နိုင်ငံတကာကပူးပေါင်းပါဝင်ခဲ့ကြတဲ့ စာရေးဆရာ၊ကဗျာဆရာ ရှစ်ယောက်
နေရောင်ဝင်းဝင်းအောက်မှာမြင်ရတဲ့
Baltimore ကိုတော့ကျမဖျတ်ကနဲကြိုက်လိုက် မိပါရဲ့။ သစ်ပင် တွေကစိမ်းစိမ်း၊ နွေဦးချယ်ရီတွေရဲ့ဆွဲဆောင်မှုကြောင့် လားတော့ မသိ။
နေရောင်ဝင်းဝင်းကလှည့်စားတော့ ကျမကခပ်ပါးပါးအနွေးထည်ကလေးနဲ့ပဲ Baltimore မြို့လည်ဝန်းကျင်
လမ်းလျှောက်လှည့် လည်ကြည့်ရှုကြ မယ့် Walking Tour ထဲပူးပေါင်းပါဝင်မိပါတယ်။ အမေရိကရဲ့ရွေ့ပြောင်းနေထိုင်သူ(immigrant
) အများဆုံးရှိတဲ့မြို့ကြီးတွေထဲကတမြို့ဖြစ်တဲ့ ဘာလ်တီမိုးရ်က လေတဟူးဟူးတိုက် ပြီးကျမတို့ရဲ့စူးစမ်းလိုစိတ်နဲ့ခံနိုင်ရည်ကိုစမ်းသပ်ပါတော့တယ်။
ဘာလ်တီမိုးရ်မြို့ခံ
ဖြစ်တဲ့ Charles B. Duff, Developer & planner and great
living authority on Baltimore’s architec ture and development ကကျမတို့လမ်းလျှောက်လှည့် လည်မှုခရီးစဉ်ကို
ဦး ဆောင်ရှင်းလင်းပြခဲ့ပါတယ်။ ခုနှစ်တွေ၊ကိန်း ဂဏန်းတွေ၊ အဖြစ် အပျက်တွေကိုအလွတ်ရနေတဲ့
ချာလီ ကအင်မတန်စကားပြောကောင်းသူပါ။ Baltimore ရဲ့ အတိတ်အဖြစ်အပျက်တချို့ကိုပြန်ပြောနေတဲ့
သူ့စကားတွေထဲမှာ သူ့မြို့၊ သူ့လူမျိုးနဲ့သူ့ community ကိုအလေး အနက်ထားတဲ့စိတ်ကိုထင်ထင်ရှား
ရှားမြင်ရပါတယ်။ ချာလီက ၁၉၆၂ ခုနှစ်ဝန်းကျင်မှာ လူဖြူလူမည်းခွဲခြားရေး အတွက် ဘာလ်တီမိုးမြို့
အတွင်း မှာဆောင်ရွက်ခဲ့မှုတွေကိုလည်းပြောပြခဲ့ပါသေးတယ်။
အဲဒီကာလကရည်ရွယ် ချက်တခုဖြစ်တဲ့ “to protect white neighbourhoods, to prevent the races from mixing” ဆိုတဲ့အသုံးအ နှုံးကို ကြားရတော့ ကျမမကြာ ခဏ ခံစားရတတ်တဲ့ ဘာကိုမှန်းမသိအနေခက်မှုကိုခံစားလာရပါတယ်။
အဲဒီကာလကရည်ရွယ် ချက်တခုဖြစ်တဲ့ “to protect white neighbourhoods, to prevent the races from mixing” ဆိုတဲ့အသုံးအ နှုံးကို ကြားရတော့ ကျမမကြာ ခဏ ခံစားရတတ်တဲ့ ဘာကိုမှန်းမသိအနေခက်မှုကိုခံစားလာရပါတယ်။
ကျမအမေက တိုင်းရင်းသားကရင်လူမျိုးဖြစ်ပြီး
အဖေကအင်အားကြီး ဗမာ လူမျိုးပေမယ့်ကျမတို့ မောင် နှမတတွေက ဗမာရွာမှာကြီးပြင်းခဲ့တာပါ။
အဖေနဲ့တူတဲ့ အတွက် ကရင်လို့မထင်ရတဲ့ကျမ ရုပ်ရည်ကြောင့်လားမ သိ၊ ကျမရဲ့ဗမာသူငယ်ချင်း
တွေဆီက
ပြည်တွင်းစစ်ရဲ့အဆက်အဖြစ် ကရင်တွေရန်ကဗမာတွေကိုကာကွယ်ရေး တရားတွေဟောတတ်ပါတယ်။ ကျမအမေရဲ့အမျိုးကရင်တိုင်းရင်း
သားတွေကလည်း ကရင်လူမျိုးတယောက် ဗမာတဦးနဲ့အိမ်ထောင်ကျတိုင်း ဗမာသွေးနှောရပြီရယ်လို့
နာကျည်းသလိုအတင်းပြောတတ်ပါတယ်။ နှစ်ဦးနှစ်ဖက်က အဲဒီလိုစကားတွေကြား ရတိုင်း ကျမက ဘာကိုမှန်းမသိအားနာ
တာလိုလို အနေခက်ရတဲ့ခံစားမှုခံစား ခဲ့ရပါ တယ်။ ဗမာတစ်ယောက်အနေနဲ့ ကရင်တွေရန်ကကာကွယ်ဖို့ဆိုတဲ့စကားက မမှန် ဘူးလို့မပြောနိုင်သလို ကရင်တယောက်အနေနဲ့လည်း ဗမာနဲ့သွေးမနှောရေးဆိုတာ
(
အဲဒီကာလက) အမျိုးသားရေးတခုလိုဖြစ်နေတာကိုး။ ဒါပေမယ့် ကရင်ဗမာသွေး
နှောခြင်းရဲ့အသီးအပွင့်တခုအနေနဲ့မွေးဖွားလာတဲ့ကျမရဲ့ဖြစ်တည်မှုဟာ ဘယ် သူ့ကို မှအနှောက်အရှက်မဖြစ်စေခဲ့ဘူးဆိုတာတော့ကျမယုံကြည်ပါတယ်။ အနည်းဆုံးတော့ ကျမဟာလူမျိုးရေးမှာသွေးခွဲသူမဟုတ်ခဲ့ဘူး။ ကျမကိုယ်ကျမ
ကရင်လို့ပြောဖို့အမြဲ မတွန့်ဆုတ်ခဲ့သလို ဗမာဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူခဲ့ပါတယ်။
“လူဖြူဝန်းကျင်ကိုကာကွယ်ရေးနဲ့ သွေးနှောမှုမှတားဆီးရေး”
ဆိုတဲ့စကား ကိုနားထောင်မိမယ့် လူဖြူ လူမည်းသွေးနှောသူတွေဟာ ကျမလိုအနေခက်ခြင်းကို ခံစားရလေမလားသိချင်စိတ်ပေါ်မိခဲ့တာအမှန်ပါ။ လူ မျိုးရေးနဲ့ဆက်နွယ်တဲ့ကျွန် စံနစ်ကြောင့် ပြည်တွင်းစစ်
ဖြစ်ခဲ့ရတဲ့အမေရိကန်မှာ လူမျိုးရေး issue အများဆုံးဖြစ်ခဲ့ တဲ့ ၀ါရှင်တန်ဒီစီ၊နယူးယောက်တို့နဲ့အပြိုင်
ဘာလ်တီမိုးလ်ကလည်းပါခဲ့ဆိုသကိုး။ ၁၉၄၄ အထိ လူဖြူလူမည်းရပ် ကွက်ရယ်လို့ သီးခြားခွဲခံခဲ့ရသေးပါတယ်တဲ့။
အဲဒီအတွေးက ဘာလ်တီမိုးရ်ရဲ့ပြိုလဲကျဆုံးမှုတွေဆီရောက်သွားချိန် မှာမေ့လျော့ ခံလိုက်ရပါတယ်။ ၁၉၈၀ ၀န်းကျင်မှာရွေ့ပြောင်းနေထိုင်သူအများဆုံးဖြစ်တဲ့မြို့ကြီး
တွေထဲကတမြို့ဖြစ်တဲ့ဘာလ်တီမိုးဟာ
လွန်ခဲ့တဲ့၁၀နှစ် လောက်ကစပြီးစတင်ပြိုလဲ လာခဲ့တယ်။ အလုပ်အကိုင်ရှားပါးမှုကြောင့် လူတွေဟာစက်ရုံအလုပ်ရုံတွေရှိတဲ့
မြောက်ဖက်ပိုင်းကိုရွေ့ပြောင်းအခြေချနေထိုင်ခဲ့ကြတယ်။ ဘာလ်တီ မိုးမြို့ပေါ်မှာ လူ မနေတဲ့အိမ်ပေါင်း
၁၅၀၀၀ ကျော်ရှိပါသတဲ့။ အဲဒီအိမ်အလွတ်တွေကိုမြို့ခံတွေဘာ ဆက်လုပ်ကြမလဲ။ လှပတဲ့ ဘာလ်တီမိုးရ်ရဲ့သိပ်မဝေးတဲ့
အနာဂါတ်ဟာ ဘယ်လိုများ ရှိနေမလဲဆိုတာ ကတော့ ကျမရဲ့ ပုဂ္ဂိုလ်ရေးအရသိချင်ခဲ့တဲ့မေးခွန်းတွေပါပဲ။
* * *
ဒီခရီးစဉ်မစခင်မှာ
ကျမစိတ်အ၀င်စားဆုံးခရီးက နယူးအော်လန်းစ်ပါ။ ကမ္ဘာ့တိုင်း
ပြည်အားလုံးအာရုံစိုက်ခဲ့ရတဲ့
ကက်ထရီနာမုန်တိုင်းဒါဏ်ခံခဲ့ရတဲ့ဒေသကို ကျမ ကြည့်ချင်စိတ်ပြင်းထန်ခဲ့ပါတယ်။ တကယ်တန်း
နယူးအော်လန်းကိုရောက်တော့ မုန်တိုင်းဒါဏ်ခံဒေသကိုမရောက်ခင်မှာပဲ နယူးအော်လန်းကကျမကိုအမြင်
နဲ့တင် ဆွဲဆောင်ပါတော့တယ်။ ၀င်းပတဲ့နေခြည်၊ စိမ်းလန်းအုံ့ဆိုင်းနေတဲ့သစ်ပင်တွေနဲ့ လေ ထဲ
မှာမွှေးပျံ့နေတဲ့ပန်းရနံ့တွေက ကျမကိုမိခင်မြေပေါ်မှာရောက်နေသလို ခံစားမှုမျိုး
ပေးခဲ့ပါတယ်။
ငါး၊ ပုဇွန်၊ဂဏန်းလိုပင် လယ်စာတွေပေါပေါများမြင်နေရတာကလည်း
မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်မှာကြီးပြင်းခဲ့တဲ့ကျမကို
အလွမ်း နဲ့ပျော်ရွှင်စေပြန်ပါတယ်။
ကက်ထရီနာမုန်တိုင်းဒါဏ်ထိခဲ့တဲ့ နယူးအော်လန်းကိုအခြေခံပြီး Treme ဆိုတဲ့တီဗီစီးရီးကို ရိုက် လွှင့်နေတဲ့ အမေရိကန်ဒါရိုက်တာ
David Simon ရဲ့ ရိုက် ကွင်းကို မုန်တိုင်းဒါဏ်ခံဧရိယာဆီသွားမကြည့်ခင် ရောက်ခဲ့ပါတယ်။
နယူးအော်လန်း မြို့လည်က နံမည်ကျော် French Quarter နဲ့မဝေးလှတဲ့ လမ်းမတခုပေါ် မှာလူတွေ ကအပြည့်ပါပဲ။
မတ်တပ်ရပ်စောင့်နေသူတွေ၊ရိုက်ကွင်းကပေးတဲ့ ရေ၊ အအေး နဲ့ သွားရေစာတွေကို တန်းစီယူနေသူတွေနဲ့စည်ကားနေပါတယ်။
သူတို့အားလုံးဟာ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် လူတွေပါ။ အများစုကလူမည်းတွေပါ။
ကျမတို့အဖွဲ့ကိုကြိုဆိုတဲ့ ရိုက်ကွင်းရဲ့ တာဝန်ရှိသူအမျိုးသမီးကို ‘ ဒီလူတွေကို ဘယ် လိုစုသလဲ’
လို့ ကျမက မေးကြည့်မိပါတယ်။ “ ကျမတို့မှာ သရုပ်ဆောင်စုဆောင်းရေး ဌာနရှိတယ်လေ။ အဲဒီဌာနက
ဇာတ်ကားထဲမှာသရုပ်ဆောင်ဖို့စိတ်ဝင်စား တဲ့သူတွေ ကိုရှာပေးတယ်။ သူတို့အားလုံးကို ပိုက်ဆံပေးတယ်။”
လူပေါင်းများစွာသေကြေပျက်စီး၊ အိုးအိမ်တွေဆုံးရှုံးခဲ့ရတဲ့
သဘာဝဘေး ဒါဏ်ကြီးတခုကို အခြေခံ ရိုက်ကူးထားတဲ့ Treme စီးရီးကို New York Times မဂ္ဂဇင်းရဲ့ဝေဖန်ရေးကဏ္ဍမှာ
the series as a sign of the city's inextinguishable ရယ်လို့ဖော်ပြခံခဲ့ပါတယ်။ အဲဒီတီဗီစီးရီုးဖန်တီးရာနေရာရောက်
တော့လည်း ကျမအတွေးက ကျမတိုင်းပြည်၊ ကျမလူမျိုးတွေဆီပြန်မရောက်ပဲ မနေ နိုင်ပြန်ပါဘူး။ ဒီဇာတ်ကားကိုရိုက်ဖို့အတွက် ဒေးဗစ်ဆိုင်မွန်ဟာ
နယူးအော်လန်းဒေ သခံဂီတပညာရှင်၊ ဒေသခံစာဖိုမှုး ၊ ဒေသခံရှေ့နေတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါသတဲ့။
၂၀၀၈ ခုနှစ်မေလ မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်စ်မုန်တိုင်းဟာ ကက်ထရီ နာမုန်တိုင်းလောက်နီးနီးပြင်းထန်ပြီး
ကက်ထရီနာကြောင့်သေဆုံးရသူပမာဏထက် အဆပေါင်းများစွာသေဆုံးခဲ့ ရတဲ့အပြင် လူပေါင်းသန်း
ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမုန်တိုင်းဒါဏ်ခံဒေသနဲ့ ဒုက္ခသည်တွေ
အကြောင်းက တော့ဖြင့် ခုလိုတခမ်းတနားရုပ်ရှင်ရိုက်ကူး မှတ်တမ်းတင်ခံရဖို့နေနေသာသာ မုန်တိုင်းဒါဏ်ခံခဲ့ရ
သူဒေသခံတွေရဲ့ အခြေအနေမှန်ကိုတောင်စာနဲ့ပေနဲ့ပြန်လည်ဝေငှခွင့်မရှိခဲ့ပါဘူး။ ဒါ့အပြင်
မုန်တိုင်း ဒါဏ်ခံ ဒုက္ခသည်တွေကိုကူညီခဲ့သူပေါင်းအယောက် ၃၀လောက် အဖမ်းခံခဲ့ရပြီး တ၀က်ကျော်ကျော်
ဟာအခုချိန်ထိ မြန်မာပြည်တွင်းက မတူတဲ့ထောင်
တွေထဲမှာရှိနေပါသေးတယ်။
Treme ဆိုတဲ့တီဗီစီးရီးကို ရိုက်လွှင့်နေတဲ့ အမေရိကန်ဒါရိုက်တာ
David Simonနဲ့ စာရေးဆရာများ
Disaster Bus Tour အတွက်ကမ်းခြေတနေရာမှာလူစုကြတော့မုန်တိုင်း ဒါဏ်ခံဒေသကိုသွားရောက်လေ့လာကြဖို့တန်းစီနေတဲ့လူအုပ်ကြီးကိုတွေ့ရပါတယ်။ တန်းစီရပ်ထားတဲ့ဘတ်စ်ကားတွေ
ပေါ်မှာလူတွေက အပြည့်။ ဂက်တီစဘတ်ဂ် Battlefield Tour မှာတုန်းက ကျမခေါင်းထဲရောက်ခဲ့တဲ့
အတွေးကတကျော့ပြန်လာ ပါတယ်။ သူတို့တွေက အနိဌာရုံအဖြစ်အပျက်ကနေတောင်ငွေပြန်ရှာတတ်ကြတယ် လို့လေ။
ကျမတို့မြန်မာပြည် ကစာရေးဆရာနဲ့ ဂျာနယ်လစ်စ်တွေက စာပေစီစစ်ရေး ကိုရှောင်ကွင်းနိုင်မယ့်နည်းလမ်းပေါင်းစုံကိုစဉ်းစားပြီး
မုန်တိုင်းဒါဏ်ခံရပြီးလို့ ၃ နှစ်
ပြည့်သွားသည်ထိ ကိုယ်ပိုင်ခဲ့တဲ့အိမ်ကလေးကိုပြန်မဆောက်နိုင်သေးတဲ့ဒေသခံတွေ ရဲ့လက်ရှိအခြေအနေကိုတင်ပြနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားနေချိန်မှာ ကက်ထရီနာမုန် တိုင်းကတော့
ဒေသခံတွေကိုငွေပြန်ရှာပေးနိုင်နေပါပြီ။
* * * *
ခရီးစဉ်ရဲ့အစမှာနယူးအော်လန်းကိုစိတ်အ၀င်စားဆုံးဖြစ်ခဲ့ပေမယ့်
ကျမကို အပျော်ရွှင်စေခဲ့ ဆုံးကတော့ အတ်ချဖလာယာဘေစင် ( Atchafalaya Basin) အတွင်းလည်ပတ်ခဲ့တဲ့ခရီးပါပဲ။
စက်လှေစီးပြီးလျှောက်ကြည့် ရမယ်ဆိုကတည်းက ကျမစိတ်လှုပ်ရှားနေမိပါပြီ။ ရေနဲ့လှေဆိုတာ
ကျမဘ၀ထဲကချန်လှပ်ထားခဲ့လို့ မရတဲ့ အရာတွေပါ။
ကျမရဲ့ငယ်သူငယ်ချင်းအများစုဟာတံငါသည်သားသမီးတွေဖြစ်ပါတယ်။ကျမကသူတို့
နဲ့အတူရေကူးရင်း သူတို့လှော်တဲ့လှေစီးရင်း၊ သူတို့သင်ပေးသလိုငါးမျှားရင်း ငယ်ဘ၀ ကိုပျော်ရွှင်စွာ
ဖြတ်သန်းခဲ့ရပါတယ်။ ကျမရဲ့ယောက်ျားလေးငယ်သူငယ်ချင်းတွေက မူလတန်းအောင်တာနဲ့ တရားဝင်ငါးရှာသူတွေဖြစ်ကုန်ကြပါတော့တယ်။ သူတို့အိမ်
တွေအလည်သွားရင်း၊ သူတို့ပြောတဲ့ငါးရှာဇာတ်လမ်းတွေနားထောင်ရင်း ငယ်ငယ်ထဲ ကကျမ
စာတွေစီနေမိခဲ့တာ။ ဒါကြောင့်လဲကျမပထမဦးဆုံးစရေးတဲ့ဝတ္တုတိုလေး
တွေဟာ ကျမကြီးပြင်းခဲ့ရာရွာကရေလုပ်
သားတွေရဲ့ဘ၀တွေဖြစ်နေခဲ့တာ။ မှတ်မိစ ငယ်ဘ၀ကနေဆယ်ကျော်သက်အထိ တံငါရွာကလေးမှာကြီးပြင်းခဲ့
ရလေတော့ ကျမကကွင်းဆင်းလေ့လာတာမဟုတ်ပဲနဲ့ကို ရေလုပ်သားတွေ အကြောင်းသွေးထဲက သိနေခဲ့တာ။
လူမ၀ယ်လို့ကျန်နေတဲ့ ငါးသေးငါးဖျင်းပေါင်းစုံကိုအခြောက်လှမ်းထား တဲ့ ငါးပေါင်းစုံခြောက်ကိုဆီပူထိုးပြီး
မနက် ခင်းမှာထမင်းကြမ်းကြော်နဲ့စားနိုင်သူဟာ တံငါထဲမှာမှ အတော်ချောင်လည်သူဆိုတာ ဘယ်သူကမှထုတ်ဖော်
မပြောပဲ ကျမသိ ခဲ့တယ်။ ၂ နာရီလောက်လက်နဲ့ လှေလှော်သွားမှသူတို့ငါးဖမ်းတဲ့နေရာကိုရောက် သတဲ့။
မိုးရွာတောထဲတညလုံးပိုက်ချပြီးနောက်ထပ်၂ နာရီလှေလှော်ပြန်မှအိမ်ရောက် တယ်။ အသွားအပြန်
၎ နာရီ လက်နဲ့ လှေလှော်ပြီးတညလုံးမအိပ်ပဲနဲ့မိုးရေထဲမှာ သူတို့ရှာထားတဲ့ငါးဟာ သူတို့မိသားစုအတွက်တနေ့စာဝမ်းစာပဲ။
မနေ့ညက ဘယ်
လောက်မိုးမိပင်ပန်းထားပါစေ ဒီကနေ့ထမင်းစားနိုင်ဖို့ ဒီညသူတို့ငါးဖမ်းထွက်ရမယ်။
အိမ်ခေါင် ကမိုးယိုနေလည်း မိုးနည်းနည်းအယို သက်သာတဲ့ထောင့်မှာ ငုတ်တုတ် ငိုက်ရင်း ညဖက်တခါငါးရှာထွက်ဖို့
အားမွေးရတယ်။
ဟောသည်ဒေသကတံငါသည်တွေကတော့ ၁၈ရာစုလောက်ကတည်းက
ပြင်သစ်ပြည်ကပြောင်းရွှေ့
အခြေချနေထိုင်တဲ့ Cajun လူမျိုးအများစုပါ။ မစ္စစ်စပီမြစ် ကြီးကခွဲထွက်လာတဲ့ အတ်ချာဖလာရာမြစ်ပတ်ဝန်းကျင်ကစိမ့်မြေတကျောမှာ
ရေကန်ကြီးတွေလည်းရှိနေပါသေးတယ်။ အဲဒီကန်တွေရယ်၊ ရေ၀င်ရာစိမ့်မြေ
တကျောနဲ့မြစ်ကို လူလုပ်တူးမြောင်းတွေနဲ့ဆက်သွယ်ပြီးဒီရေအ၀င် အထွက်ရှိစေပါ တယ်။ မြစ်၊
စိမ့်မြေ၊ ကန်ကြီး တွေနဲ့တူးမြောင်းတွေတလျောက်ရေပြင်တွေမှာ ရှင်သန် ကျက်စား တဲ့ရေချိုငါး
ပေါင်းစုံ၊ ပုဇွန်၊ ဂဏန်း၊ မိချောင်း၊ ကျောက်ပုဇွန်လိုခေါင်းကြီး ကြီးကိုယ်လုံးသေးသေးနဲ့
ပုဇွန်တမျိုး ( Crawfish) ကိုဖမ်းဆီးရောင်းချခြင်းအားဖြင့်
ဒေသခံ Cajun တွေအသက်မွေးခဲ့ကြပါတယ်။ အဲဒီရေပြင်နဲ့ရေလုပ်ငန်း ဟာ သူတို့ကို အသက်ရှင်ရပ်တည်ခွင့်တင်မကပဲ ဘ၀ကိုရိုးစင်းစွာပျော်ရွှင်တတ်စေခဲ့ပါတယ်။
ဒေသခံ Cajuns လူကြီးအများစုကပြင်သစ်လိုပြောကြတယ်။
ဒေသခံငါးဖမ်း သမားလည်းဖြစ်စာရေးဆရာတယောက်လဲဖြစ်တဲ့ Greg Guirard နဲ့ Roy
Blanchard တို့ကကျမတို့ကိုလိုက်ပြရှင်းလင်းပေးဖို့ သူတို့ရဲ့ ငါးဖမ်းလှေတွေကိုသူတို့ကားတွေနဲ့ ဆွဲလာကြတယ်။
လှေလဲလှော် ရင်း လှေဝမ်းထဲကရေတွေကို ပက်ခွံနဲ့မပြတ်ခပ်ထုတ်
နေရတဲ့ ကျမသူငယ်ချင်း တွေကိုမြင်ယောင်ရပြန်ပါပြီ။
ကျမသူငယ်ချင်းငါးဖမ်းသမား
တွေရဲ့လှေတွေက ဖြင့် ဟောင်းလှအိုလှပါပြီ။ လှေမှာစက်တတ်ပြီး
ငါးဖမ်းဖို့ဆိုတာ သူတို့ အိပ်မက်တောင်မမက်ဖူးတဲ့ကိစ္စ။ ခရီးတွင်အောင်မင်းတို့လှေမှာစက်တပ်ပါလား
ပြောရင်
သူတို့ကသူတို့ နားမလည်တဲ့ဘာသာစကားတခုကိုကြားရသလို မျက်လုံး
ကြောင်တောင်နဲ့ကြည့်ကြမှာ
မြင်ယောင်မိပါတယ်။
ဒေသခံငါးဖမ်းသမားတွေငါးဖမ်းရာမှာသုံးတဲ့ယာဉ်နဲ့စက်ကရိယာတွေ..
ကျမတို့အဖွဲ့ကိုဦးဆောင်လှည့်လည်ရှင်းပြခဲ့တဲ့
ငါးဖမ်းသမားစာရေးဆရာ Greg Guirard ရဲ့ “Psycho Therapy for Cajuns” ဆိုတဲ့စာအုပ်ရဲ့အဖွင့်စာမျက်နှာ မှာသူကဒီလိုရေးပြထားတယ်။
အတ်ချာဖလာ ရာဘေစင်မှာ ၁၉၄၇ ခုနှစ်မှာမွေးခဲ့တဲ့ Annie Blanchard ကပြောသတဲ့။
“ အဲဒီကာလတွေကိုပြန်ကြည့်ရင်
လူတွေကတို့တတွေကို ဆင်းရဲသားတွေလို့ခေါ်မှာ ပဲ။ ဒါပေမယ့် ငါတို့ကတော့ ဆင်းရဲတယ်လို့မခံစားရပေါင်။
ငါတို့အတွက်လိုအပ်တာ အားလုံးငါတို့ဆီမှာရှိတယ်။ ငွေကမင်းကိုပျော်ရွှင်အောင် မလုပ်နိုင်ပါဘူး၊
ရူးအောင်ပဲ လုပ်နိုင်တာ”
တံငါသည်ကျမသူငယ်ချင်းတွေနဲ့သူတို့မိဘတွေကတော့
ဆင်းရဲတယ်ဆိုတဲ့ ခံစားမှုကိုသိခဲ့ကြတာသေချာပါတယ်။ သူတို့လိုအပ်တာတွေအားလုံးလည်း သူတို့မှာ မရှိခဲ့တာသေချာပါတယ်။
ကျမငယ်သူငယ်ချင်းတဦး ရဲ့ဖခင် ငါးဖမ်းသမားကြီးနေ မကောင်းဖြစ်ပြီးနာလန်ထမှာ ငါးမွေထိုးခြောက်ကလေးမီးဖုတ်ပြီး ထမင်းစားချင်လိုက် တာလို့
ချဉ်ခြင်းတပ်ရှာပါတယ်။ သူဖမ်းမိတဲ့ငါးမွေထိုးအားလုံးကဖမ်းမိတဲ့နေ့မှာပဲ
ရောင်းချပြီး
မိသားစုဝမ်းစာကိုဖန်တီးခဲ့ရပြီးပါပြီ။ ခုလိုနာလန်ထချဉ်ခြင်းတပ်တော့
ဈေးကောင်းတဲ့ငါးမွေထိုးခြောက်ကိုမိသားစုတွေက၀ယ်မကြွေးနိုင်ပါဘူး။ “ ကိုယ်ရှာ တဲ့ငါးတောင်ကိုယ်မစားနိုင်တဲ့ဘ၀၊ သေတာမှကောင်းပါသေးတယ်”
လို့ ညည်းညူရှာ တဲ့ နာမကျန်းဖြစ်နေသူတံငါသည်ကြီးရဲ့ရေရွတ်သံကို ကျမနားနဲ့ဆတ်ဆတ်ကြားခဲ့ ဖူးပါတယ်။
‘ငွေကမင်းကိုပျော်ရွှင် အောင်မလုပ်နိုင်ပါဘူး’ လို့ပြောနိုင်တဲ့ Cajuns လူမျိုးငါးဖမ်းသမားတွေဟာ မြန်မာလူမျိုးတံငါတွေထက်အများ ကြီးကံကောင်းကြ တာပေါ့။
Greg Guirard ရဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့
Cajuns လူမျိုးတွေရဲ့အဆို တခုကိုတော့ ကျမ သဘောကျထောက်ခံမိပါတယ်။ အမေရိကန်အများစုကပြော ကြသတဲ့။
“ အကယ်၍ကျနော်တို့ငွေမရှာနိုင်ဘူး ဆိုရင် ကျွန်တော်တို့အချိန်တွေက အလကားဖြစ်နေတာပဲ”
တဲ့။ ( If we’re not making money, we are wasting time.) ကိုယ့်လူမျိုးရဲ့ဖြစ်တည်မှုနဲ့
ရိုးရာဓလေ့ကိုအလေးအနက်ထားကြ တဲ့ Cajuns လူမျိုးအများစု ရဲ့ဘ၀အပေါ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့
အထက်ကဖွင့်ဆိုမှုနဲ့ ကွဲပြားလှပါသတဲ့။ “ အကယ်၍ ကျနော်တို့ မပျော်ရွှင်ဘူးဆိုရင် ကျနော်တို့ရဲ့အချိန်
တွေကအလကား
ဖြစ်နေတာ ပဲ” ( If we’re not having fun, we’re wasting our time.)
တဲ့လေ။
ကိုယ့်ဘ၀ရဲ့ဖြစ်တည်မှုကို ကိုယ်တိုင်ကျေနပ်နေနိုင်သူတွေသာလျှင်
ဘ၀မှာ ပျာ်ရွှင်စွာနေနိုင်ကြမှာပါ။ Cajuns တွေဟာ သူတို့ရဲ့ဖြစ်တည်မှုကိုသူတို့ကျေနပ်စွာ
ပျော်ရွှင်ကြပါတယ်။
Myrtle Bigler ဟာအတ်ချာဖလာ ရာဘေစင်မှာမွေးပြီးအတ်ချာ ဖလာရာဘေစင်မှာပဲ ဘ၀တလျောက်လုံးနေထိုင်သွားခဲ့သူတယောက်ဖြစ်ပါတယ်။
သူမအသက် ၉၅ နှစ်ပြည့်ခဲ့တဲ့၁၉၉၅ ခုနှစ်မှာ Myrtle သေဆုံးသွားခဲ့ပါတယ်။ သူမ မသေဆုံးခင်
၁၀နှစ်လောက် မှာ Martle ကစာရေးသူ Greg ကိုပြောခဲ့ပါသတဲ့။
“ တချို့လူတွေက ဟောဒီမြစ်ကမ်းဘေးမှာငါတို့ချည်းပဲနေကြတာကို
ရူးတယ် လို့ထင်ကြတယ်။ငါကတော့ မြို့ကြီးတွေပေါ်မှာနေကြတဲ့လူတွေကိုသာရူးတယ်လို့ထင်
တာပဲ။”
Myrtleရဲ့စကားကသူမဖြစ်တည်မှုကိုဘယ်၍ဘယ်မျှကျေနပ်ပျော်ရွှင်ကြောင်းပြနေ ပါတယ်။ကိုယ့်ဖြစ်တည်မှုကိုကိုယ်တိုင်ကျေနပ်ဖို့ဆိုရာမှာလဲ ကိုယ့်ပတ်ဝန်းကျင်က အရာတွေကိုတန်ဖိုးထားတတ်မှဖြစ်ပါလိမ့်မယ်။
သူတို့တတွေကသူတို့မွေးဖွားကြီးပြင်း ခဲ့ရာမြေ၊ သူတို့ကိုအစားအစာနဲ့ အလုပ်အကိုင်ဖန်တီးခွင့်ပေးပြီးအသက်ရှင်ရပ်တည်
နိုင်စေခဲ့တဲ့ရေပြင်ကိုတန်ဖိုးထားကြပါတယ်။ သူတို့တန်ဖိုးထားတဲ့ အရာကိုသူတို့ ထိမ်းသိမ်းရမယ်
ဆိုတာနားလည်ကြပါတယ်။ အဲဒီလိုတန်ဖိုးထားစိတ်ကိုအခြေခံပြီး မစ္စစ်စပီမြစ်အောက်ပိုင်းမြစ်ထမ်းသိမ်းရေး
အဖွဲ့လို Non-profit အဖွဲ့အစည်းတွေ
ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
-Educate the publish & community leaders
about water quality issues on the river
-Provide a base for activists to improve river
conditions
-
Monitor and investigate incidents reported by citizens to our toll-free hot
line
- Target
polluters and compel compliance
အထက်ပါ objective တွေနဲ့ဖွဲ့စည်းခဲ့တဲ့
Lower Mississippi Riverkeeper အဖွဲ့ဟာ လက်ရှိ မြစ်ကိုအခြေပြုရပ်တည်နေကြသူတွေသာမက အနာဂါတ်မှာမြစ်ကို ဆက်လက်အသုံးချမယ့်
မျိုးဆက်သစ် တွေအတွက်ပါရည်ရွယ်ပြီးမြစ်ကြောင်းထိမ်း သိမ်းရေး၊ ဖြစ်ရေသန့်ရှင်းရေးကိစ္စတွေကို
အားတက်သရော ဆောင်ရွက်နေတာဖြစ် ပါတယ်။
ကျမမွေးဖွားကြီးပြင်းခဲ့ရာဒေသမှာတော့ကျမလူမှန်းသိတတ်စကာလထဲက
မြစ်တွေ
ချောင်းတွေကို အမှိုက်ပုံးလိုသဘောထားပြီး မလိုအပ်၊မလိုချင်တဲ့အရာမှန်သမျှ စွန့်ပစ် လာခဲ့ကြတာဒီနေ့ထိပါပဲ။
၂၀၀၈ ခုနှစ်မှာ ကျမ မွေးရပ်မြေဆီပြန်ရောက်တော့ မြေပုံ ထဲမှာသွေးကြောမွှာတွေလိုများ ပြားယှက်နွယ်နေ
တဲ့မြစ်ချောင်းများတည်ရှိရာမြန် မာနိုင်ငံရဲ့မြစ်ဝကျွန်းပေါ်မှာ သုံးရေသောက်ရေအခက်အခဲဖြစ်နေပါပြီ။
ဗွက်အိုင်သာ သာဖြစ်နေတဲ့ချောင်း ဟာ ကျမငယ်ငယ်ကရွာပေါင်းများစွာက လူပေါင်းများစွာကို မြို့နဲ့
ဆက်သွယ်ပေးတဲ့လှေနဲ့စက်တပ်မော်တော်များ စွာခုတ်မောင်းခဲ့ရာနေရာဆိုတာ မယုံနိုင်အောင်ဖြစ်ရပါ
တယ်။ အဲဒီစက်လှေတွေလိုပဲ ကျမဟာကျမအတွေးတွေကို ဆက်စပ်ပေါင်းကူးပေးမိပါတယ်။
ကျမကြီးပြင်းခဲ့ရာဒေသကတံငါသည်အပါအ၀င်ဒေသခံတွေဟာ သူတို့ကို အသက်ရှင်ရပ်တည်ခွင့်ပေးခဲ့
တဲ့ရေမြေကိုတန်ဖိုးမထားတတ်ခဲ့ကြပါဘူး။ အဲဒီလို တန် ဖိုးမထားတတ်တာဟာ သူတို့ရဲ့ဖြစ်တည်မှုကိုကျေနပ်ပြီး
ပျော်ရွှင်နေနိုင်ရကောင်းမှန်း မသိခဲ့ကြလို့ပါ။ အဲဒီလိုမသိခဲ့တာကအဲဒီလိုတွေးတောနိုင်မယ့်အသိဥာဏ်
သူတို့မှာ မရှိခဲ့ကြလို့ပါ။ အသိဥာဏ်မရှိခဲ့တာက အသိဥာဏ်ကိုရင့်သန်စေမယ့်ပညာကို သူတို့ မသင်နိုင်ခဲ့ကြလို့ပါ။
ပညာမသင်နိုင်ခဲ့ကြတာက သူတို့ဆင်းရဲလို့ပါ။ သူတို့ဆင်းရဲတာ က သူတို့လိုနိုင်ငံသားအများစုရဲ့အကျိုးကိုခေါင်းထဲ
ထည့်ပြီး နည်းလမ်းရှာပံ့ပိုးတာမျိုး မလုပ်နိုင်ခဲ့တဲ့နိုင်ငံခေါင်းဆောင်အဆက်ဆက်ကိုသူတို့ရရှိခဲ့ကြလို့ပါ။
ပြည်သူလူထု ရဲ့ကံကြမ္မာ ဆိုတာနိုင်ငံခေါင်းဆောင်တွေရဲ့လက်ထဲမှာ ရာခိုင်နှုန်းအတော်များများ ရှိနေတာမဟုတ်လား။
ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ ဖြစ်တည်မှုကိုတန်ဖိုးထားစွာရေလုပ်ငန်းနဲ့
အသက်မွေးခဲ့ကြတဲ့
Cajuns လူ့အဖွဲ့အစည်းထဲမှာတောင်မှ အခုအချိန်မှာလူငယ်ရေ လုပ်ငန်းလုပ်သူမရှိသလောက်ရှားသွားပါပြီလို့ ကျမတို့ အဖွဲ့ကိုဦးဆောင်သူနောက် တယောက်ဖြစ်တဲ့ Roy ကပြောပါတယ်။ အခုချိန်မှာအရွယ်ရောက်သားသမီးတွေရဲ့ ဖခင်အရွယ်မျိုးဆက်တွေကတော့ crawfish ဖမ်းတဲ့ရာသီရောက်ရင်သူတို့လုပ်လက် စ အလုပ်တွေကိုခဏ
နားကြပြီး crawfish ပြန်လာဖမ်းကြပါတယ်တဲ့။ လူငယ်တွေ ကတော့ အလုပ်အကိုင်ပေါများရာ မြို့ကြီးပြကြီး
တွေဆီကို ဦးတည်ပြိုဆင်းသွားကြပါ တယ်။ နည်းပညာဆန်းသစ်လာတဲ့ခေတ်ဟာ လူငယ်တွေရဲ့စိတ်ဝင်စားမှု
ကိုပြောင်း လဲစေပြီး အဲဒီလိုပြောင်းလဲလာတဲ့စိတ်ဝင်စားမှုတွေက လူမျိုးစုတွေရဲ့ရိုးရာဓလေ့နဲ့
တွေးခေါ်ယုံကြည်မှုပုံစံတွေကို တဖြည်းဖြည်းမှိန်ဖျော့လာစေခဲ့ပါတယ်။ လောကဓါတ် ပညာတိုးတက်မှုဖန်တီးသူနဲ့ ရိုးရာဓလေ့စောင့်
ထိမ်းလိုသူ၊ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်းစားသူနဲ့ သဘာ၀၀န်းကျင်ကိုထိမ်းသိမ်းလိုသူတွေကြားက
မမြင်သာ တဲ့တိုက်ပွဲ ကတော့လူ့သမိုင်းတလျောက်မှာ ဆက်လက်တည်ရှိနေဦးမှာပါပဲ။
(တတိယပိုင်းကိုဆက်ပါဦးမည်)