1. 2.


ကျွန်မစာရေးဖို့ ကြိုးစားနေတာ အတော်ကြာပြီ။ စာရေးစေချင်သဖြင့်ဖိတ်ခေါ်သောအစီအစဉ်အတွက်ရောက် လာတာမို့  စာမရေးဖြစ်တာနည်းနည်းကြာသွားလျှင် အားနာသလို၊ တာဝန်မကျေသလိုအမြဲခံစားရသည်။ စာရေးလာတာအနှစ်၂၀ ကျော်လာပေမယ့် စာမဖတ်ဖြစ်တာ နည်းနည်းကြာသွားလျှင်စာရေးလို့ လည်းမရ 
တော့ကြောင်းသတိထားမိတာလည်းကြာပြီ။ အဲဒီ လိုအချိန်မျိုးဆို ရေးစရာအကြောင်းအရာတွေခေါင်းထဲရှိနေ တာတောင် ဘာကဘယ်လိုစရမှန်း မသိဖြစ်တတ်သည်။ စာဖတ်များချိန်မျိုးမှာတော့ ခေါင်းထဲမှာရေးစရာမရှိ တာတောင် စာဖတ်ရင်းဆင့်ပွားအတွေးတွေမှတဆင့် စာတစ်ပုဒ်ကဗျာတစ်ပုဒ်ဖြစ်သွားတာမနည်းလှပါ။
         ဒီဇင်ဘာလထဲမှာကျွန်မသားတွေ ဆောင်းရာသီကျောင်းပိတ်ရက် ရက်ရှည်ရသဖြင့်အေးအေးဆေး 
ဆေးတစ်ခါမှမရောက်ဖြစ်သော ၀ါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားဖက်တွေခရီးထွက်ကြဖို့စဉ်းစားမိ၏။ အင်ဒီယားနားမှာနေသောသူငယ်ချင်းမိသားစုကလည်း ခရီးထွက်ချင်သည်ဆိုသဖြင့် ခရီးစဉ်စီစဉ်ကြသည်။ ဒီဇင်ဘာတတိယပါတ်လောက်ထဲက သူတို့ မိသားစုက ကျွန်မတို့ ရှိရာပင်ဆယ်ဗေးနီးယားကို လာကြမည်။ ကျွန်မတို့ ဆီမှာ ၃-၄ ရက်နေပြီးဝါရှင်တန်ဒီစီဖက်ခရီးဆက်ကြမည်။ သူတို့မလာခင်ကတည်းက သူတို့လာ လျှင်ဧည့်ခံဖို့နှင့် ၁၀ရက်တာခရီးထွက်လျှင်လိုအပ်တာတွေထည့်ဖို့ကြိုပြင်ဆင်တာက သုံးလေးရက်ကြာသည်။ သူတို့ ရှိနေတာကသုံးလေးရက်၊ ခရီးစဉ်က ၁၀ ရက်ဆိုတော့ ရက် ၂၀ လောက် စာနှင့်ပေနှင့်ဝေးသွားသည်။ အဲဒီမတိုင်ခင်ကတည်းက ဟိုလိုလိုဒီလိုလိုနှင့်စာမရေးဖြစ်တာဆိုတော့ တစ်လအတွင်း စာတစ်ပုဒ်မှမရေးဖြစ်  သလိုဖြစ်သောအခါ ထုံးစံအတိုင်း ဘယ်သူကဘာမှမပြောပေမယ့် ကျွန်မမှာအားနာသလိုတာဝန်မကျေသလို ခံစားလာရသည်။
Labels: 3 comments | | edit post
Reactions: 


                             မြန်မာပြည်က နာဂစ်ဆိုက်ကလုံးကြောင့် ဆုံးရှုံးရတဲ့ အပျက်အစီ
 
          ကျမရဲ့ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုကကဗျာဆရာမနဲ့ဂျာနယ်လစ်အဒစ်ဆာ ( Adisa Basic) က ကျမကိုမေးတယ်။“အမေရိကားမှာဘယ်လိုအရာတွေကမင်းရဲ့မိခင်မြေကိုလွမ်းaအာင် အလုပ်နိုင်ဆုံးလဲ”တဲ့။ကျမကချက်ခြင်းပဲတုန့်ပြန်မိပါတယ်။“မြင်သမျှအရာအားလုံးပါပဲ”  လို့။
          တကယ်ပါ။ အမေရိကားဟာ နေ့စဉ်ကိစ္စတွေမှာ လူတွေကိုအင်မတန်လွယ်ကူ သက်သာစွာဖြတ်သန်း နေထိုင်နိုင်အောင်ဖန်တီးပေးထားပါတယ်။ ကျမရဲ့မိခင်မြေမှာ နာရီပေါင်းများစွာစောင့်ဆိုင်းပြီး ပင်ပန်းကြီးစွာလုပ်ရတဲ့အလုပ်တွေကို ခလုပ်လေးတစ် ချက်နှိပ်ရုံနဲ့ပြီးမြောက်စေပါတယ်။အဲဒီလိုရုပ်ဝတ္တုပစ္စည်းအရတိုးတက်မှုတွေနဲ့လွယ်ကူ  
စေတာကိုမြင်ရတိုင်း ပင်ပန်းတကြီးရှင်သန်ကြရတဲ့ ကျမတို့ပြည်သူတွေကိုသတိရမိပါ တယ်။ တဦးကိုတဦးလေးစားတန်ဖိုးထားတဲ့ ဒီကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအဆင့် အတန်းမြင့်မှုတွေကို မြင်ပြန်တော့လည်းပင်ပန်းဆင်းရဲတဲ့ ရပ်တည်ရှင်သန်ရမှုကြောင့် တဦးကိုတဦးမုဒိတာမထားနှိုင်ကြတော့ရှာတဲ့ ကျမတို့ပြည်သူတွေအကြောင်းကခေါင်း ထဲရောက်လာမိပြန်တာပါပဲ။  ဒူးလောက်ပေါင်လောက်မြင့်တဲ့နှင်းထုတွေကြားမှာဖြတ် သန်းရင်း ခြေလက်တွေကခံစားမှုကင်းမဲ့တော့မတတ်အေးခဲထုံကျင်နေချိန်မျိုးမှာတော့ အသားတွေလောင်မတတ်ပူပြင်းတဲ့ မိခင်မြေဆီအတွေးရောက်ရပြန်ပါရော။ များသော အားဖြင့် ကျမရဲ့မိခင်မြေအလွမ်းတွေဟာ ကျမကြီးပြင်းခဲ့ရာနိုင်ငံနဲ့မတူတာတွေအပေါ် အခြေခံတတ်ပါတယ်။
Labels: 1 comments | | edit post
Reactions: