၂၀၀၉ ခုနှစ်နွေဦးမှာ ပန်းချီမောင်မောင်သိုက် ဆွဲပေးခဲ့တဲ့ ကျမပုံတူ..
သောကြာနေ့
နေ့လည် ၃နာရီပတ်ဝန်းကျင်ကြီး ကိုအော်ပီကျယ်ကိုလိုင်းပေါ်မှာတွေ့ လိုက်တော့ " မအိပ်သေး
ဘူးလား" လို့နှုတ်ဆက်မိပါတယ်။ " မနက် ၃ နာရီကြီးနိုး လာတာ၊ ကိုသိုက်အတွက်စိတ်မကောင်းလို့"
ဆိုပြီး သူကပြန်ပြောတော့ ကျမကြက်
သေသေသွားမိတယ်။ “ သောကြာနေ့ကဆုံးတယ်။ တနင်္ဂနွေနေ့သဂြိုလ်မယ်လို့
သူကဆက်ပြောတော့ သိပ်မကြာခင်ကြားရတော့မယ်မှန်းသိတဲ့သတင်းပေမယ့် ရင်ထဲမှာလှိုက်ကနဲဖြစ်သွား
ပြီးအကြာကြီးငြိမ်သက်သွားမိပါတယ်။ ဦးမောင်မောင် သိုက်ကွယ်လွန်ရှာပြီ။ ကျမတို့မြန်မာအနုပညာ
လောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုကြုံရပြန်ပြီ။
ဦးမောင်မောင်သိုက်ကို ကျမခင်ပွန်းပန်းချီသန်းဌေးမောင်က“ကိုသိုက်”လို့ခေါ်
ပေမယ့် ကျမကတော့ “ဦး”လို့ပဲခေါ်ပါတယ်။ ကျမနဲ့ဦးသိုက်က ကျမအိမ်ထောင်မကျ ခင်ထဲကသိထားတာကိုး။
အိမ်ထောင်ကျတော့ သူတို့ပန်းချီဆရာချင်းကိစ္စတွေနဲ့ ကိုသန်းဌေးမောင်နဲ့ဦးသိုက်တို့မကြာခဏဆုံကြပါတယ်။
တချို့တွေ့ဆုံချိန်တွေမှာ ကျမလည်းပါတာပေါ့။ ကျောက်မြောင်းကဦးသိုက်အိမ်ကိုသွားရင်တော့
ကျမလိုက် သွားတာများတယ်။ မိန်းကလေးပုံတွေကို အလွန်လှပပြီးအနုပညာမြောက်အောင် သူရေးချယ်ပုံကိုကြည့်ချင်လို့လေ။
ဒါပေမယ့်တစ်ခါမှ သူပန်းချီရေးတာမကြည့်ရပါဘူး။ ကျမတို့သူ့အိမ်ပေါ်ရောက်တာနဲ့ သူကအပေါ်ဝတ်ရှပ်အင်္ကျ
ီလေးကောက် ၀တ်ပြီး ‘ လာ.. လဖက်ရည်ဆိုင်သွားကြမယ်။’ ဆိုပြီးလဖက်ရည်ဆိုင်(တခါတလေ ဘီယာဆိုင်)
ဖက်ချီတက် ကြလို့ပါပဲ။
ဦးသိုက်ကအင်မတန်အေးချမ်းပါတယ်။ အမြဲလိုလိုပြုံးနေတတ်ပြီးစကားကို ငြင်ငြင်သာသာပြောတတ်တယ်။ ကိုမင်းဝေအောင်ဦးဆောင်ပြီး ပန်းချီဆရာတွေ
အောက်ဒိုးရေးဖို့ထွက်ကြတဲ့ခရီးရှည်တစ်ခုမှာ
ကိုသန်းဌေး မာင်လိုက်သွားတယ်။ ပြန် လာတော့ ကိုသိုက်ကဘယ်လို၊ ကိုညိုဝင်းကဘယ်လို၊ ကိုဝသုန်ကဘယ်လိုနဲ့
သူ့ အတွေ့အကြုံတွေကိုပြန်ပြန်ပြောပြတာ လနဲ့ချီကြာပါတယ်။ သူပြောပြတဲ့ထဲမှာ ‘သိပ်ချစ်ဖို့ကောင်းတာ’ဆိုတဲ့
စကားမကြာခဏပါတာကျမမှတ်မိနေတယ်။ အဲဒီခရီး အကြောင်းအပါအ၀င် သူချစ်ခင်တဲ့ပန်းချီဆရာတွေ
အကြောင်းသူ့ဆီကမကြာခဏ ကြားရတတ်ပါတယ်။
အဲဒီအထဲကအမှတ်ရစရာတခုကတော့ ပန်းချီတင်မောင် မျင့်အကြောင်းပါ။
ပန်းချီတင်မောင်မျင့်မှာ ကြောင်ကြီး တစ်ကောင်ရှိခဲ့ပါတယ်တဲ့။ တစ်နေ့ ကိုသန်းဌေမောင်
ဦးတင်မောင်မျင့်အိမ်ကိုရောက်သွားတော့ ဦးတင်မောင်မျင့်က “ မင်းကိုငါတောင်းပန်စရာတစ်ခုရှိတယ်
သန်းဌေးမောင်ရာ” လို့ပြောသတဲ့။ ကိုသန်းဌေး မာင်ကကြောင်ပြီး ဘာများတုံးဗျကိုတင်မောင်မျင့်ရဆိုတော့
“ ငါ့ကြောင်ကြီးကို သန်းဌေးမောင်လို့နံမည်ပေး ထားတယ်ကွာ၊ သန်းတွေပေါလွန်းလို့” လို့ဆိုသတဲ့။
“သူက အတည်ပေါက်ပြောနေပေမယ့် ကိုယ့်မှာရယ်လိုက် ရတာကွာ” လို့ပြောရင်းကပဲ ကိုသန်းဌေးမောင်က
မျက်ရည်ထွက်အောင်ရယ်ပါတယ်။ အဲဒီလိုသူပြန်ပြောပြ တတ်တဲ့ ပန်းချီဆရာတွေနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေအမှတ်တရတွေကိုနားထောင်ပြီး
ကျမ ချစ်ခင်ရင်းစွဲ ရှိပြီးသားပန်းချီဆရာတွေကို ပိုသံယောဇဉ်ဖြစ်ခဲ့ရတာပါ။
အဲဒါကြောင့်ပဲ ၂၀၀၉ ခုနှစ်မှာကျမတို့မိသားစုအမေရိကားကိုလာဖို့ဖြစ်လာတော့
ဦးညို(ပန်းချီမောင်ညို ၀င်း) ရယ်၊ ဦးသိုက် (ပန်းချီမောင်မောင်သိုက်) ၊ဆရာဦးခင်
မောင်ရင်ရယ်ကို
ကျမပုံတူပန်းချီကားဆွဲပေးဖို့ပူဆာမိ တယ်။ ဦးညိုနဲ့ ဦးခင်မောင်ရင်ကို ကျမကိုယ်တိုင်ပူဆာတာပေမယ့်
ဦးသိုက်ကို ကိုသန်းဌေးမောင်ကတဆင့် ပူဆာခိုင်း တာပါ။ “ ဆွဲပေးမှာပေါ့ကွ” လို့ဦးသိုက်ကပြောတယ်ဆိုတော့
ကျမမှာပျော်လိုက်တာ။ အင်မတန် နံမည်ကြီးတဲ့ပန်းချီဆရာကြီးတွေက နွေးနွေးထွေးထွေးလိုလိုလားလားနဲ့
ကျမပူဆာတာကိုဖြည့်ဆည်းပေးကြတာမြင်တော့ သူတို့ရဲ့မေတ္တာတရားအခြေခံတဲ့
စေတနာကို အလွန်ပဲလေးစားမိပါတယ်။
ကျမဘ၀မှာတစ်သက် လုံးတစိမ့်စိမ့်တွေးပြီး ငါကံကောင်းလိုက်တာလို့ ကျေနပ်ပီတိဖြစ်နေစေမယ့်အဖြစ်အပျက်လေးတွေအဖြစ်လည်း
တန်ဖိုးထားသတ်မှတ်မိပါတယ်။ အလွန်အလုပ်များတဲ့ဦးသိုက်က ကျမပုံတူကို လေးငါး ရက်အတွင်းအပြီးရေးပေးတော့ ကျမမှာပိုပြီး အံ့သြပျော်ရွှင်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့တစ်လကျော်ကျော်လောက်ကတော့
ကိုသန်းဌေးမောင်ကဘယ်သူနဲ့ စကား ပြောမိတယ်မသိ၊ ကိုသိုက်တစ်ယောက်တော်တော်နေမကောင်းဘူး။
အခြေ အနေမကောင်းဘူးကြားတယ်။ သနားလိုက်တာ၊ နှမျောဖို့သိပ်ကောင်းတဲ့သူလို့ပြော တော့ ကျမလည်းအတော်စိတ်မကောင်းဖြစ်ရတယ်။
သူက တစ်လအတွင်းမှာ ဦးသိုက်ကိုသနားကြောင်း၊ နှမျောကြောင်း သုံးခါလောက်ပြောတယ်။ ကျမကတော့ ဦးသိုက်က
ငယ်သေးတယ်၊ မသေသင့်သေးဘူးလို့ချည်းတွေးနေမိတယ်။ ဦးသိုက်ရဲ့ အမင်္ဂလာသတင်းကြားရမယ့်နေ့ကို
စောစောစီးစီးမကြား ပါရစေနဲ့လို့ဆုတောင်းနေမိ တယ်။ ဒါပေမယ့်ဆုတောင်းတိုင်းမပြည့်တတ်တဲ့လူ့ဘ၀ကြီးမှာ
ဒီတခါလည်းကျမဆု တာင်းမပြည့်ပြန်ပါဘူး။ ဦးသိုက်ကထွက်ခွာသွားခဲ့ပါပြီ။ ဦးသိုက်ရဲ့နောက်ဆုံးအချိန်တွေ မှာ
သူဘယ်လိုတွေ ခံစားခဲ့မလဲကျမမသိပေမယ့် အေးချမ်းလှတဲ့ဦးသိုက်ဟာ အးချမ်း တဲ့ဘုံတစ်နေရာရာဆီ
ဦးတည်သွားခဲ့တာပဲ ရယ်လို့တော့ ကျမယုံယုံကြည်ကြည်ပဲတွေး မိပါတယ်။
ခက်မာ
၇ ရက်၊သြဂုတ်၂၀၁၁
ခေါင်းစဉ်က ပန်းချီ မောင်မောင်ကိုက် ဖြစ်နေတယ်...
ဓါတ်ပုံအောက်မှာတော့ ပန်းချီ မောင်မောင်သက် တဲ့...
ကျနော်ဆယ်ကျော်သက်၊တိုင်းပြည်မှာနေခွင့်ရတုံးက
အကြိုက်ဆုံးပန်းချီဆရာ