Illustrated by Than Htay Maung 
 ဒီလိုပြောမယ်ဆိုရင် 
နားလည်နိုင်ကြပါ့မလား 
‘ငါက လွမ်းတတ်သူ’ 
ငယ်သူတို့ရဲ့ နာရီများ 
သွေးထွက်သံယို စတင်ခြင်းများ 
မှောင်မိုက်သော နေ့နှင့်ညများ 
ရင်ကွဲလုလု ဟစ်ကြွေးသံများ 
ခိုလှုံခွင့်မရခဲ့သော လရောင်များ 
အဖြူရောင် အိပ်မက်များ 
အနီရောင် မျက်ရည်များ 
အားလုံးဟာ
လွမ်းတတ်မယ်ဆိုရင် 
ကြေကြေကွဲကွဲ လွမ်းလောက်ရဲ့။
အလွမ်းဟာ  ငါ့ဝေဒနာ 
အလွမ်းဟာ ငါ့အားမာန် 
အလွမ်းဟာ ငါ့ရဲ့ 
မြုံနေတဲ့ 
တစစ်စစ်ကိုက်ခဲနာနေတဲ့ 
အခံရခက်စွာနဲ့ပဲ မကုစားနိုင်တဲ့ 
နှလုံးသားရဲ့ ပြည်တည်နာ 
ဦးနှောက်ရဲ့ ဝဋ်နာကံနာ 
အဲဒီအလွမ်းကိုခံစားနိုင်တာတခုနဲ့ပဲ 
ငါက ဂုဏ်ယူနေရတာ 
ခံစားတတ်သူ 
နာကျည်းတတ်သူလေ 
ငါ့ရဲ့ ရှင်သန်ခြင်းထဲမှာ။ 
◄ ခက်မာ ►

