မြန်မာပြည်က နာဂစ်ဆိုက်ကလုံးကြောင့် ဆုံးရှုံးရတဲ့ အပျက်အစီး
ကျမရဲ့ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုကကဗျာဆရာမနဲ့ဂျာနယ်လစ်အဒစ်ဆာ ( Adisa Basic) က ကျမကိုမေးတယ်။“အမေရိကားမှာဘယ်လိုအရာတွေကမင်းရဲ့မိခင်မြေကိုလွမ်းaအာင် အလုပ်နိုင်ဆုံးလဲ”တဲ့။ကျမကချက်ခြင်းပဲတုန့်ပြန်မိပါတယ်။“မြင်သမျှအရာအားလုံးပါပဲ” လို့။
တကယ်ပါ။ အမေရိကားဟာ နေ့စဉ်ကိစ္စတွေမှာ လူတွေကိုအင်မတန်လွယ်ကူ သက်သာစွာဖြတ်သန်း နေထိုင်နိုင်အောင်ဖန်တီးပေးထားပါတယ်။ ကျမရဲ့မိခင်မြေမှာ နာရီပေါင်းများစွာစောင့်ဆိုင်းပြီး ပင်ပန်းကြီးစွာလုပ်ရတဲ့အလုပ်တွေကို ခလုပ်လေးတစ် ချက်နှိပ်ရုံနဲ့ပြီးမြောက်စေပါတယ်။အဲဒီလိုရုပ်ဝတ္တုပစ္စည်းအရတိုးတက်မှုတွေနဲ့လွယ်ကူ
စေတာကိုမြင်ရတိုင်း ပင်ပန်းတကြီးရှင်သန်ကြရတဲ့ ကျမတို့ပြည်သူတွေကိုသတိရမိပါ တယ်။ တဦးကိုတဦးလေးစားတန်ဖိုးထားတဲ့ ဒီကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအဆင့် အတန်းမြင့်မှုတွေကို မြင်ပြန်တော့လည်းပင်ပန်းဆင်းရဲတဲ့ ရပ်တည်ရှင်သန်ရမှုကြောင့် တဦးကိုတဦးမုဒိတာမထားနှိုင်ကြတော့ရှာတဲ့ ကျမတို့ပြည်သူတွေအကြောင်းကခေါင်း ထဲရောက်လာမိပြန်တာပါပဲ။ ဒူးလောက်ပေါင်လောက်မြင့်တဲ့နှင်းထုတွေကြားမှာဖြတ် သန်းရင်း ခြေလက်တွေကခံစားမှုကင်းမဲ့တော့မတတ်အေးခဲထုံကျင်နေချိန်မျိုးမှာတော့ အသားတွေလောင်မတတ်ပူပြင်းတဲ့ မိခင်မြေဆီအတွေးရောက်ရပြန်ပါရော။ များသော အားဖြင့် ကျမရဲ့မိခင်မြေအလွမ်းတွေဟာ ကျမကြီးပြင်းခဲ့ရာနိုင်ငံနဲ့မတူတာတွေအပေါ် အခြေခံတတ်ပါတယ်။