1. 2.

Photo by Aung Aung (DVB)


အမေရိကအရှေ့ ပိုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲမှာ ပစ္စဘတ်လို့ ခေါ်တဲ့အလွန်လှပသာယာတဲ့မြို့ တမြို့ ရှိပါတယ်။ အနိမ့်အမြင့်မညီညာ တဲ့တောင်ကုန်းတောင်တန်းတွေကမြို့ကိုဝန်းရံထားတယ်။ အဲဒီတောင် ကုန်း တောင်တန်းတွေကိုဖြတ်သန်းစီးဆင်းလာတဲ့အလဂနီမြစ်နဲ့ မိုနိုဂဟီ လာမြစ်နှစ်စင်းက မြို့ရဲ့နှလုံးသားနေရာ မှာပေါင်းဆုံကြပြီး အိုဟိုင်းယိုး ဆိုတဲ့နံမည်သစ်နဲ့နံမည်ကျော်မစ်စစ္စပီမြစ်ကြီးဆီဆက်လက်စီးဆင်းသွားတယ်။ မြစ်သုံးသွယ်ဖြတ်စီးသွားတဲ့ မြို့ရဲ့ပိုင်နက်နယ်မြေတလျောက်မှာ ဒီဇိုင်းအမျိုးစုံပြီးထောင်နဲ့ချီတဲ့ သံမဏိ တံတားကြီးတွေက မြို့ ရဲ့ ထူးခြားတဲ့ အမှတ်အသားအဖြစ်ဝင့်ကြွားနေကြတယ်။ 
Labels: 2 comments | | edit post


မနှစ်ကဆောင်းတွင်းမှာ ကျွန်မတော်တော် စိတ်ဓါတ်ကျခဲ့သည်။ အသက်အရွယ်ကြောင့်လား၊ ရာသီဥတုနှင့် နေရာထိုင်ခင်းအပြောင်းအလဲကြောင့်လားမသိတော့မသိပါ။ စိတ်တွေအုံ့မှိုင်းနေခြင်းကစခဲ့ပြီး တဖြည်းဖြည်း မြင်သမျှ အလိုမကျဖြစ်လာသည်။ နောက်တော့ညဖက်တွေမှာပါ အိပ်မပျော်ဖြစ်လာကာ လူ့ဘ၀မှာ ဘာကြောင့်များ အသက်ရှင်နေရတာပါလိမ့်ဟုတွေးမိစပြုလာသည်။ ဒီကြားထဲ ခါးဆစ်ရိုးနှစ်ခုကြားမှာ ကူရှင် သဖွယ်ခံထားသည့် အရွတ်ကလက်သည်းခွံ လောက်ကလေးကျွံထွက်လာသဖြင့် ခါးကအမြဲလိုနာနေခဲ့တာ လပေါင်းများစွာကြာနေသည်။ ဆေးတွေသောက်လည်း ခဏသာသက်သာပြီးပြန်နာလာသည်။ လောလော ဆယ်ခါးရိုးထဲ ဆေးထိုးထည့်ပြီး စောင့်ကြည့်နေသည့်ကာလဖြစ်သည်။ ဆေးဒါဏ်ကြောင့် လူကအားနည်းပြီး လောလောဆယ်အချိန်အထိ ခါးအနာကလည်းရာနှုန်းပြည့်ပျောက်မသွားသေးသဖြင့် စိတ်ညစ် ညူးရပြန် သည်။ သေချာတာကတော့ ကျွန်မ မပျော်မရွှင်ဖြစ်နေတာပင်။ ဤသို့မပျော်မရွှင်ဖြစ်နေချိန်မှာ ဆရာကိုတာ ၏ “သူငယ်ချင်းများနှင့်စကားစမြည်ပြောခြင်း“ စာအုပ်ကိုဖတ်မိကာ “ဘ၀၌ မြိန်ခြင်း”ဟူသော စကားလေးကို အရသာတွေ့မိသည်။ အရသာတွေ့မိသည်ဆိုခြင်းက ဘ၀ဆိုတာ မြိန်သင့်သောအရာပါ တကားဟု ဆင်ခြင် သိမြင်လာခြင်းသာဖြစ်သည်။ ကျွန်မက ဘ၀၌ရာနှုန်းပြည့်မြိန်ယှက်နေသူတစ်ယောက်ဟု သတ်မှတ်လို့ 
တော့မရ သေးတာသေချာနေပြန်သည်။
     သို့သော် ဘ၀မှာဘာကြောင့်များအသက်ရှင်နေရပါလိမ့်ဟုစဉ်းစားမိနေချိန်တွင် “ဘ၀၌မြိန်ခြင်း“ဟူသော စကားလုံးအပေါ်အရသာတွေ့မိခြင်းကအလွန်တန်ဖိုးရှိသောအခိုက်အတန့်ကိုပိုင်ဆိုင်ခွင့်ရသွားသည်ဟု ပြော ရမည်။ကျွန်မကဘ၀မှာမြိန်စရာကောင်းခြင်းဆိုတာလေးတွေကိုစဉ်းစားရှာဖွေလိုစိတ်ပေါက်သွား၍ ဖြစ်သည်။ အကယ်၍ဘ၀မှာ မြိန်စရာရှာမတွေ့ဘူးဆိုတောင် ဆရာကိုတာ၏စာများအတွင်းမှ တရုတ်ကြီး ‘ချင’်လို၊ ဆရာကိုတာလို ဘ၀၏ ပျော်စရာအခိုက်အတန့်များတော့ ကျွန်မမှာအနည်းနှင့်အများရှိမှာပဲဟု တွေးမိသည်။ သည်တော့ ကျွန်မဘ၀ထဲမှပျော်စရာ အချိန်လေးတွေကိုရှာဖွေကြည့်ချင်စိတ်ပေါက်သွားသည်။

                                                   ~ ~ ~ ~ ~ ~
Labels: 2 comments | | edit post
သရုပ်ဖော် ပန်းချီ ချောအိသိမ်း


သူတို့ နှစ်ယောက်ချစ်ခဲ့ကြတာ ကလေးသာသာဘ၀များထဲကဖြစ်သည်။ ညပေါင်းများစွာလမ်း လျှောက်ရင်း သူတို့ စကားဝေဖြာခဲ့ကြသည်။ သိပ်အရေးတကြီးမဟုတ်လှသော စိတ်အခန့် မသင့်စရာတစ်ခုဖြစ်ပြီးနောက် မှာတော့ သူတို့ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ မေရီသည်လေးလေးနက်နက်မစဉ်း စားပဲ သူမ,ချစ်သည်ဟုထင်သူတစ်ယောက်ကိုလက်ထပ်လိုက်သည်။ ဘီလ်ကတော့မိန်းမဆိုတာကို ခါးသည်း သွားပြီး ခြေဦးတည့်ရာခရီးနှင်တော့သည်။



                                                                                                                                (သရုပ်ဖေါ် ပန်းချီစံမင်း)
မှတ်မှတ်ရရ ၂၀၀၈ နှစ်လည်လောက်မှာ ကျွန်မခါးနာနေတာကို သတိထားမိသည်။ ဆရာဝန်ပြလည်း ခဏတော့ သက်သာသလိုသလိုရှိကာ လုံးလုံးတော့မပျောက်ပြန်။ ဒီတော့ဆရာဝန်က အမျိုးသမီးရောဂါ တစ်ခုခုနှင့် ဆက်စပ်နေမလားတွေးကာ သားဖွားမီးယပ်အထုးကုနှင့် ပြကြည့်ဖို့ တိုက်တွန်းသည်။ ဒါနှင့်ပဲ သားဖွားမီးယပ်အထူးကု ပါမောက္ခ ဒေါက်တာကျော်ညွန့်နှင့် ပြဖြစ်သည်။ ဆရာကြီးက ကျွန်မကို ဓါတ်မှန်ရိုက်ခိုင်းသည်။ ခါးနာတာနှင့် ပတ်သက်သော သဲလွန်စ မရပါ။ သားအိမ်ထဲက အသားစကို စစ်ခိုင်းပြန်သည်။ ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်သည်ပဲ ပြောရမလား၊ ယုန်ထောင်ကြောင်မိလို့ပဲ ဥပမာ ပေးရမလားမသိပါ။ ခါးနာတာနှင့် မပတ်သက်သော အမျိုးသမီးရောဂါ တစ်ခုတွေ့သည်။ ထိုရောဂါကို ဆက်ကုရင်း ခါးနာတာကုဖို့က နောက်ဖက်ရောက်သွားသည်။ ၂၀၀၉  မှာ အမေရိကားကို ထွက်လာတော့ ခါးနာရောဂါက တန်းလန်း ကြီးပါလာသည်။
Labels: 2 comments | | edit post





ကမ္ဘာ့အရှေ့ခြမ်းအာရှနိုင်ငံတခုမှ ကမ္ဘာ့အနောက်ခြမ်းအမေရိကကို နာရီပေါင်းများစွာ ဖြတ်သန်းခရီးနှင်ခဲ့ပြီး အမေရိကအရှေ့ပိုင်း၏ မြေပြင်ပေါ် ခြေချခိုလှုံလိုက်ရချိန်မှာတော့ ၂၀၀၉ ၏ ပန်းစုံပွင့်သောနွေဦးနှင့်အတူ 
ဖော်ရွေနွေးထွေးသောမြို့ သူမြို့ သားများက ကျမတို့ကိုကြိုဆိုခဲ့ပါသည်။
       ထိုဖော်ရွေနွေးထွေးမှုများကြောင့်ပင်ကျမ၏မိခင်မြေအကြောင်းမိတ်ဆက်ပြောပြဖို့ မတွန့်ဆုတ်ခဲ့ခြင်းက  ကျမအတွက်အခွင့်အရေးတခုဖြစ်ခဲ့သည်။ကမ္ဘာ၏တခြားဖက်ခြမ်းမှအာရှနိုင်ငံငယ်လေးတခုက အမေရိကနှင့် ဘယ်ရွေ့ဘယ်မျှကွာခြားကြောင်းပြောပြခွင့်ရခဲ့သည်။ မတူခြားနားသောယဉ်ကျေးမှုများအတွင်းမှမတူခြားနား သောတန်ဖိုးများကိုတွေ့ရှိခံစားနိုင်ခဲ့ခြင်းနှင့် ထိုမတူခြားနားမှုများအကြောင်းကို စာများမှတဆင့်ဝေငှနိုင်ခြင်း ကကျမအတွက် ကျေနပ်ဖွယ်ဖြစ်သည်။
Labels: 0 comments | | edit post







ဆရာဦးမိုးဟိန်းဘာသာပြန်ပေးခဲ့တဲ့ ကဗျာ

Labels: 0 comments | | edit post
ဆရာဦးမိုးဟိန်း ကွယ်လွန်ပြီ ဆိုသည့်သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ အိမ်တွင် ကျမ တယောက်ထဲ ရှိနေသည်။ “ဟာ” ခနဲ ရေရွတ်မိသံက အိမ်ထဲမှာ ဟိန်းထွက်သွားပြီး ကိုယ့်အသံကို ကိုယ့်ဘာသာပြန်လန့်သွားသည်။ သတင်းကိုဖတ်ရင်း ကျမ မျက်စိထဲတွင် အင်မတန် ဖြူစင်အေးချမ်းသော ဆရာ့အပြုံးတွေ၊ အလွန်ရိုးသားယဉ်ကျေးသော ဆရာ့စကားသံတွေကို တသီတတန်းကြီး မြင်ယောင်၊ ကြားယောင်လာသည်။ “နှမျောလိုက်တာ၊ နှမျောလိုက်တာ” ဟု ကျမ တယောက်ထဲ တတွတ်တွတ်ရွတ်နေမိသည်။

         ဆရာကိုယ်တိုင်ရေးထားသော ဆောင်းပါးတပုဒ်ကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ အဲဒီသတင်း ဖတ်မိစဉ်တုန်းကလည်း ဖြစ်မှဖြစ်ရလေဆရာရယ် ဟု တတွတ်တွတ် ရေရွတ်ခဲ့ရသည်။ အနှစ်၂၀ ကျော် သတ်သတ်လွတ်စားလာသည့် ဆရာ၊ ရှစ်နှစ်ကျော် ရှစ်ပါးသီလဥပုသ်နှင့်နေလာခဲ့သည့် ဆရာ့မှာမှ ဒီရောဂါကဖြစ်ရသတဲ့။ အင်မတန် ရိုးသား၊ ယဉ်ကျေး၊ သိမ်မွေ့ပြီး စိတ်ကောင်းရှိသည်ဟူသော ကောင်းသည့်နာမဝိသေသနများစွာ ပိုင်ဆိုင်သော ဆရာ့ထံမှာ ကင်ဆာရောဂါငြိတွယ်လာခြင်းအတွက် ဘာကိုမှန်းမသိ ကျမ ဒေါသ ဖြစ်ခဲ့ရသည်။ ကံကြမ္မာဆိုတာကြီးကို လူတယောက်လို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ချင် စိတ်ပေါက်ခဲ့သည်။ ဖြစ်ချင်တော့ ဆရာ့ရောဂါသတင်းကြားရချိန်မှာ ကျမက ဆရာ့ကို ပြေးတွေ့၍မရအောင် ဝေးလံသောနေရာမှာ ရောက်နေခဲ့သည်။

Labels: 0 comments | | edit post