  ခြေသလုံးဝက်ခန့် နက်သည့် ရေပြင်ကို ထမီတစ်ဝက်မရင်း၊ ကြိမ်ဆွဲခြင်း ကလေးကို တစ်ဖက်ကဆွဲရင်း၊ ရေပြင်ကို ဒရွတ်တိုက် လှမ်းဖြတ်ရင်း သွားနေသော ညီမ၏ ကျောပြင် ကိုကြည့်ပြီး အိပ်မက်အကြောင်း တွေးနေမိလေသည်။
 
ဝါးထရံနှင့်လုပ်ထားသော တစ်ဖက်တပ် တံခါးရွက်နှင့် ၀ါးတိုင်တစ်တိုင်မှာ ကပ်ချည် ထားသော သံကြိုး ကလေးထဲမှ သော့သေးသေးကလေးကိုဖွင့်တာလည်း ညီမပဲဖြစ်သည်။ တကျွိကျွိမြည်နေသော ၀ါးကြမ်းခင်း တွေကို ဖွဖွလှမ်းလျှောက်ရင်း ကျောင်းဝတ်စုံ အဖြူ အစိမ်းကို လဲပြီးခါနီးအချိန်မှာ ညီမ စကားစသည်။
“ညက အိပ်မက်အကြောင်း မမမြ၀ါးရုံကို ပြောပြရဦးမယ်”  
“လုပ်စမ်းပါဦး”
ညီမက အ၀တ်အစားလဲပြီးပြီးချင်း ၀ါးကြမ်းပေါ်မှ အဆင်သင့် ခင်းထားသည့် သင်ဖြူး ဖျာအိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ မနက်စာ ညစာ ထမင်းနှင့်ဟင်းကို မနက် ကတည်းက ချက်ထားပြီးသားမို့  စိတ်အေးလက်အေး အနားယူနိုင်သည့် သည်အချိန်ကို ညီမ တမင်ရွေးထားမှန်း သဘောပေါက်လိုက်မှ ညီမ အိပ်မက်ကတော့ မက်ရိုးမက်စဉ်ထက် ဆန်းပြန်ပြီလားဟု ကမန်းကတန်း စဉ်းစားမိသည်။
“ညက အိပ်မက်ထဲမှာလေ ညီမ ပန်းလေးတစ်ပွင့်ကို တွေ.တယ်၊ ပန်းပွင့်မဟုတ် ပါဘူးလေ၊ ပန်းဖူးကလေးပါ၊ ပန်းဖူးအဖြူလေး၊ သိလား မမမြ၀ါးရုံ”
“ပန်းဖူးအဖြူကလေး”
ညီမစကားကို သံယောင်လိုက်မိတော့ ညီမက လက်မောင်းပေါ်တွင် အုံးထားသည့် ခေါင်းကို ဆတ်ခနဲ ညိတ်ပြသည်။
“ဟုတ်တယ်၊ အဲဒီပန်းဖူးကလေးရဲ့ ရိုးတံတွေမှာ ဆူးတွေလည်း ရှိတယ်၊ အရွက် ကလေးလည်း စိမ်းပြီး ဖားဖားကိုဝေနေတာပဲ၊ ပွင့်ဖို့ ပဲ လိုတော့တာ၊ အိပ်မက်ထဲမှာမို့ လို့ လား မသိဘူး၊ ပန်းဖူးကလေးရှိတဲ့ နေရာမှာ နေရောင်မရပဲ အုံ့အုံ့မှိုင်းမှိုင်းကြီး ဖြစ်နေတယ်”
ပြောရင်းနှင့် ညီမက အားမလိုအားမရ ဖြစ်လာကာ လှဲနေရာမှ ထထိုင်သည်။ တင်ပျဉ်ခွေပေါ်မှာ ခေါင်းအုံးတင်ပြီး ခေါင်းအုံးပေါ်ကို တစ်တောင်နှစ်ဖက် အားရပါးရ ထောက်၏။
“အဲဒီပန်းကလေးက ညီမကို စကားပြောတယ်”
“ဟင်”
အလန့် တကြား အာမေဍိတ်သံကို ကြားတော့ ညီမက အားရပါးရ ရယ်သည်။
“တစ်ထောင့်တစ်ညပုံပြင်လို့ ပြောဦးမလို့ လား၊ ညီမ တကယ်ပြောနေတာ မမမြ၀ါးရုံရဲ့၊ ပန်းဖူးကလေးက ပြောတယ်၊ ကျွန်မ ပန်းတစ်ပွင့်အဖြစ် ပွင့်ချင်ပြီတဲ့”
 ညီမက စကားကို တုံးတိတိရပ်သည်။
“ဆက်ပြောလေ ညီမ၊ ပြီးတော့ ဘာဖြစ်လဲ”
“ဒါပဲ၊ အိပ်မက်က အဲဒီမှာတင် လန့် နိုးသွားတာ၊ ညီမလေ.. ပန်းဖူးကလေးကို ဘာပြောရမှန်းလည်း မသိလိုက်ဘူး၊ ဘာမှလည်း မပြောဖြစ်လိုက်ဘူး၊ အိပ်မက်ကလန့် နိုးတော့မှ စိတ်မကောင်းဖြစ်နေရတယ်”
ညီမကို စိုးရိမ်တကြီးနှင့် ကြည့်မိသည်။ ဒါဟာ တကယ်ပဲလား။  အိပ်မက်ဆိုတာမျိုးကသက်သေပြခိုင်းလို့  ရတာမဟုတ်တော့လည်း အခက်သားပင်။ ညီမကတော့ တကယ့်ကို ထိခိုက်တ, သနေသောဟန်ဖြင့် မက်ခဲ့ပြီးသော အိပ်မက်ကို လိုက်လံဖမ်းဆုပ်၍ ငေးမောနေသည်။

ဘာပဲဖြစ်ဖြစ် ညီမကို တစ်နည်းတစ်ဖုံတော့ ပြုပြင်ပေးရတော့မည်။ ဘယ့်နှယ်… အိပ်မက်တွေ တသီတတန်း ကြီး မက်ပြီးတော့ အိပ်မက်ကိုပဲ စိတ်မကောင်း ဖြစ်နေသတဲ့၊ ညီမအတွက် စိုးရိမ်တွေးက ညီမစကား ကြောင့် အလန့် တကြား ရပ်တန့် ရ၏။
“ဒီညတော့ အိပ်မက်ထဲမှာ ပန်းကလေးပွင့်လာမလားမသိဘူး”

                                    (ခ)

အိပ်ရာကနိုးပြီဟု အသိဝင်ဝင်ချင်းမှာပဲ ဆယ်ပေကျော်ရုံပတ်လည်ဝါးအိမ်ကလေးနှင့် ဆက်လျက်နောက်ဖေး ချောင်ပုပုလေးဆီမှ ညီမ၏ ဆန်ဆေးသံကို ကြားရသည်။နို့ ဆီဘူးနှစ်လုံးစာ ဆန်ကလေးကို ဆေးနေတာမို့  ဆန်ဆေးသံက စည်စည်ဝေေ၀ မရှိပဲ တဖြောက်ဖြောက်ဖြစ်နေသည်။ ဆန်ဆေးရေကို သွန်ချတော့ အိမ် ကလေးအောက်မှာ ရေတွေအပြည့် လွှမ်းနေတာမို့  ရေသံ ဗလုံဗလုံကို ကြားရသည်။ညီမအစောကြီးအိပ်ရာ နိုးနေတာပဲ။ ထမင်းအိုးတည်ပြီး သွားလျှင် ညီမကနို့ ဆီဘူးနှစ်လုံးစာ ထမင်းကို တစ်ဝက်တိတိ ခွဲလိမ့်မည်။ ကျန်သော တစ်ဝက်ကို သံပန်းကန်ပြား နှစ်ပန်းကန်ထဲ အညီအမျှ ခွဲဝေပြီးသား ဖြစ်နေလိမ့်မည်။ သည်အပြု အမူကိုမြင်စက အလန့် တကြား ပြောခဲ့မိဖူးတာ သတိရသည်။
“ဟင်… ထမင်းကို ခွဲတမ်းနဲ့  စားရမှာလား ညီမရဲ့၊ ကြည့်လည်းလုပ်ပါဦး၊ စားကောင်းခြင်းမစားရဆိုသလို ဖြစ်နေပါရောလား”
အားရပါးရရယ်လိမ့်မည်ဟု ထင်ထားပေမယ့် ညီမက မရယ်ပါ။ မျက်သားဖြူဖြူကလေးတွေပေါ်အောင် မျက်လုံးပင့်မော့ကြည့်ရင်း အသံချိုချိုနှင့် တိုးတိုးပြောသည်။
“မမ-မ၀ရင် ညနေစာ တစ်ဝက်ခွဲထားတဲ့ အထဲက ယူစားလေ၊ ညီမက မစားနိုင်လို့ ပါ”
နောက်ပိုင်းမှာတော့ သည်လို စနစ်တကျခွဲတမ်းချခြင်းမှာ ညီမ မစားနိုင်ခြင်း တစ်ခု တည်းကြောင့်မဟုတ်မှန်း သိလာရသည်။ အင်းလေ မစားနိုင်တာပါပဲ။ ၀မ်းပြည့်သွားလို့  မစားနိုင်တော့တာမျိုး မဟုတ်ပဲ၊ အ၀အပြဲ စားဖို့ မနိုင်သော ဘ၀တာဝန်တွေကြောင့်ဆိုတာ ရင်နင့်ဖွယ် သိရှိခဲ့ရလေသည်။
 
ထမင်းကို စနစ်တကျ ခွဲဝေချက်ပြုတ်စားရခြင်း၏ အကြောင်းတွေကို ညီမ လေအေး အေးနှင့် ပြောပြသည့် နေ့ က ကျောင်းပိတ်ရက်တစ်နေ့ ဖြစ်သည်။ ထိုနေ့ သည် ကျောင်း ကလေးမှ ဆရာမတွေအတွက် ရွာက ဆောက်ပေးထားသော ၀ါးအိမ်ကလေး၏ တံခါးဝမှာ ညီမနှင့် အတူထိုင်ရင်း စကားဝို်င်းဖွဲ့ ဖြစ်ခဲ့တာဖြစ်သည်။ ကျောင်းကလေး၏ အောက်မှာရော၊ ဆရာမတွေအတွက် ဆောက်ပေးထားသည့် ၀ါးအိမ်လေး၏ အောက်မှာ ရော ရေတွေပြည့်လျှံ ၀ိုင်းနေသည်။ ရွာထဲမှာလည်း ရေတွေ ၀ိုင်းနေတာပါပဲလေ။ ညီမက သည်လိုဝန်းကျင် အနှံ့ ပြန့်ဝိုင်း နေသည့် မိုးတွင်းမြစ်ရေ ညိုနောက်နောက်တွေကို ကြည့်ရင်း စကားစခဲ့တာ ဖြစ်သည်။
 
“ဟောဒီ ရေတွေက ဘယ်တော့ကျမလဲ မသိဘူး၊ ညီမတော့ ရေကျမှ အိမ်ပြန်တော့မယ်၊ မမမြ၀ါးရုံရော ဒီလအိမ်မပြန်ဘူးလား”
“လခထုတ်ရင်းနဲ့ ပြန်ကြမယ်လေ၊ ညီမက လခထုတ်ရက်မပြန်ဘူးလား”
ညီမသည် ခေါင်းကိုခပ်မြန်မြန်ပဲ ခါပြခဲ့သည်။ အိမ်ပြန်ဖို့ အခွင့်အလမ်းပေါ်တာတောင် မပြန်သည့် ညီမအပေါ် အံ့သြတကြီးနှင့် စကားမစခင်မှာ ညီမအသံကြားရသည်။
“မပြန်တော့ဘူး၊ လစာကို မမမြ၀ါးရုံပဲ ထုတ်ပြီး အိမ်ကို ပို့ ပေးပါ၊ ဒီမှာ ညီမတို့ အတွက် တစ်လစာဝယ်ရမယ့် အသုံးစရိတ်အတွက် ညီမစိုက်ရမယ့် ငွေတစ်ဝက်ကိုတော့ မမ နုတ်ယူထားလိုက်ပေါ့”
သည်ရွာက မူလတန်းကျောင်းကလေးမှာ တာဝန်ကျသည့် ဆရာမချင်းအတူတူ ညီမကဘယ်လိုဖြစ်ရတာလဲ။ ပြီးတော့ လစာထုတ်ရက် ညီမ မလိုက်ဘူးဆိုလျှင် သည်အိမ်သေးသေးကလေးမှာ ညီမတစ်ယောက်တည်း ကျန်ခဲ့မှာ။
“ညီမကို စိတ်မပူပါနဲ့၊ ကလေးတွေ ခေါ်အိပ်မှာပေါ့”
ညီမက စိုးရိမ်တွေးကိုရိပ်မိစွာ ကာကွယ်စကားပြော၏။
‘ဘာဖြစ်လို့ မလိုက်တာလဲ ညီမရယ်’ ဟူသောစကား ဆုံးဆုံးချင်း ညီမက စကားကို ဖြည်းဖြည်းစပြောသည်။
“လခထုတ်လိုက်ရင် ပိုက်ဆံကုန်ဦးမှာ၊ ဒီချောင်းအတွင်းကနေ မြို့ကိုသွားမယ့် မော်တော်သွားစီးဖို့ သမ္ဗန်ခက ငါးကျပ်၊ မြစ်ဝက မြို့ရောက်တဲ့ အထိ သင်္ဘောခက ရှစ်ကျပ် ဆိုတော့ ဆယ့်သုံးကျပ်၊ အသွားအပြန်ဆို နှစ်ဆယ့်ခြောက်ကျပ်၊ မြို့ရောက်ရင် စားမှာ သောက်မှာနဲ့ ၊ ဆိုက်ကားခဘာညာနဲ့ ဆို အနည်းဆုံး ငါးဆယ် လောက်ကုန်မှာ။ ညီမဒီမှာစားဖို့ တစ်လစာဖယ်ထယးရမှာနဲ့ ဆိုရင် အမေတို့ ကိုပေးဖို့ ဘယ်လောက်မှကျန် တော့ မှာမဟုတ်ဘူး။“
“အိမ်မှာကညီမရဲ့ လစာလေးကိုပဲ မှီခိုစားနေရသလိုမျိုးဖြစ်နေတာလေ။ ဖေဖေ့ပင်စင်လစာ လေးကလည်း ဘာမှဖြစ်လောက်တာမဟုတ်ဘူး၊ အမေ့အိမ်ဆိုင်ကလေးကလည်းဆိုင်ဆိုရုံဖျစ်ဖျစ်မြည်၊ မီးဖိုချောင်တစ်ခုလုံး ဆိုင်ထဲက ယူစားရတာဆိုတော့ ဆိုင်ရဲ့ငွေက အိမ်သုံး စားစရိတ်ထဲဝင်ပြီး ဆိုင်တောင် ပြုတ်လုလုဖြစ်နေပြီ၊ မောင်လေးနဲ့ ညီမလေးနဲ့ ကလည်း ကျောင်းသားတွေ။ တစ်အိမ်လုံးစာအတွက် ညီမကို မှီခိုနေရတဲ့အချိန်မှာ ညီမက မချွေတာလို့  ဘယ်ဖြစ်မလဲ မမရယ်။လစာထုတ်မလိုက်ပဲနေရင်ငွေ(၅၀)လောက် အလိုလိုသက်သာ သွားမှာ”
 
ညီမစကားဆုံးတော့ သက်ပြင်းတစ်လုံးသာ အလိုအလျောက်ပွင့်အံထွက်ကျလာတော့သည်။ ဘာပဲဖြစ်ဖြစ် ညီမဟာ မိသားစုအတွက် အားထားရာကျေးဇူးရှင်ပဲ။ ညီမဘ၀က ကျဉ်းမြောင်းကျပ်တည်းပေမယ့် နေချင် စရာတော့ ကောင်းပါသည်။ နေချင်စရာ မကောင်းဘူး ဆိုရင်လည်း မနေချင်လို့ မှမရတာလေ။ 

ထမင်းနှစ်လုံးချက်ကို နှစ်ယောက်စာအတွက် တစ်ဝက်စီ အညီအမျှခွဲ၊ တစ်စိတ်အညီအမျှ စိတ်ပြီးမှ စားတာ တွေ၊ တပည့်လေးတွေ ခူးလာပေးသည့် ပွပွဖောင်းဖောင်း လယ်ကန်စွန်းပင်ကြီးတွေကို နေ့တိုင်းလိုကြော်စား ပြီး ဟင်းစားဖိုးချွေတာ တာတွေ၊ စနေ၊ တနင်္ဂနွေရောက်တိုင်း မြို့ပြန်ဖို့ အဖော်စပ်သည့်အခါငြင်းဆန်တာတွေ ကို ပီပီပြင်ပြင် နားလည်ခဲ့ပြီ။
“ညီမရယ် ကြည့်လည်း လုပ်ပါဦး၊ အာဟာရချို.တဲ့ပြီး ရောဂါတွေ ၀င်နေပါဦးမယ်”
ညီမက ပြုံးပြီး ကြည့်နေခဲ့သည်။ ပြီးတော့မှ ‘ရပါတယ်’ တဲ့၊ ညီမ၏ တသီတတန်း အိပ်မက်တွေက ညီမအခြေ အနေနဲ့ များ ဆက်စပ်နေမလားဟု အတွေးလွန်စွာနှင့် ဟုတ်မှန်း မဟုတ်မှန်း မရေရာစွာအတွေးဆန့် မိသည်။ ကျောင်းပိတ်ရက် အိမ်အပြန်မှာ ပုလင်းနှင့် ထည့်ကြော်ယူလာတတ်သော ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငံပြာ ရည်ချက်တွေ၊ မြေပဲကြော် တွေ ထည့်ပေးလျှင်လည်း ညီမက ဘယ်တော့မှ အသာတကြည် မစားတတ်သူ လေ။ အာဟာရတွေ ချို့ တဲ့တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ မပျော်ပဲ တောင်စဉ်ရေမရ အိပ်မက်တွေ လျှောက်မက်နေတာများလား။

“ညီမက ကြွေကျလာတဲ့ သစ်ရွက်ကလေး တစ်ရွက်ကို လိုက်ကောက်တာ မမမြ၀ါးရုံရဲ့၊ သစ်ရွက်ကလေးက ချောင်းထဲကျသွားတယ်။ ညီမက သစ်ရွက်ကလေးကို လိုချင်ဇောနဲ့ ချောင်းရေရဲ့ အတိမ်အနက်ကို မတွက်မိပဲ အတင်းဆင်းဖမ်းလိုက်တော့ ရေထဲကို ၀ုန်းခနဲကျပြီး ရေအောက်မြုပ်သွားတာ၊ အသက်ရှူတွေ ကျပ်လာပြီး လန့် နိုးတော့ တစ်ကိုယ်လုံးစောင်တွေနဲ့ လုံးထွေးနေတာပဲ”
ညီမ၏ အိပ်မက်ပေါင်းများစွာထဲက တစ်ခုဖြစ်သည်။ ညီမမြင်ခဲ့သော သစ်ရွက် ကလေးက ဘာသစ်ရွက်လဲ ဆိုတာ ညီမသိနိုင်လိမ့်မည်လား။

“တောင်ပေါ်တက်နေတဲ့ လမ်းတစ်လျှောက် မီးခိုးတွေဖုံးနေလိုက်တာ ဘာမှမမြင်ရဘူး၊ တောင်ကြီးကလည်း မတ်စောက်၊ မီးခိုးတွေဖုံးပြီးမမြင်မကန်းဖြစ်နေတော့အလဲလဲအပြိုပြိုနဲ့ ညီမတစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ၊  ဒါပေမဲ့ ညီမက ဆက်တက်နေတာပဲ၊ လန့် နိုးတော့ မောလိုက်တာ။ အိပ်မက်ထဲမှာတောင် တောင်ထိပ်နား မရောက်ခဲ့ဘူး”
သည်လို သည်းထိတ်ရင်ဖိုတွေလည်း ပါသေးသည်။ ညီမရောက်လိုသောတောင်ထိပ်နှင့် ဘယ်လောက်ဝေး ကွာ သေးသလဲ။ ညီမကိုယ်တိုင်ပင် မှတ်သားနိုင်ခဲ့ဟန် မတူပေ။
 
“ညတုန်းက အိပ်မက်ကတော့ ဆန်းတယ် မမရေ၊ ညီမတို့ မိသားစု က ဘုရားဖူး သွားတာတဲ့။ ပင်လယ်ကြီး ကိုဖြတ်ပြီးတော့သွားရတာတဲ့။ သွားရတဲ့ယာဉ် ကိုလည်းကြည့်ဦး၊ ဖောင်နဲ့ သွားတာတဲ့လေ၊ ဖောင်ပေါ်က လူတွေက သက်စွန့်ဆံဖျား အသည်းတထိတ်ထိတ်နဲ့  ပေါ့၊ ဒါပေမဲ့ ဘုရားဆီရောက်ဖို့ စိတ်ထဲမှာစောပြီး စိတ်အားလည်း ထက်သန်နေကြတယ်၊ တကယ်တမ်း ဘုရားဟာ ရှိကိုရှိရမှာပဲဆိုပြီး ဖောင်နဲ့ ဆက်တက်ဖို့  ပြင်တုန်းမှာပဲ လန့် နိုး သွားတာ”

ညီမ၏အိပ်မက်ပုံပြင်တွေကို ပြောရမည်ဆိုလျှင်တော့ ဆုံးနိုင်မည်မထင်ပေ။ ညီမကတော့အိပ်မက်အကြောင်း ဆိုလျှင်မြိန်ရေရှက်ရေ ပြောတတ်သည်။ တစ်ခါတုန်းကတော့ အိပ်မက်အကြောင်းပြောရင်းတစ်စုံ တစ်ခုကို သတိရသွားဟန်နှင့် အိပ်မက်အကြောင်းကို တိခနဲဖြတ်ရင်း ပြောဖူးသည်။
“ကြည့်စမ်း ညီမအိပ်မက်တွေထဲမှာ ဘယ်တော့မှ အလွယ်တကူ ဖြစ်သွားတာ၊ လိုတာရသွားတာ မရှိဘူးနော်၊ ခက်ခက်ခဲခဲ တွေကြုံရပြီး ဆန္ဒ မပြည့်ခင် လန့် နိုးသွားတာ ချည်းပဲ၊ ကံကြမ္မာကလေ အိပ်မက်ကိုတောင် ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် အနှောင် အဖွဲ.ကင်းကင်းနဲ့ အိပ်မက်မျိုး မက်ခွင့်မပေးဘူး”
သည်လို ညီမစကား ကြားရတော့လည်း ကရုဏာသက်စွာ ဖြေသိမ့်ရပြန်သည်။
“အိပ်မက်ဆိုတာ လက်တွေ.မှ မဟုတ်တာပဲ ညီမရယ်၊ သိပ်မစွဲလမ်းပါနဲ့ ။ နေ့ ခင်းဘက်မှာလည်း တစ်နေ ကုန်စာသင်၊ ညကျတော့လည်း တောင်စဉ်မရေရာ အိပ်မက်တွေကြောင့် အိပ်မရနဲ့  တော်တော်ကြာ နေမကောင်းဖြစ်နေဦးမယ်”

ညီမကသက်ပြင်းကို အလျင်ချသည်။ အိမ်ကလေးအောက်က ရေညိုနောက်နောက်တွေကို စူးစိုက်ကြည့်ရင်း လက်ချောင်းတွေကို တဖြောက်ဖြောက်ချိုးကာ ပြောသည်။
“ညီမက မစွဲလမ်းလည်း အိပ်မက်ကတော့ ဆက်မက်နေဦးမှာပဲ”

                                                         (ဂ)

ညီမတစ်ယောက် အိပ်မက်တွေအကြောင်းမပြောတာ နှစ်ရက်သုံးရက်ရှိပြီ။ ကလေး တွေကိုသင်္ချာတွက်ခိုင်း ထားသည့်အချိန်မျိုး၊ လက်ရေးလှရေးခိုင်းထားသည့်အချိန်မျိုးတွေမှာ သူ့ စားပွဲမှာထိုင်ရင်း ငေးမောနေတတ် သည်။ ညနေကျောင်းအဆင်းတွေမှာလည်း သင်ဖြူးဖျာခင်းအိပ်ရာပေါ် ငြိမ်ငြိမ်လေးလဲလျောင်းနေတတ် သည်။ အိပ်လို့ ပျော်မပျော်တော့မသိဘူးပေါ့။

ညီမကစကားမစတော့ ညီမငြိမ်ငြိမ်သက်သက်နေတာကို မနှောက်ယှက်လိုသဖြင့် စကားမစဖြစ်ပြန်ပေ။ ထိုရက်တွေအတွင်းမှာ ထိုရက်တွေအတွင်းမှာ ညီမအမြဲလိုအစောကြီးနိုးနေတတ်သည်။ အိပ်ရာနိုးပြီဆိုညီမ ကထမင်းချက်ထားတာကြောင့် ထမင်းချက်ထားတာကြောင့် ထမင်းကျက်နေတာဖြစ်ဖြစ်၊ငှဲ့ ကာနီးဆူပွက် နေတာပဲဖြစ်ဖြစ်ရှိနေပြီ။ ညီမကအိပ်မက်အကြောင်းမ ပြောတော့ပေမယ့် ဆန်နှစ်လုံးချက်ထမင်းကို တစ်ဝက် ခွဲကာ ညနေစာချန်ထားမြဲ၊ ကျန်တစ် ၀က်ကိုတစ်စိတ်ခွဲပြီး ညီတူမျှတူစားမြဲ၊ တပည့်လေးတွေခူးပေးသည့် ကန်စွန်းရွက်ကို အတွင် သာကြော်စားမြဲပင်။
“ညီမရယ်ကြည့်လဲလုပ်ပါဦး၊ မသေထမင်း မသေဟင်းဖြစ်နေပြီ။“
သည်လိုပြောတော့ ညီမက ‘အဟဲ’ ကနဲတချက်ရယ်ကာ “ညီမစားနိုင်ပါတယ် မမမြ၀ါးရုံရဲ့“ ဟုရယ်ကျဲကျဲပြောသည်။
 
ညီမအိပ်မက်အကြောင်းမပြောတာ သုံးရက်မြောက်သည့်နေ့ မှာတော့ မနေနိုင်စွာစကားစမိတော့သည်။
“ဘယ်လိုလဲညီမ၊ အိပ်မက်တွေမမက်တော့ဘူးလား“
ညီမက ‘ မက်ပါတယ် ‘ ဟုခပ်ဆိုင်းဆိုင်းပဲဖြေသည်။နောက်ထပ်စကားဆက်ဖို့ ညီမ မျက်နှာကို သေသေ ချာချာကြည့်မိ၏။ ဟုတ်လောက်ပါရဲ့ ၊ ညီမမျက်နှာတွေချေင်ကျနေသည်။အိပ်မက်ဆိုတာ နှစ်နှစ်ချိုက်ချိုက် အိပ်နေတုင်းမက်တာမှမဟုတ်တာ။ သည်လောက်အိပ်မက် တွေမက်နေမှတော့ ဘယ်မှာနှစ်နှစ်ချိုက်ချိုက် အိပ်လို့ ရတော့မှာလဲ။ စားတော့လည်း ထမင်း ဟင်းဖြစ်ရုံ၊ ညီမနဲ့ တော့ ဒုက္ခပါပဲ။
“ အိပ်မက်အကြောင်းဘာလို့ မပြောတာလဲ ညီမရဲ့ “
“မပြောချင်တော့ပါဘူး မမမြ၀ါးရုံရယ်၊ ပြောစရာ ကြည်နူးစရာပေါ့ပေါ့ပါးပါးအိပ်မက်မျိုး ဆိုရင်တော့ ပြောချင် မှာပေါ့။ အခုတော့…“
ညီမစကားမဆုံးခင်မှာဘဲ ၀ါးကနဲသမ်းသည်။ ညီမအိပ်ရေးပျက်လှပြီ။ ညီမ၏အိပ်မက်ဇာတ်လမ်းတွေကို တစ်ခန်းရပ်မှဖြစ်တော့မည်။ ငွေကြေးကိုမီးကုန်ရမ်းကုန် တိုင်းတာသုံးစွဲနေ သည့်ကြားထဲ အိပ်ရေးပျက်ပြီး ရောဂါဝင်လျှင်ပိုလို့ ဒုက္ခရောက်တော့မည်။ မဖြစ်ပါဘူး….ကြာလျှင်အိပ်မက်တွေအပေါ်စွဲလမ်းပြီး စိတ်ရောဂါ ပါရလာနိုင်သည်။ လိုရမယ်ရဆောင်ထားသောဆေးပုလင်းထဲမှာ ဆေးလုံးကလေးတွေအဆင်သင့် ရှိနေ သည်။ ဆေးလုံးတစ်လုံးကိုထုတ်ပြီးညီမကိုလက်ကမးပေးတော့ ညီမကလက်မလှမ်းပဲ မျက်လုံးဝိုင်းကြောင် တောင်တောင်နှင့်ကြည့်နေသည်။
“ရော့လေ ညီမ“
“ဘာလဲ“
“အိပ်ဆေးတစ်လုံးသောက်ပြီးအိပ်လိုက်၊ ဒါမှနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်မှာ။ နှစ်နှစ်ချိုက် ချိုက်အိပ်ပျော်ရင် ညီမရဲ့ တောင်စဉ်ရေမရအိပ်မက်တွေလည်း မက်တော့မှာမဟုတ်ဘူး။ ဒါမှအိပ်ရေးပျက်သက်သာမှာ။“
ညီမ၏လှမ်းလုလုလက်ကတွန့် ကနဲဖြစ်သွား၏။ ပြီးတော့မှစကားမဲ့စွာ ငေးရီရီကြည့် သည်။
 
“ရော့ - ယူလေ“
ညီမကခေါင်းကိုငြင်ငြင်သာသာယမ်းခါ၏။ ဖြည်းဖြည်းချင်းခေါင်းငုံ့ သွားပြီး နှစ် ယောက်သားကြားရရုံလေသံ နှင့်ပြောသည်။
“ပန်းအဖူးလေး ပွင့်လာပြီဆိုတဲ့အိပ်မက် မက်ပြီးတော့မှပဲ ဒီဆေးကိုသောက်မယ်နော် မမမြ၀ါးရုံ“
 
မျက်လုံးတွေဆတ်ကနဲဝိုင်းသွားတာ၊ တစ်စုံတရာအာမေဍိတ်ထွက်ဖို့ မေ့သွားတာ၊လက်ထဲရှိဆေးလုံး ကလေးက ၀ါးခင်းကြမ်းပြင်မှတဆင့် အိမ်အောက်ကရေညိုနောက်နောက် တွေထဲခုန်ဆင်းသွားတာ၊ ဒါတွေအားလုံးကို ညီမသတိထားမိရဲ့ လားတော့မပြောတတ်ပါ။


ထွန်းတိမ်လွှာမဂ္ဂဇင်း
နိုဝင်ဘာလ၊ ၁၉၉၂






Labels: 0 comments | | edit post
Reactions: 
အိပ်မက် မက်နေတာမှန်းသိသိခြင်း အပြင်မှာမိုးရွာနေတာကိုလည်း သတိထားလိုက်မိသည်။ ပြီးတော့ပြုံးမိ၏။ မြမြနှင်းက အကြီးအကျယ် အိပ်မက်မက်တတ်သူတယောက်ပင်။ အိပ်မက် မမက်ခဲ့ဘူးသောညဆိုတာမရှိဘူး ထင်သည်။ တခါတရံမှာတော့ အိပ်မက်တွေမက်နေတာကို သဘောကျသလိုလို။ အိပ်မက်ဆိုတော့လည်း အစီအစဉ်မကျရောက်ချင်သည့်နေရာတွေရောက်၍ မြင်ချင်ရာမြင်၊ ဖြစ်ချင်ရာဖြစ်သွားသည်။ တခါတလေ လက်တွေ့ ဘ၀မှာ စဉ်းတောင်မစဉ်းစားမိသည့်အရာတွေ အိပ်မက်ထဲရောက်လာတတ်တော့ ထူးဆန်းပြီး သဘောကျ သလိုလိုပင်။ ဒါပေမယ့်ညစဉ်ရက်ဆက်အိပ်မက်များနှင့် နပန်းလုံးရသည့်ရက်ရှည်လာတော့ အပြင်မှာပါမောပန်း လာသည်။ အိပ်ရာထဲဝင်ဖို့ အရေး အိပ်မက်မက်မှာကိုတွေးကြောက်လာသည်။


ပြီးခဲ့သည့်ငါးရက်လောက်ကမက်သည့်အိပ်မက်ထဲမှာ ဖေဖေ့ကိုတွေ့ သည်။ ဖေဖေ့ကိုအိပ်မက်ထဲမှာ
တွေ့ရတိုင်း မြမြနှင်းဆီမှာရှိသည့် တစ်ပုံထဲသောဓါတ်ပုံထဲကအရွယ်အတိုင်း နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် အရွယ်ချည်းပင်။ မျက်ခုန်းထူထူ၊ ဆံပင်ပွပွ၊ မျက်နှာသွယ်သွယ်။ ပင်ကိုယ်မျက်နှာထားတည်ပေမယ့် ပြုံးရယ် လိုက်လျှင်တော့ ပကတိပွင့်လင်းသွားသော နှစ်လိုဖွယ်မျက်နှာကိုမြင်ရမြဲပင်။ ရှိုက်သံလေးစွက်၍ အဆုံးသတ်
တတ်သောဖေဖေ့ရယ်သံတွေကလည်း အိပ်မက်တိုင်း၌ မပြောင်းလဲ။
Labels: 1 comments | | edit post
Reactions: 
                                                        photo by Wathan
 
သောကြာတစ်ရက် အပြင်မထွက်ပဲ
စနေညနေဖက် ဟိုဟိုဒီဒီလျှောက်တော့
လမ်းထိပ်က ချယ်ရီပင်ကြီး ပင်လုံးကျွတ်ပွင့်နေပုံက
မျက်လှည့်ပြသလို ဗြုန်းကနဲ။
 
အဲဒီညနေမှာပဲ
အရွက်မမြင်ရအောင်ပွင့်တဲ့
အမည်မသိ အဖြူရောင်ပန်းတွေရဲ့
အံ့မခန်းစုံညီမှုကို ငေးမောခဲ့။
 
တနလ်ာမနက်ထင်ပါရဲ့
ငါလျှောက်ခဲ့တာ ဒီလမ်းမှဟုတ်ရဲ့လား
အပွင့်မဲ့ပန်းများနဲ့သစ်ပင်က
မှင်တက်ဝေဝါးစေပြန်တယ်။
 
ငါတို့ရော...
ဘယ်နှစ်ကြိမ်ဗြုန်းကနဲ ပွင့်ခဲ့ကြပြီးပြီလဲ
ဘယ်နှစ်ကြိမ် ဝုန်းကနဲကြွေခဲ့ကြပြီးပြီလဲ
နောက်ထပ်ဘယ်နှစ်ကြိမ်.....
ဘယ်လောက်များများ ထပ်ဖူးကြဦးမှာလဲ။
Labels: 0 comments | | edit post
Reactions: 
                                                                                                    Photo by Wathan

အခုတလော ကျမမက်သည့်အိမ်မက်တွေက ကျမကြီးပြင်းခဲ့ရာရွာကလေးနှင့် ငယ်သူငယ်ချင်း တွေ အကြောင်းများချည်းဖြစ်နေတတ်သည်။ ကျမကရွာကလေးဟုသုံးစွဲတတ်ပေမယ့် တကယ် တော့ ကျမတို့  ရွာက ကျေးရွာအုပ်စုရွာကြီးတစ်ရွာဖြစ်သည်။ ကျမအထက်တန်းကျောင်းသူ ဘ၀မှာပင် အိမ်ခြေ ၈၀၀ ကျော်ရှိသည်။ တိုးချဲ့ ရပ်ကွက်သစ်တွေထပ်တည်ပြီးသည့် ခုချိန်မှာ တော့ အိမ်ခြေ ၁၀၀၀ကို တော်တော်ပင် ကျော်လောက်ပြီ။ ကျမတို့ ငယ်ငယ်က အိမ်ရှေ့  တာလမ်းမှာအော်ရောင်းသည့် အသား ငါးနှင့် ဟင်းသီးဟင်း ရွက်သည်များထံမှသာ ၀ယ်ခြမ်း စားသောက်ရပေမယ့် ခုတော့ ရွာမှာဈေးတန်းနှင့်ဖြစ်နေပြီတဲ့။ ကျမ၏ငယ် သူငယ်ချင်းတွေက ရွာ့ မျက်နှာဖုံးသူဌေးတွေ၊ ကျေးရွာအထက်တန်းကျောင်းကော်မတီတွေ၊ ဘုရားဂေါပက တွေ ဖြစ်နေကြပြီ။
               
                 ငယ်ငယ်ကတော့ ကျမတို့ တတွေ တစ်ယောက်အိမ်တစ်ယောက်ကုးသန်းလည်ပတ်ခဲ့ ကြသည်။ အလှတို့ အိမ်မှာ ဘက်ထရီအိုးနှင့်ဖွင့်သောကက်ဆက်ရှိသည့်အပြင် အလှ၏အမ မခင်ဌေးက ရန်ကုန်မှာ ကျောင်းသွားတက်သူမို့  နောက်ဆုံးပေါ်သီချင်းခွေတွေ နားထောင် ရသည်။ တကယ်တော့ ကျောင်းမှာ ကျမ နှင့်ကပ်လျှက်ထိုင်သောအလှက သီချင်းခွေအသစ် ထွက် လာလျှင် အတန်းထဲမှာမိတ်ဆက်ဆိုပြထားပြီးသား။ အလှကနံမည်နှင့်လိုက်အောင် လှပြီး သီချင်းဆိုလည်း အတော်ကောင်းသည်။ အတန်းအားချိန် များတွင် ကျမ တို့ ကိုသီချင်း ဆိုပြ လေ့ရှိသည်။ သူဆိုပြသောသီချင်းများထဲမှ ကျမနားထဲစွဲ သွားသောသီချင်းဆိုလျှင် ကျမ ကဘယ်သူဆိုတာလဲ၊သီချင်းနံမည်ဘာလဲမေးတော့သည်။သူကအဆိုတော်နံမည်နှင့် သီချင်းနံမည်ကို ပြောပြ ပြီး “ငါ့အိမ်မှာလာနားထောင်ပါလား“ ဟုပြောတတ်သည်။ စနေ တနဂ်နွေကျောင်းပိတ်ရက်တွေဆို ကျမက သူတို့ အိမ်အလည်သွားကာ သီချင်းနားထောင် တတ်သလိုနေ့ လည်မုန့် စားဆင်းချိန်တွေမှာ အလှနှင့်လိုက်၍ မကြာခဏထမင်းစားဖူးသည်။ အလှတို့ အိမ်က ချမ်းသာတော့ အမြဲလိုလိုဟင်းကာင်း ချက်သည်လေ။
Labels: 0 comments | | edit post
Reactions: 
 
                                                           Illustrated by Than Htay Maung

မ ။      ညဥ့်နက်သန်းကောင်ကြီးမှာ
          လရောင်တွေရုတ်တရက်လင်းဖြာလာတယ်ထင်လိုက်မိတာ
          တကယ်က… ရှင်ကျမကို နမ်းလိုက်တာပဲ။


ကျား ။  ဟုတ်တယ်။
          တခါလေမှာ
          အနမ်းတပွင့် မင်းမျက်နှာပေါ်ကြွေကျလာခြင်းဟာ
          မင်းကမ္ဘာမှာ လမင်းတစင်းဝင်းပသွားသလို
          အေးမြတဲ့အလင်းအင်အားနဲ့  ခရီးသွားနိုင်တယ်။

မ။      အေးမြတဲ့အလင်းနဲ့ ခရီးသွားရခြင်းက
         ပင်ပန်းမှုတွေကို လျော့ကျပြီး ခရီးတွင်စေတဲ့အတွက်
         အဲ့ဒီခရီးစဉ်မှာ ကျမတစ်ယောက်ထဲ မဖြစ်သင့်ဘူး။

ကျား။  အလင်းရောင်ဆိုတာမျိုးက
         တစ်ယောက်ထဲ
         စုပ်ယူသုံးစွဲလို့ ကုန်သွားနိုင်တာမဟုတ်တော့
         မင်းလိုအပ်သလောက်အဖော်တွေနဲ့ ခရီးဆက်ပါလေ။
         ငါကတော့ မင်းရဲ့ အပါးမှာ၊ ဖ၀ါးခြေရာထပ်ရှိပါ့မယ်။

မ။      ကျမတို့ တတွေ.. စိတ်တူသူခြင်းစုဝေးပြီး
         လက်တွေကိုမြဲမြဲတွဲလို့ 
         ချစ်မေတ္တာလရောင်ထဲမှာ ခရီးသွားကြမယ်။
         ညည်းညူသံ တစ်စုံတရာကြားရတဲ့ဆီ ဦးတည်ပြီးသွားကြမယ်။
         ညည်းညူသံဆိုတာမျိုးက
         လိုအပ်ချက်ရှိသူတွေဆီကသာ ကြားရတတ်တယ်လေ။

ကျား။  လိုအပ်ချက်ရှိသူတွေရှိရာ ရောက်ပြီဆိုရင်တော့
         ငါတို့ရဲ့ နှုတ်ခမ်းတွေနဲ့ 
         ညည်းညူနေသူတွေရဲ့နဖူးကို ထိနမ်းလို့
         လရောင်ဖြန်းတဲ့ အေးချမ်းမှုမျိုး သူတို့ကိုခံစားရစေမယ်။

မ။      ကျမတို့ရဲ့ အပြုံးတွေ၊ စကားလုံးတွေကသာ
         သူတို့ဝေဒနာတွေကို ပြေလျော့စေမယ်ဆိုရင်
         မိုးသောက်မှ နေ၀င်သည့်တိုင် ပြုံးလို့
         သူတို့ကို စိတ်နှလုံးရွှင်လန်းစေမယ်။

ကျား။   ငါတို့ရဲ့လက်တွေကို သူတို့လက်တွေနဲ့ ပေါင်းယှက်ထားလို့
          အင်အားတွေ ကူးယူဆပွားပြီး
          သူတို့ရှေ့ဆက်ရမယ့်ခရီးမှာ၊ ယာဉ်ရထားပမာ အသုံးဝင်စေမယ်။

မ။      ကျမတို့ဆီမှာ ရှိတဲ့ အစားအစာတ၀က်ဟာ
         သူတို့အတွက် ရိက္ခာဖြစ်စေရမှာပေါ့၊
         တဦးကို တဦး ကိုယ်ချင်းစာစိတ်နဲ့
         အစာအိမ်ရဲ့တ၀က်ကိုဖြည့်ကြမယ်။

ကျား။  မေတ္တာတရားတို့နဲ့အတူ
         ကောက်နှံစပါးတချို့ ကိုလည်း သယ်ဆောင်သွားစို့ရဲ။့
         သူတို့ညွှန်ပြတဲ့နေရာမှာ ရေတွင်းတူး
         သူတို့ရဲ့စူး၊ ဆောက်၊ ဂေါ်ပြားနဲ့  မျိုးစေ့များ ပေါင်းဆုံတဲ့အခါ
         သူတို့အနာဂါတ်ဟာ ပိုပြည့်စုံလာလိမ့်မယ်။

မ။     ချစ်ခြင်းမေတ္တာအရင်းခံခြင်းဟာ
        အရာအားလုံးရဲ့ အစပါပဲ။
        ကိုယ်ချင်းစာစိတ်ကလေး နည်းနည်းစွက်မှ
        အသက်ရှင်ရခြင်းက အဓိပ္ပါယ်ရှိတော့မပေါ့။

ကျား။  အေးမြမှုအင်အားတွေဖြာကျလာစေမယ့် အနမ်းလတစ်စင်းကို
         တကယ့်လမင်းအစစ်နဲ့ ထိပ်တိုက်တွေ့ခိုင်းလိုက်တော့မယ်။
         လရောင်အောက်မှာခရီးထွက်ပြီး
         လိုအပ်ချက်ရှိသူတွေဆီ ဦးတည်သွားဖို့အတွက်
         အ၀င်းပဆုံးလရောင် မဖြန်းခင်လေးမှာ
         အနမ်းတစ်ပွင့် ပေးပါရစေဦးကွယ်။
(ဇူလိုင် ၂၂၊ ၂၀၁၀)
Labels: 1 comments | | edit post
Reactions: 
                                                                                                 Illustrated by Wathan

Labels: 1 comments | | edit post
Reactions: 

 Pittsburgh Snow Brings Childhood Memories



                                                          Photos by Than Htay Maung


As it was too cold to settle into the night’s sleep, I reminisced about a poem by the celebrated poet, Kyi Aye about a girl who could not sleep. And I looked out of the window. Here and there was snow, and snow, and snow. Everything, all white with snow. The black-and-white landscape of the night made me feel more lonesome. And I retired to bed, my mind wandering through all places that I have known.
The sound—I heard it soon as my back touched the bedding—the sound of water flowing. It could not be rain; I had just looked out the window. And there was nothing in the bedroom to spill and flow. Considering all this, I could only make one conclusion: it came from inside of me!
The sound was not like the sounds from a pleasant creek, nor was it harsh like those from the angry sea. It was not as forceful as those from a waterfall, either.  Just rhythmic with sporadic rapidity as when a stream passes an eddy. Sometimes it hissed as if it passed over an obstacle.
Suddenly, I realized that it was the sound of the creek in the little village where I grew up. Then, I began to forget the discomforts of a sleepless night.
The current is a little high as the inlet departs from the sea. The impact from the sea makes the creek agitated. The creek, as if it were girl, will not be pleased with the intrusion of the outside current that crashes in without entreaty. Yet, the girl-creek has to give in. With rushing currents the girl-creek responds with harsh stamping. The foreign water flows in. Though it might have been resistant, the little creek begins to wear a smile. She knows that the handsome incoming water brings in good things for the people. The sweet-talking stranger makes enticing rhythms in the sound of waves.  And the girl-creek melts.  It is for the good of her friends, the people.




The incoming currents flow in some twigs, even some trunks of fallen trees. They are valued by villagers for making fire.  Men and women alike come in boats to fetch the floating wood. It usually is a happy occasion. They come in groups: families, youngsters, a mother and her son, or a father with his daughter, or even some in boats large enough to collect a handsome amount. The collected wood is good for the whole year for a family and even earns some surplus for sale.
There is another gift that the creek brings in. It is very attractive to children. Its shape is round and it is dark brown in color. It is the offspring of a certain mysterious tree, the shape or color of which is unknown to the villagers.  Nor do they know the region where is grows.  However, they make a wonderful missile ["doe" in Burmese] for children in their game of pitch.  Children fetch such fruits, called “gon-nyin,” fervently whether they are shrunken or sumptuous.  Then, they give their gathering to the elders.
The elders then crack the hard outer covering, mince the sharp-smelling seed inside it, and conserve it in sugar that is boiled to a thick consistency.  Though of baseless belief, it is said to do good for girls. Each of girl-visitor is given some “gon-nyin-yo,” the medicinal jam.  It is fondly shared among families with a number of women folks. Sometimes in summer, I would buy “gon-nyin-yo” from hawkers passing my house in the city.
I don’t know what good it does to girls, yet I eat it with yearning for the days past when children ardently collected them in boats.  In fact, whether it be medicinal or not, it does give us some refreshment of fond memories.  In that way it is a kind of medicine.




Together with twigs, wood, and “gon-nyin,” the currents of the rainy season bring chunks of crude oil. The crude oil can be seen from afar as it has an oily film floating around it on the surface of the water.
While boating for “gon-nyin,” we children take a break, tying our boat to a protruding tree branch on the river. Though our hands and bodies rest our eyes did not. Soon as we catch sight of something that could possibly be a chunk of crude oil, we call out that we were the ones who saw it first.
Because most of the inhabitants of our little village make their living in fishery, most of us own boats. We heat the oil chunks in an old pot when the rains come. We apply oil to the boats that brought the oil in.  Thus the boats become more durable and protected.  Some use the oil for their houses as well.
Houses with oil-coated wooden walls can stand strong weathering, the oil we feed to the walls prevents them from rotting in the rain. Because it is so important to protect the walls we feed them more oil and whatever is leftover is used to polish the floor.
We use rags in applying oil to the floor.  We soak one end of the rag with oil and cover it with the end that does not have oil. Then we rub it against the floor, over and over again until the floor becomes bright and shiny. Lying on the polished floor, we had wonderful time listening to stories told by Grandma. It was so delightful that I find myself unable to compare it to any other time in my life. Grandma tells stories until she had no more stories she could think of.  So we play telling Grandma’s stories to each other.
We children sometimes put characters of stories in wrong places.  The half-bird, half-human mythical heroine of the much-loved romance, “Dwe-me-naw“  became the legendary lady who bore many sons and daughters, “Shin-mway-lun.”  Mr. Tiger went with Mr. Rabbit into the forest to fetch thatching that happened to be on the grounds where Mr. Rabbit (another Mr. Rabbit) competed running with Mr. Tortoise in our re-told tales.  Our beloved Grandma, who fell asleep while telling stories, woke up and chuckled at our absurdity.  She corrected our mis-tellings.
Lying on the cool floor, I gaze at the moon hanging in the fork of the palm tree, and say: “How beautiful is the Moon, Grandma!” I say it on each and every night the moon is full.  And each time, Grandma raises her head abruptly and says: “Oh! It sure is.”
Young and callow as I was, I can only now appreciate the value: the values of the cool floor I loved lying on, the boating trip to collect the raw oil chunks that were heated and applied on the floor, the stories Grandma told, the beautiful odor of scented wood from Grandma, and the moon that Grandma raised her head to.
These romantic attributes of life are the underlying qualities that put us where we are today.
Now in Pittsburgh, I lie down on a spring mattress and I glimpse the snowy landscape from the nearby window.  I can feel tenderness and warmth when my feet touch the carpeted floor.  And the room is scented electronically with the smell of a certain flower I know well.



However….
Underneath is not the oil-polished floor that I used to love.
Nor is the Moon resting at the fork of the palm tree branches.
And no bedtime stories from Grandma.
None of the lovely aroma of “karamek” the scented wood Grandma used for cosmetics.
And…
No more was the “sound and blissful” sleep that I used to know…
…but had not learned to value…
…until now.

Translated by Tharr Tett Toe                                                                                 www.sampsoniaway.org
Labels: 0 comments | | edit post
Reactions: 
                                                                            Photo by Wathan

ချမ်းချမ်းစီးစီး ညလည်ခေါင်ကြီးတွင် အိပ်ပျော်ဖို့ ကြိုးစား၍မရသောအခါ ကြည်အေးကဗျာကိုသတိရမိသော်
လည်း ရွတ်ဆိုဖို့ စိတ်မပါတော့ပြန်။ ပြတင်းပေါက်မှဟိုဟိုဒီဒီငေးကြည့်မိပြန်တော့လည်း မြင်သမျှက နှင်းများ
ဖြင့်ဖွေးဖွေးဖြူနေလေသည်မို့  အချမ်းပိုရသည့်အပြင် အဖြူအမည်းပန်းချီကားနှင့်တူသောဆောင်းညက ဘ၀ အလွမ်းကိုပင် အားပေးပိုကဲစေပြန်သည်။ ဒီတော့အိပ်ရာဆီပြန်လှည့်၊ထုံးစံအတိုင်းစောင်ထူထူအောက်မှနေ၍
ဂြိုလ်ကမ္ဘာနေရာအနှံ့  စိတ်ဖြင့်လည်ပတ်လွန်းထိုးဖို့ ကိုသာရွေးချယ်ရတော့သည်။
                        အိပ်ရာနှင့်ကျောထိမိလိုက်တာနှင့် ထိုအသံကိုကြားလိုက်ရတာဖြစ်သည်။ ရေစီးသံ။ ခုနပဲ ပြတင်းပေါက်မှအကြည့်ခွာခဲ့တာမို့ အပြင်မှာမိုးရွာနေတာလည်းမဖြစ်နိုင်။ အိမ်ခန်းထဲမှာလည်းမှောက်ကျယို
စီးစရာ ဘာမှမရှိတာသေချာသည်။ ဖြစ်နိုင်ခြေအားလုံးကိုတွက်စစ်ပြီးကာမှထိုရေစီးသံကို ကျမခန္ဒာကိုယ်ထဲမှ ကြားနေရတာပဲဟု ကောက်ချက်ချနိုင်သည်။
Labels: 0 comments | | edit post
Reactions: 
                                                           အရာင်ရှာသူ
 
photo by Than Htay Maung

အံကြိတ်အာခံနေမိတာက
ရက်စက်သောအအေးဒဏ်
ညှို့ငင်ဖမ်းစားခြင်းခံနေရတာက
ကဝေဆန်သောနှင်း။

ရင်သပ်ရှုမောဖွယ်အဖြူထဲ
အဝါလေးဖျတ်ကနဲခုန်အဆင်း
လှပ်ကနဲခံစားမှုနဲ့ဖမ်းယူ
စိတ်လှုပ်ရှားသူတစ်ယောက်ရဲ့အတွေး
အရောင်နွေးနွေးတွေဆီသွား
နှစ်ချိုက်စွာစားသုံးရန်။

သမုဒ္ဒရာပြာပြာရဲ့တစ်ဖက်
အဝါသက်သက်ထဲမှာပျော်ဝင်ရစဉ်
ကောင်းကင်ပေါ်ကဝေ့ဝဲကျလာတဲ့
အေးမြမှုတွေထဲတိုးဝှေ့
ပျော်မွေ့ရင်ခုန်စွာ
(အဲဒီတုန်းကတော့) ကိုယ်ကအဖြူရှာသူ။

အဖြူနဲ့အဝါ
နေပျော်ရာပဟေဠိ
ပုထုဇဉ်ပီပီ ညှိယူရမယ်ဆိုတော့လဲ
အသည်းနှလုံးရှိရာမှာပဲပျော်မှာပေါ့။

ကိုယ့်နှလုံးသားဟာ
အဖြူအဝါ  ကွဲပြားနေပေမယ့်
နှောင်ဖွဲ့သောကြိုးများက ရှင်ကွဲခွဲ
ဦးတည်ရာတွေလွဲချော်
နတ်ဒေဝတာများသော်မှ
အဲဒီလိုဘပြည့်ပါ့မလား။

ပစ္စက္ခမှာတော့
အသည်းနှလုံးပြုတ်ကျပျောက်ဆုံးနေသူတစ်ယောက်
အဖြူထဲမှာလျှောက်
အဝါနောက်လိုက်နေရင်း
ကိုယ်ရောင်လင်းသော နတ်မင်းတစ်ပါးပါးနဲ့
ခရီးသွားလမ်းကြုံတွေ့
ကိုယ်စီပျော်မွေ့သောအရောင်တွေအကြောင်း
နှစ်ထောင်းအားရစကားဖလှယ်နိုင်မယ့်အခွင့်အရေး
တွေးပြီးရင်းတွေးနေရဲ့။

   February 14, 2010
    Labels: 0 comments | | edit post
    Reactions: 
                                       ပီတိ သစ်ပင်

    ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။

                “ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ”
                  အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။
    “ဒီ ပီလောရွက်တွေကလည်း သူ ထင်းခွေထွက်ရင်း ခူးလာတာလေ။ ငါ့မြေးက အဲဒီလို အသီးအရွက်ရှာတာလည်း တော်တယ်။ အိမ်မှာတို့စရာမရှိတာတို့ ဟင်းရည်သောက်မရှိတာတို့ဆို သူ့ကိုသာ ပြောလိုက်။ သူ အပြင်ထွက်သွားပြီး ဆယ့်ငါးမိနစ် နာရီဝက်ကြာလို့ ပြန်လာရင် တို့စရာမျိုးစုံနဲ့ ဟင်းချိုချက်ဖို့ တခုခုတော့ ပါလာတာပဲ”
    အဲဒီတုန်းကတော့ အဘွားက ကျွန်မကို ထန်းတက်လက်မှတ် ပေးနေမှန်းမသိခဲ့ပါ။ တကယ်တော့လည်း ကျွန်မတို့လို ကျေးလက်တောရွာမှာနေသူတွေအဖို့ တို့စရာ၊ မြှုပ်စရာ၊ ဟင်းချိုခပ်စရာရဖို့က ခက်ခက်ခဲခဲ မဟုတ်ပါ။ ဒါပေမယ့် အဘွားက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်၊ အမေကကျတော့ ကျွန်မတို့နေသောရွာနှင့် အတော်လှမ်းသော ရွာတရွာမှာ မူလတန်းကျောင်းအုပ်ဆရာမ တာဝန်ကျသည်မို့ ထိုရွာမှာနေရသည့် အချိန်က များသည်။ မောင်နှင့် ညီမကလည်း ငယ်ရွယ်သေးသော အရွယ်တွေမို့ ကျွန်မက အိမ်မှာ ဒိုင်ခံရှိနေသော အဘွား၏လက်ရုံးလို ဖြစ်နေသည်။ ဒါ့အပြင် ကျွန်မက တကိုယ်တည်း အတွေးနှင့်နေရတာ ကြိုက်သူမို့ ရွာနောက်ဘက်ရှိ စိုက်ခင်းများဘက်သို့ တယောက်ထဲ လမ်းလျှောက်ရင်း ဟင်းရွက်ရှာနေရတာ၊ ထင်းခွေနေရတာမျိုးမှာ ပျော်ပိုက်သည်။ တချို့နေ့တွေဆို ရွာရှိ တွဲဖက်အလယ်တန်းကျောင်းက ဆင်းသည်နှင့် ကျောင်းဝတ်စုံကိုလဲကာ ထမင်းအိုးထဲမှ ထမင်းလက်တဆုပ်ခူး၊ ကိုယ်တိုင်လုပ်ထားသော ဝါးရိုးငါးမျှားတံကိုဆွဲပြီး အိမ်နောက်ဖေး ချောင်းနံဘေးပြေးဆင်း၍ မမှောင်မချင်း ငါးမျှားနေရတာကိုလည်း ကြိုက်ပြန်သည်။ ငါးမျှားရတာကို သူများအသက် သတ်ရတာမို့ အဘွားက သိပ်မကြိုက်ချင်ပေမယ့် ကျွန်မ မျှားထားသော ငါးများက မိသားစုအတွက် မကြာခဏ ဟင်းလျှာဖြစ်ရတာမို့ ငါးမျှားတိုင်းတော့လည်း မတားပြန်ပါ။
    Labels: 0 comments | | edit post
    Reactions: 
                                                                                            ဓါတ်ပုံကို အင်တာနက်ကယူပါသည်။

    အဲဒီ့နေ့က နှင်းမုန်တိုင်းလည်းမကျပါဘူး။ ရေခဲမိုးလည်း မရွာပါဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ဆန်ဖရန် စစ်စကိုကပစ်စ်ဘတ်ကိုသွားမယ့်လေယာဉ်ကတစ်နာရီနောက်ကျမယ်တဲ့။ ကျမနည်းနည်းတော့ စိတ်ညစ်သွား တယ်။ ပုံမှန်အတိုင်းတောင်လေယာဉ်ကပစဘတ်ကိုည၁၀နာရီခွဲမှဝင်မှာ။ အဲဒီအချိန်ဆိုရင် တော့ taxi ဖြစ်ဖြစ် Shuttle Bus ဖြစ်ဖြစ်စီးသွားလို့ရသေးတယ်။ ရသေးတယ်ဆိုတာစီးရဲသေးတာကို ပြောတာပါ။ ကျမတို့မှာကား မရှိဘူးလေ။ ခုအတိုင်းဆိုရင်တော့လေယာဉ်ကအနည်းဆုံး ၁၁နာရီခွဲလောက် မှဝင်မယ်။ baggageထုတ်မှာနဲ့ဆို ၁၂နာရီ။ သက်ပြင်းလည်းမချချင်တော့ပါဘူး။ ကျမဘ၀မှာ ဒီလိုအခက် အခဲဆိုတာကရိုးနေပြီလေ။
                 San Francisco Asian Art Museumမှာကျင်းပနေတဲ့ ထိုင်း-မြန်မာအနုပညာပြပွဲမှာ မြန်မာစာရေး ဆရာတယောက်ရဲ့ Reading ထည့်ချင်တယ်ဆိုပြီး Museum ကဖိတ်လို့ကျမလာခဲ့တာပါ။ Reading မှာ‘NightFlow”(ညရေစီး)ဆိုတဲ့ကျမရဲ့ဝတ္ထုတိုတစ်ပုဒ်ဖတ်ခဲ့တယ်။ ကျမရဲ့မိတ်ဆွေဦးအောင် အောင်တိတ်အင်္ဂလိပ်လိုဘာသာပြန်ပေးပြီး သူငယ်ချင်းနယူးဇီလန်စာရေးဆရာမ Penelope Toddတည်း ဖြတ်ပေးခဲ့တာပါ။ကျမရဲ့ကိုရီးယားသူငယ်ချင်းရာဟီဒေါက်(RaHeeDuk) ပြောခဲ့တဲ့စကားလေးကိုသဘော ကျပြီးစိတ်ကူးရသွားတဲ့ ၀တ္ထုလေးတပုဒ်ပေါ့။
    Labels: 0 comments | | edit post
    Reactions: 
    I was sitting on the sofa one Sunday morning when the phone rang. I didn’t want to get up. I just wanted to do nothing. I finally grabbed the phone, and it was Ko Kyaw Shwe, a friend also lives in Pittsburgh.“I’ve been so busy with my work and personal problems, that this is the first chance I’ve had to call,” he said.
    His voice was indeed tired. I asked him whether he was sick; “Unhappy,” he said. “I had sent a video camera to Burma with a trustworthy person. My younger brother took the camera and shot video at a relative’s ahlu (a ceremony to collect offerings for monks). He was arrested because he didn’t have license to take video. Now he is in detention center!”
    Oh my God! I thought. In Burma people even don’t have the freedom to take video at a relative’s ahlu? “Is the situation really that bad, Ko Kyaw Shwe?” My voice shook.
    “I must tell you, it’s worse than that,” he voice was trembling, too. “My village in upper Burma has 70 or 80 houses. We typically plant bean and sesame, and after the harvest, we have ahlu. My small village used to busy the whole year. But now, the village is a ghost town. The farms have been seized; land owners are landless. My other younger brother is included in those who have had their land confiscated.
    “As you know up-country is so hot you can’t farm after 10 a.m. People get up early and go to farm as early as 3 or 4 a.m. Before the sun becomes a torch at 9 or 10 a.m., the farmers come back home. At about 5 in the evening, when the heat relents, they go back and farm for another four or five hours, then call it a day…That’s how our lives have been forever.
    “But these days, army units have been posted at villages. The Union Solidarity and Development Association’s Swan Arrshins (who are backed by the military government) harrass the villagers. Now, women who go to the fields early or come home late are raped. Rebellious men who respond back are reported or waylaid. The villagers don’t dare go to the fields. The village has become as a cemetery.”
    I murmured “Oh God!” throughout the whole phone conversation. What was happening in Burma? People used to help others, and make friends so easily. The villages used to reverberate with the rhymes of saing (Burmese orchestra) and drums. Burmese used to say that blood is thicker than water, but now they are bullying each other, filing complaints against each other, becoming informants and sending their fellow villagers to jail.
    Most Burmese are poor and uneducated. They don’t realize that the government is playing “divide and conquer.” In this situation, people are oppressed by government-created loathing and suspicion. If people are fighting among one another, they have no time to consider the issues facing the nation as a whole.
    The inability to associate freely prevents people from looking at the real situation and agreeing on a response. People are adrift in a sea of trouble.
    As I learn more about what’s happening in Burma, I yearn to change life for the people there, and end my pleasant, lazy Sundays here in Pittsburgh.

    Translated by San San Tin
    Labels: 1 comments | | edit post
    Reactions: 

    One Saturday morning while I am walking around my new Pittsburgh neighborhood, I buy a human-sized mirror for a dollar at a yard sale. My sons buy toys and a dinosaur—only 50 cents for each!
    Walking in the streets where colorful flowers are blooming, wandering in the park where there’s a playground, going to the yard sale where I can buy quality goods at low prices, I always think it be very great if my relatives and friends were with me now. Whenever I arrive at a pleasant and joyful place, I see my friends from Burma in my mind’s eye and I am overwhelmed by yearning. My happiness becomes incomplete.
    Before I go to bed, I check my e-mail and end up spending the whole night at the computer. Nighttime in the United States is daytime in Burma, isn’t it? While chatting with a friend from Sanchaung (a middle class township in Rangoon division), she informs me that her mother-in-law has passed away.
    “What happened?” I ask, and then my heart aches as she tells me the story.
    After a rainstorm in Rangoon, the waters flooded for hours. Nobody maintains the drainage system, so the water can find no way out. The roads become ponds. Beneath the ponds are sidewalks that were built in British colonial period over 100 years ago. Some are broken, some are cracked, some have holes.
    My friend’s mother-in-law was coming back from the market early that morning. The rain was neither light nor heavy. She stepped on the broken sidewalk and just disappeared. Three days later, her body was found blocking the mouth of a canal where it flowed into the Rangoon River. I can’t stop thinking about how many have died in such tragedies.
    Another friend e-mails “Hello.” He is working at an NGO and frequently takes trips to countryside. He is younger than me, so he starts his e-mail with the traditional address to an older woman: “Ahma,” he writes, “I can’t stand it anymore.”
    “What’s the matter?” I ask.
    He doesn’t beat around the bush: “People are starving in the villages.”
    “Really?”
    I have to wait for his reply; he is typing for a good while. At last his reply shows up, long and painful. “The weather is chaotic; the prices of seeds, fertilizer, and cultivation are all expensive. At the same time that farmers are facing these difficulties, the regime seizes their land so that they become landless farmers. If someone complains about the situation, he is arrested. So people suffer painfully in silence. People don’t have enough food and they are being suppressed. They are angry; they are living in hell.”
    Just reading his words, so full of evil pain, I wonder if he is writing in tears. I am suffering, too, since I don’t know how to console him.
    On Saturday I get a chance to talk with my mother through gTalk. I ask about her neighbor.
    “She doesn’t live here anymore,” my mother replies. “She is going back to her village.”
    I am surprised and worried. Her neighbor often suffers heart problems and has to be rushed to the clinic or a hospital. There are no clinics, no hospitals and no medical doctors in the village. If she has a heart problem, what will she do?
    I share my worries, but my mother says, “Even if she stays in Rangoon, she doesn’t have money for medical expenses. If she gets ill and is hospitalized, the hospital can provide only the bed, she has to buy everything else. Since she can’t afford to go to a clinic or hospital, living in a village is less expensive. She says she’ll just sit and wait for the day of death.”
    I have no words to say. I can only feel sad. What can I do?
    Then I think about my friend informing me about death of her mother-in-law, and how many have died because of lack of money for medical treatment.
    And I think about how many have been waiting for the day they have to die.

    Translated by San San Tin 

    www.sampsoniaway.org


    Labels: 0 comments | | edit post
    Reactions: