1. 2.
Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts
၁၉၉၅ ခုနှစ်တုန်းက ဆရာမင်းသုဝဏ်ခြံထဲကထမနဲပွဲမှာ ဆရာဒဂုန်တာရာ၊ ဆရာမောင်စွမ်းရည်၊ ဘဘဦးမိုးသူ၊ ဦးလှိုင်(သုခမိန်လှိုင်) ဆရာဒဂုန်တာရာ့မြေးဒေ၀ီကလေးနဲ့ကျမ အမှတ်တရ

စက်တင်ဘာလထဲမှာ မာမားဆီကအီးမေးလ်တစ်စောင်ရပါတယ်။ ‘သားငယ်နဲ့ဖုန်းပြောရတယ်။ ဦးရဲ့ အဆူမခံရတာကြာပြီ။ အဆူခံချင်သေးတယ်လို့ သားငယ်ကို ခက်မာကပြောတယ်လို့ပြန်ပြောပြတယ်။ ဦးကလည်းပြောတယ်။ 'သူ့ကို ငါကစိတ်ပူလို့ဆူနေရတာတဲ့’။ အဲဒီမေးလ်လေးကိုဖတ်ပြီးကျမမျက်ရည် လည်ခဲ့ရပါ တယ်။ အီးမေးလ်စာမျက်နှာကိုဖွင့်ပြီးစာပြန်ဖို့လုပ်ရင်း ဘယ်လိုပြန်ရင်ကောင်းမလဲ စဉ်းစားရာကနေ အတွေးတွေကအတိတ်ကိုရောက်သွားတော့ ညလည်ခေါင်ကြီးမှာ တယောက်ထဲ ရယ်လိုက်၊ မျက်ရည်ကျလိုက်နဲ့တမ်းတရင်းရှင်သန်ရတဲ့ လူလတ်ပိုင်း ကာလရဲ့ အရသာကို အပြည့်အ၀ ခံစားလိုက်တာစာတောင်မပြန်ဖြစ်တော့ပါဘူး။ ဒါနဲ့နောက်နေ့မှအေးအေးဆေးဆေးဆွေးဆွေးမြေ့မြေ့နဲ့ စာရှည်ရှည်ပြန်ရေးတော့မယ် ဆိုပြီးတေးထားလိုက်ပါတယ်။
Labels: 6 comments | | edit post

                                                                   လိပ်ကလေးရဲ့ တက္ကစီ..

“Equal and exact justice to all men of whatever state or persuasion”
                                                       Thomas Jefferson

ဒါဟာ အမေရိကန်တောင်ပိုင်း အလဘားမားပြည်နယ်၊ ဘာမင်ဟမ်မြို့မှာ တည်ရှိတဲ့ Civil Rights Institute ပြခန်းအတွင်းနံရံတခုပေါ်က ကျမကူးယူခဲ့တဲ့ စာသားဖြစ်ပါတယ်။ လူတွေကပဲ အသား အရောင်မတူတဲ့တခြားလူမျိုးစုတခုကို လူထက်တဆင့်နိမ့်နေသလိုခွဲခြားဆက်ဆံခဲ့ရခြင်းဟာ ဂျက်ဖာဆင်ကို  အဲဒီစကား   ပြောဖြစ်စေခဲ့ပါတယ်။ လူလူချင်းခွဲခြားဆက်ဆံခံခဲ့ရခြင်းရဲ့အထောက် အထားတွေ ကိုပြသထားတဲ့ Civil Rights Institute ဟာ ကျမကို အတော်ဆွဲဆောင်ခဲ့ပါတယ်။ ကျမတို့ စာအုပ်တွေထဲမှာ အရေးအသားနဲ့ဖတ်ခဲ့ရတဲ့ ခွဲခြားဆက်ဆံခံရမှုပြရုပ်တွေကို ဓါတ်ပုံတွေ၊ ပုံစံတူရုပ်ထုတွေ၊ မှတ်တမ်းရုပ်ရှင်တွေအဖြစ်နဲ့ မြင်ခဲ့ရတဲ့နေရာပါ။ 
          
 ကျမတို့ဘာမင်ဟမ်မ်ကိုရောက်တဲ့နေ့ရဲ့ မျက်မြင်အခြေအနေကိုကြည့်ပြီးပြော မယ်ဆိုရင်ဖြင့်  ဘာမင်ဟမ်မ်ဟာ Bad Birmingham,၊ Bombingham ဆိုတာမျိုး အခေါ်ခံခဲ့ရတယ်ဆိုတာ၊ "the most thoroughly segregated city in the United States," ဆိုပြီးသတ်မှတ်ခံခဲ့ရတယ်ဆိုတာတွေဟာ မယုံကြည်ချင်စရာပါ။ အဲဒီနေ့ ဟာ ခရီးစဉ်တခုလုံးအတွင်းမှာ နေလို့ထိုင်လို့အကောင်းဆုံးထဲကတစ်နေ့ဖြစ်ပါတယ်။ 
Labels: 2 comments | | edit post
နိုင်ငံတကာကပူးပေါင်းပါဝင်ခဲ့ကြတဲ့ စာရေးဆရာ၊ကဗျာဆရာ ရှစ်ယောက်


နေရောင်ဝင်းဝင်းအောက်မှာမြင်ရတဲ့ Baltimore ကိုတော့ကျမဖျတ်ကနဲကြိုက်လိုက် မိပါရဲ့။ သစ်ပင် တွေကစိမ်းစိမ်း၊ နွေဦးချယ်ရီတွေရဲ့ဆွဲဆောင်မှုကြောင့် လားတော့ မသိ။ နေရောင်ဝင်းဝင်းကလှည့်စားတော့ ကျမကခပ်ပါးပါးအနွေးထည်ကလေးနဲ့ပဲ Baltimore မြို့လည်ဝန်းကျင် လမ်းလျှောက်လှည့် လည်ကြည့်ရှုကြ မယ့် Walking Tour ထဲပူးပေါင်းပါဝင်မိပါတယ်။ အမေရိကရဲ့ရွေ့ပြောင်းနေထိုင်သူ(immigrant ) အများဆုံးရှိတဲ့မြို့ကြီးတွေထဲကတမြို့ဖြစ်တဲ့ ဘာလ်တီမိုးရ်က လေတဟူးဟူးတိုက် ပြီးကျမတို့ရဲ့စူးစမ်းလိုစိတ်နဲ့ခံနိုင်ရည်ကိုစမ်းသပ်ပါတော့တယ်။ ဘာလ်တီမိုးရ်မြို့ခံ 
ဖြစ်တဲ့ Charles B. Duff, Developer & planner and great living authority on Baltimore’s architec ture and development ကကျမတို့လမ်းလျှောက်လှည့် လည်မှုခရီးစဉ်ကို ဦး ဆောင်ရှင်းလင်းပြခဲ့ပါတယ်။ ခုနှစ်တွေ၊ကိန်း ဂဏန်းတွေ၊ အဖြစ် အပျက်တွေကိုအလွတ်ရနေတဲ့ ချာလီ ကအင်မတန်စကားပြောကောင်းသူပါ။ Baltimore ရဲ့ အတိတ်အဖြစ်အပျက်တချို့ကိုပြန်ပြောနေတဲ့ သူ့စကားတွေထဲမှာ သူ့မြို့၊ သူ့လူမျိုးနဲ့သူ့ community ကိုအလေး အနက်ထားတဲ့စိတ်ကိုထင်ထင်ရှား ရှားမြင်ရပါတယ်။ ချာလီက ၁၉၆၂ ခုနှစ်ဝန်းကျင်မှာ လူဖြူလူမည်းခွဲခြားရေး အတွက် ဘာလ်တီမိုးမြို့ အတွင်း မှာဆောင်ရွက်ခဲ့မှုတွေကိုလည်းပြောပြခဲ့ပါသေးတယ်။
                                                တချိန်က Gettysburg စစ်မြေပြင်မှာ 
၂၀၁၁ ဧပြီလမှာ State Depertment ရဲ့အစီအစဉ်နဲ့ အမေရိကန်နိုင်ငံအိုင်အိုဝါ တက္ကသိုလ် International Writing Program မှာပူးပေါင်းပါဝင်ခဲ့ဖူးသူနိုင်ငံတကာ စာရေးဆရာတွေကိုဖိတ်ခေါ်ပြီး Writer-in-Motion ဆိုတဲ့ Study Tour တခုမှာ ပူးပေါင်းပါဝင်ဖို့ဖိတ်ကြားခံရပါတယ်။ ခရီးစဉ်ရဲ့ရည် ရွယ်ချက်ကတော့ အမေရိ ကမှာ အကြောင်းပေါင်းစုံနဲ့ပြိုလဲကျဆုံးခဲ့ရမှုတွေနဲ့ပြန်လည် ထူထောင်မှုတွေကိုဆက်စပ်
လေ့လာဖို့ပါ။

   ဘော့စနီးယား(ဥရောပ)၊ ဂွာတီမာလာ(တောင်အမေရိက)၊ ဂျမေကာ(အာဖရိက)၊ ကင်ညာ (အာဖရိက)၊ ဖိလစ်ပိုင်(အာရှ)၊ သြစတေးလျား၊ ကနေဒါနဲ့ မြန်မာနိုင်ငံက ကျမအပါအ၀င် နိုင်ငံတကာက စာရေးဆရာ ရှစ်ယောက်ဟာ အမေရိကန်နိုင်ငံရဲ့ မြို့တော် ၀ါရှင်တန်ဒီစီမှာလူစုရပါတယ်။ ဒီစီကမှ ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲက Gettyburg တိုက်ပွဲနယ်မြေကိုပထမဦးဆုံးခရီးစဉ်အဖြစ်သွားရပါ တယ်။ အဲဒီကမှ ဘာလ်တီမိုးကိုပြန်ဝင်၊ ဘာလ်တီမိုးကနေမှ အမေရိကတိုက်ကိုအနောက်တောင် တည့်တည့်ဖြတ်လို့ တောင်ဖက်စွန်းက နယူးအော်လန်းစ်မှာတထောက်နားကြရပါ တယ်။ အဲဒီနား တ၀ိုက်က ဘာမင်ဟမ်မ်၊ အယ်လ် ဘားမား၊ မော်ဂင်စီးတီး၊ အာချာ ဖလာရာဘေစင်တွေကိုနှစ်ပတ်ကြာလေ့လာပြီး အပြန်လေယာဉ်ခရီးကို ဘဲဥပုံသဏ္ဍန် လမ်းကြောင်းနဲ့ ဗာဂျီးနီးယားမှာလမ်းဆုံးကြပါတယ်။

Labels: 0 comments | | edit post
(ထုံးစံအတိုင်း အိပ်မရတဲ့တည ဖေ့စ်ဘွတ်ထဲလည်ရင်း ခင်အောင်အေးရဲ့နုတ်စ် 
တွေဖတ်မိပါတယ်။ ဘာကြောင့်မှန်းမသိသူရေးတာတွေဖတ်ပြီးစာရေးချင်လာတာနဲ့ 
ခေါင်းထဲဖြတ်ကနဲပေါ်လာတာကိုချရေးလိုက်တာပါ။ ဘယ်လိုစမယ်၊ ဘယ်လို ဆုံးမယ်ဆိုတာထည့်မစဉ်းစားပဲ ရေးချင်တာကိုရေးချင်သလိုရေးပြီး ရပ်ချင်တဲ့အချိန် မှာရပ်လိုက်ပါတယ်။)

ကျမကကံဆိုးသူတစ်ယောက်ပါ။ ကာလာလရေကြည်ဘ၀မှာ တောသူဌေးများရဲ့မြေး၊ လူသားကလေးအဖြစ်လောက  
ကြီးထဲကိုရောက်လာချိန်မှာတော့ အထည်ကြီးပျက်တို့ရဲ့သွေး။ အသက် ၅နှစ်မှာ
တောမြို့ကလေးကနေ တောစစ်စစ်ဆီရွှေ့ရတယ်။ ၆ နှစ်မှာအဖေနဲ့ဝေးရတယ်။ အသက် ၁၀ နှစ် ၅တန်း ကျောင်းသူအရွယ်မှာ ခုနှစ် မိုင်ဝေးတဲ့ရွာကြီးတစ်ခုကိုအသွား အပြန်တစ်ရက် ၃နာရီလမ်းလျှောက်ပြီး ပညာသင်ရတယ်။ တချို့ရက်တွေမှာ မြို့တော်ကိုနေ့စဉ်ပြေးပြီးရွာစဉ်ဆိုက်တဲ့သင်္ဘောကြီးစီးခွင့်ရရင်တော့ နည်းနည်း သက်သာတယ်။ ဒါပေမယ့်မနက် ၄နာရီဆိုတာမှောင်တုန်း၊ မိနစ် ၂၀လောက် သွားရတဲ့သင်္ဘောဆိပ်ကို တစ်ယောက်ထဲ အမှောင်ထဲမှာ လမ်းလျှောက်သွားရတဲ့ ၁၀ နှစ်သမီးကလေး သနားစရာမကောင်းဘူးလား။
Labels: 5 comments | | edit post
( နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာများနဲ့ပူးပေါင်းပြီး Jazz တေးဂီတ၀ိုင်းနဲ့ တွဲဖက်တင်ဆက်တဲ့ ကဗျာရွတ်ဆိုပွဲ Jazz Poetry Concert 2011) မှာ ကျမ ရွတ်ခဲ့တဲ့အက်ဆေးလေးပါ။ ကျမအက်ဆေးကိုစာပေမောင်နှမတော်စပ်တဲ့
မောင်လေးတေဇာ (လရောင်လမ်း) က အင်္ဂလိပ်လိုဘာသာပြန်ပေးခဲ့ပါတယ်။ ကဗျာရွတ်ပွဲမှာ ကျမက အင်္ဂလိပ်ဗားရှင်းကို မြန်မာလိုတစ်ပိုဒ်နဲ့ပေါင်းစပ်ရွတ်ခဲ့ ပြီး၊ မြန်မာဗားရှင်းကိုတော့ မိတ်ဆွေများကိုဒီနေရာကဝေမျှလိုက်ပါတယ်။)
ဆောင်းကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး နွေဦးမှာရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အလှဆုံးပွင့်ခဲ့တဲ့ချယ်ရီပင်..

နေခြည်ဝင်းဝင်းနှင့်လှုပ်လှုပ်ရှားရှားပတ်ဝန်းကျင်တို့မှတဆင့် နွေးထွေးသောအပျော်ကို
သယ်ဆောင်လာခဲ့ပေးသောနွေဦးတခုလွန်မြောက် ခဲ့ပြန်ပြီ။ နှင်းဖွေးဖွေးနှင့်သစ်ကိုင်း
ခြောက်ထီးထီးတွေကြားမှာ တချိန်လုံးလိုလို ငိုချင်ဝမ်းနည်းနေခဲ့ရသောတိတ်ဆိတ် သည့်ဆောင်းပန်းချီ ကိုမေ့လျော့ဖို့ကြိုးစားနိုင်သည့်အင်အားကိုလည်း နွေဦးက သယ်ဆောင်လာပေးခဲ့သည်။ နွေဦးရောက်သည်နှင့်ဆောင်းရာသီမှာအဖြူအမည်း နီးပါးဖြစ်ခဲ့သော လောက၀န်းကျင်တွင်ရောင်စုံလွှမ်းလာပြီ။ ကောင်းကင်ကပြာပြာ။
မြေပြင်တွင်မြက်ခင်းစိမ်းစိမ်း။ သစ်ကိုင်းတွေပေါ်မှာအသွေးစုံပုရစ်ဖူးတွေအစီအရီ။
Labels: 1 comments | | edit post


ဒီနှစ် ကျမခြံထဲမှာပန်းအ၀ါတွေပဲပွင့်ပါတယ်။ အရင်နှစ်တွေက၀ယ်စိုက်ထားတာ ပန်းရောင်စုံတွေပေမယ့် ဆောင်းရာသီနှင်းတွေဖုံးပြီးနွေဦးမှာပြန်ရုန်းထပွင့်ကြတော့ အ၀ါရောင်ပန်းပင်တွေကပဲပွင့်တယ်လေ။ ဒီနှစ် ထပ်ဝယ်ပြီးစိုက်ဖြစ်သမျှပန်းပင် အသစ်တွေကလည်း အ၀ါရောင်တွေချည်းပဲ။ ကိုယ့်ဘာသာဝယ်မိတုန်းကလည်း သတိမထားမိပါဘူး။ အိုးနဲ့ဝယ်လာတဲ့ပန်းပင်ကိုမြေပေါ်ချစိုက်တော့လည်းသတိ မထားမိသေးဘူး။ မိုးရွာတဲ့နေ့တွေဆိုရင်လည်း ခြံထဲမဆင်းဖြစ်တော့သတိမထား မိပြန်ဘူး။ နေပူတဲ့နေ့တွေကျမှ စိုက်ထားတဲ့ စားပင်၊ ပန်းပင်လေးတွေရေလောင်းဖို့ ခြံထဲဆင်းပြီဆိုရင်တော့သတိထားမိပါပြီ။အပင်တွေရေ၀၀ရအောင် ရေမွှားသေးသေး
လေးတွေကျတဲ့ပိုက်နဲ့စိမ်ပြေနပြေလောင်းတော့ ရေလောင်းသမျှပန်းပင်တိုင်းမှာ ပန်းအ၀ါ ရောင်တွေပွင့်နေတာသတိထားမိပါတယ်။
Labels: 2 comments | | edit post

၂၀၁၀သြဂုတ်လ၂၈ရက်မှာကျမခင်ပွန်းရဲ့အမေ၊ကျမယောက္ခမကြီးဆုံးသွားပါတယ်။ အိမ်ထောင်ကျတော့ယောက္ခမနဲ့အတူနေခဲ့ပြီးသားနှစ်ယောက်ကလည်းသူ့လက်ပေါ် မှာကြီးခဲ့တာဆိုတော့ယောက္ခမဆိုပေမယ့်အမေလိုပါပဲ။ကျမရဲ့မွေးမိခင်ကိုကျမက အမေလို့ခေါ်ပေမယ့်ကျမခင်ပွန်းအပါအ၀င်သားသမီးငါးယောက်ကမေမေလို့ခေါ်တဲ့ ယာက္ခမကိုတော့ သူ့သားသမီးတွေခေါ်သလို'မေမေ' လို့ပဲလိုက်ခေါ်ဖြစ်ခဲ့ပါတယ်။ 
          လူတဖက်သားကိုကိုယ့်အတွက်ဒုက္ခမပိုစေချင်တာ၊ ကိုယ့်အပေါ် မကောင်း သူကိုတောင်ကြံဖန်ပြီးအကောင်းမြင်ကျေးဇူးတင်တတ်တာ၊ ဘယ်လိုအခြေ အနေမျိုး မှာမှစကားကိုကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်းမပြောတာတွေကိုမေမေ့ဆီကအတု ယူခဲ့ရပါတယ်။
Labels: 2 comments | | edit post

ကျမမှတ်မိနေတာတော့ကျမကဗျာစရေးတာ တန်းကျောင်းသူဘ၀။ ကျေးလက်တွဲ ဖက်ကျောင်းကလေး၏နံရံကပ်စာစောင်အတွက်ဖြစ်သည်။ ရွာ၏မူလတန်းကျောင်းပိုင် ကျယ်ဝန်းသောမြေနိမ့်ကွင်းပြင်အလယ်မှာဆောက်ထားသည့် မြေစိုက်ဓနိမိုးထရံကာ 
ကျောင်းကလေးမှာနံရံကပ်စာစောင်လုပ်မည်ဆိုတော့အပျော်ဆုံး သူကကျမဖြစ်ခဲ့မည် ထင်သည်။ နံရံကကပ်စာစောင်လုပ်မည်ဟုကြေငြာပြီးပူးပေါင်းပါဝင်မည့်သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာတခုခုရေးဖို့ ကျမကသေချာပြီးသားမို့စာရေးသူနေရာ ကပူးပေါင်းပါဝင်ဖို့စာရင်းပေးလိုက်သည်။ ရွေး ချယ်ခံရမည့်စာမူများကို နံရံတွင်ကပ်မည့် စာရွက်ကြီးများတွင်ကူးပြီးရေးချဖို့လက်ရေးလှသူများကိုဖိတ်ခေါ်ရာတွင်တော့လက်ရေး ညံ့သူကျမမပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများအတွက်သရုပ်ဖော်ပုံရေးဆွဲပေး မည့်သူများကိုဖိတ်ခေါ်ရာတွင်တော့ ကျမလက်ထောင်မိပြန်သည်။
Labels: 3 comments | | edit post
ရွာမှာရှိတဲ့ ကျွန်မတို့ အိမ်ကလေးက ရေစီးငြင်သာတဲ့ချောင်းကလေးကိုကျောပေးဆောက်ထားပါတယ်။ အိမ်ရှေ့ မှာခြံစည်းရိုးအဖြစ် ဘိုကတော်မျက်ခုံးပန်းပင်တွေနဲ့ ဆေးရိုးပင်တွေကိုရောစိုက်ကာရံထားတယ်။ ဘိုကတော်မျက်ခုံးပန်းကမရမ်းရောင်နုနုကလေးနဲ့ အရွက်ကတော့ ခပ်လွင်လွင်အစိမ်းရှိပြီး အနံ့ကသင်း သင်းကလေးမွှေးတယ်။ ပင်စည်တွေအကိုင်းတွေမှာဆူးတွေပါတော့ လုံခြုံရေးအတွက်ခြံစည်းရိုးကာလို့ 
ကောင်းတယ်။ ဘိုကတော်မျက်ခုံးပင်တွေကြားမှာဆေးရိုးပင်တွေဘာကြောင့်ရောပေါက်နေတာလဲ၊ တမင် စိုက်ထားတာလားဆိုတာကိုတော့ ကျွန်မအိမ်ကလူကြီးတွေကိုတခါမှမမေးကြည့်မိခဲ့ဘူး။
          ကျမကသစ်ပင်စိုက်တာဝါသနာပါတော့ အိမ်ရှေ့ မြေကွက်လပ်ကလေးမှာ ပန်းပင်လေးတွေစိုက်ထား တယ်။ ပန်းပင်လေးတွေရေလောင်းပေါင်းသင်ရင်း ခြံစည်းရိုးပင်တွေကရိုင်းထွက်လာတဲ့အကိုင်းတွေကိုလည်း တစ်လတခါလောက်ဖြတ်နှိမ်ပေးဖြစ်တယ်။ အဲဒီလိုခြံစည်းရိုးတွေကိုဖြတ်တိုင်း တရုတ်ထမင်းစားတူလောက် အရွယ်ရှိတဲ့ဆေးရိုးကိုင်းဖြောင့်ဖြောင့်တစ်ချောင်းကို ခြောက်လက္မအရှည်လောက်ဖြတ်ပြီးအဘွားကိုပေးမိ တယ်။ တကယ်တော့ အဘွားကဖြတ်ခိုင်းတာမဟုတ်ပါဘူး။ တစ်ခါလောက်တော့ဖြတ်ခိုင်းကောင်းဖြတ်ခိုင်းခဲ့ မှာပေါ့။ ဒါပေမယ့် ကျွန်မမမှတ်မိတော့ပါဘူး။ 
Labels: 2 comments | | edit post


ကျွန်မစာရေးဖို့ ကြိုးစားနေတာ အတော်ကြာပြီ။ စာရေးစေချင်သဖြင့်ဖိတ်ခေါ်သောအစီအစဉ်အတွက်ရောက် လာတာမို့  စာမရေးဖြစ်တာနည်းနည်းကြာသွားလျှင် အားနာသလို၊ တာဝန်မကျေသလိုအမြဲခံစားရသည်။ စာရေးလာတာအနှစ်၂၀ ကျော်လာပေမယ့် စာမဖတ်ဖြစ်တာ နည်းနည်းကြာသွားလျှင်စာရေးလို့ လည်းမရ 
တော့ကြောင်းသတိထားမိတာလည်းကြာပြီ။ အဲဒီ လိုအချိန်မျိုးဆို ရေးစရာအကြောင်းအရာတွေခေါင်းထဲရှိနေ တာတောင် ဘာကဘယ်လိုစရမှန်း မသိဖြစ်တတ်သည်။ စာဖတ်များချိန်မျိုးမှာတော့ ခေါင်းထဲမှာရေးစရာမရှိ တာတောင် စာဖတ်ရင်းဆင့်ပွားအတွေးတွေမှတဆင့် စာတစ်ပုဒ်ကဗျာတစ်ပုဒ်ဖြစ်သွားတာမနည်းလှပါ။
         ဒီဇင်ဘာလထဲမှာကျွန်မသားတွေ ဆောင်းရာသီကျောင်းပိတ်ရက် ရက်ရှည်ရသဖြင့်အေးအေးဆေး 
ဆေးတစ်ခါမှမရောက်ဖြစ်သော ၀ါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယားဖက်တွေခရီးထွက်ကြဖို့စဉ်းစားမိ၏။ အင်ဒီယားနားမှာနေသောသူငယ်ချင်းမိသားစုကလည်း ခရီးထွက်ချင်သည်ဆိုသဖြင့် ခရီးစဉ်စီစဉ်ကြသည်။ ဒီဇင်ဘာတတိယပါတ်လောက်ထဲက သူတို့ မိသားစုက ကျွန်မတို့ ရှိရာပင်ဆယ်ဗေးနီးယားကို လာကြမည်။ ကျွန်မတို့ ဆီမှာ ၃-၄ ရက်နေပြီးဝါရှင်တန်ဒီစီဖက်ခရီးဆက်ကြမည်။ သူတို့မလာခင်ကတည်းက သူတို့လာ လျှင်ဧည့်ခံဖို့နှင့် ၁၀ရက်တာခရီးထွက်လျှင်လိုအပ်တာတွေထည့်ဖို့ကြိုပြင်ဆင်တာက သုံးလေးရက်ကြာသည်။ သူတို့ ရှိနေတာကသုံးလေးရက်၊ ခရီးစဉ်က ၁၀ ရက်ဆိုတော့ ရက် ၂၀ လောက် စာနှင့်ပေနှင့်ဝေးသွားသည်။ အဲဒီမတိုင်ခင်ကတည်းက ဟိုလိုလိုဒီလိုလိုနှင့်စာမရေးဖြစ်တာဆိုတော့ တစ်လအတွင်း စာတစ်ပုဒ်မှမရေးဖြစ်  သလိုဖြစ်သောအခါ ထုံးစံအတိုင်း ဘယ်သူကဘာမှမပြောပေမယ့် ကျွန်မမှာအားနာသလိုတာဝန်မကျေသလို ခံစားလာရသည်။
Labels: 3 comments | | edit post


                             မြန်မာပြည်က နာဂစ်ဆိုက်ကလုံးကြောင့် ဆုံးရှုံးရတဲ့ အပျက်အစီ
 
          ကျမရဲ့ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုကကဗျာဆရာမနဲ့ဂျာနယ်လစ်အဒစ်ဆာ ( Adisa Basic) က ကျမကိုမေးတယ်။“အမေရိကားမှာဘယ်လိုအရာတွေကမင်းရဲ့မိခင်မြေကိုလွမ်းaအာင် အလုပ်နိုင်ဆုံးလဲ”တဲ့။ကျမကချက်ခြင်းပဲတုန့်ပြန်မိပါတယ်။“မြင်သမျှအရာအားလုံးပါပဲ”  လို့။
          တကယ်ပါ။ အမေရိကားဟာ နေ့စဉ်ကိစ္စတွေမှာ လူတွေကိုအင်မတန်လွယ်ကူ သက်သာစွာဖြတ်သန်း နေထိုင်နိုင်အောင်ဖန်တီးပေးထားပါတယ်။ ကျမရဲ့မိခင်မြေမှာ နာရီပေါင်းများစွာစောင့်ဆိုင်းပြီး ပင်ပန်းကြီးစွာလုပ်ရတဲ့အလုပ်တွေကို ခလုပ်လေးတစ် ချက်နှိပ်ရုံနဲ့ပြီးမြောက်စေပါတယ်။အဲဒီလိုရုပ်ဝတ္တုပစ္စည်းအရတိုးတက်မှုတွေနဲ့လွယ်ကူ  
စေတာကိုမြင်ရတိုင်း ပင်ပန်းတကြီးရှင်သန်ကြရတဲ့ ကျမတို့ပြည်သူတွေကိုသတိရမိပါ တယ်။ တဦးကိုတဦးလေးစားတန်ဖိုးထားတဲ့ ဒီကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအဆင့် အတန်းမြင့်မှုတွေကို မြင်ပြန်တော့လည်းပင်ပန်းဆင်းရဲတဲ့ ရပ်တည်ရှင်သန်ရမှုကြောင့် တဦးကိုတဦးမုဒိတာမထားနှိုင်ကြတော့ရှာတဲ့ ကျမတို့ပြည်သူတွေအကြောင်းကခေါင်း ထဲရောက်လာမိပြန်တာပါပဲ။  ဒူးလောက်ပေါင်လောက်မြင့်တဲ့နှင်းထုတွေကြားမှာဖြတ် သန်းရင်း ခြေလက်တွေကခံစားမှုကင်းမဲ့တော့မတတ်အေးခဲထုံကျင်နေချိန်မျိုးမှာတော့ အသားတွေလောင်မတတ်ပူပြင်းတဲ့ မိခင်မြေဆီအတွေးရောက်ရပြန်ပါရော။ များသော အားဖြင့် ကျမရဲ့မိခင်မြေအလွမ်းတွေဟာ ကျမကြီးပြင်းခဲ့ရာနိုင်ငံနဲ့မတူတာတွေအပေါ် အခြေခံတတ်ပါတယ်။
Labels: 1 comments | | edit post