1. 2.
Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

“ဂီတမှာ Timing ဟာအသက်ပဲ၊ အရေးကြီးဆုံးပဲ။ Timing လွဲသွားရင် တေးသွား သီချင်းရဲ့အရသာပျက်သွားရော။ ထို့အတူဘဲ ဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊ အားကစား လုပ်ရာမှာပဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ်။ သီချင်းတစ်ပုဒ် ဟင်းတစ်ခွက် Timing Out သွားရင် သီချင်း လောက် ဟင်းလောက်ပဲအရသာပျက်မှာ၊ နိုင်ငံရေး မှာ Timing လွဲသွားရင် တိုင်းပြည်တခုလုံးရဲ့ Image ပျက်တယ်။ တစ်မျိုးသားလုံးထိခိုက် နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့ အချိန်မှာ လုပ်ခြင်းပါပဲ။” ဒီစကားကိုပြောခဲ့သူက ကျမသူငယ်ချင်း ဂီတသမား၊ ဗီဒီယို ဂျာနယ်လစ်စ် ကိုဝင်းမော် ပါ။

ဒီစကားကို သူက သူ့သမီးကိုပြောခဲ့တာပါ။ သူ့ရဲ့သားသမီး ၄ ယောက်ထဲက တတိယ သမီး ခင်စုကြည် ၂၀၁၂ ဇန်န၀ါရီလ ၈ ရက်နေ့မှာရေးခဲ့တဲ့ သမ္မတကြီးသို့အိတ်ဖွင့်ပေး စာမှာ သူမဖခင်ရဲ့အဲဒီပြောစကားကို ဖော်ပြခဲ့ပါတယ်။ ဒီစကားကပဲကိုဝင်းမော်ရဲ့ နိုင်ငံ နဲ့ ဂီတအပေါ်ထားရှိတဲ့ လေးနက်မှုကိုတွေ့နိုင်ပါတယ်။ ကိုဝင်းမော်ဟာ ဂစ်တာသမား အဖြစ်နဲ့ ၁၉၈၁ ကတည်းက ဂီတနယ်ထဲကိုရောက်ရှိခဲ့သူပါ။ ရွှေသံစဉ်နဲ့ အလင်္ကာတေးဂီတအဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတ မှူး၊ တီးဝိုင်းခေါင်းဆောင်တဦးဖြစ်ပါတယ် ။ The Aces တေးဂီတအဖွဲ့ကြီးမှာ လည်း ၁၉၈၉ ကနေ ၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါ တယ်။ 


Labels: 2 comments | | edit post
နိုင်ငံတကာကပူးပေါင်းပါဝင်ခဲ့ကြတဲ့ စာရေးဆရာ၊ကဗျာဆရာ ရှစ်ယောက်


နေရောင်ဝင်းဝင်းအောက်မှာမြင်ရတဲ့ Baltimore ကိုတော့ကျမဖျတ်ကနဲကြိုက်လိုက် မိပါရဲ့။ သစ်ပင် တွေကစိမ်းစိမ်း၊ နွေဦးချယ်ရီတွေရဲ့ဆွဲဆောင်မှုကြောင့် လားတော့ မသိ။ နေရောင်ဝင်းဝင်းကလှည့်စားတော့ ကျမကခပ်ပါးပါးအနွေးထည်ကလေးနဲ့ပဲ Baltimore မြို့လည်ဝန်းကျင် လမ်းလျှောက်လှည့် လည်ကြည့်ရှုကြ မယ့် Walking Tour ထဲပူးပေါင်းပါဝင်မိပါတယ်။ အမေရိကရဲ့ရွေ့ပြောင်းနေထိုင်သူ(immigrant ) အများဆုံးရှိတဲ့မြို့ကြီးတွေထဲကတမြို့ဖြစ်တဲ့ ဘာလ်တီမိုးရ်က လေတဟူးဟူးတိုက် ပြီးကျမတို့ရဲ့စူးစမ်းလိုစိတ်နဲ့ခံနိုင်ရည်ကိုစမ်းသပ်ပါတော့တယ်။ ဘာလ်တီမိုးရ်မြို့ခံ 
ဖြစ်တဲ့ Charles B. Duff, Developer & planner and great living authority on Baltimore’s architec ture and development ကကျမတို့လမ်းလျှောက်လှည့် လည်မှုခရီးစဉ်ကို ဦး ဆောင်ရှင်းလင်းပြခဲ့ပါတယ်။ ခုနှစ်တွေ၊ကိန်း ဂဏန်းတွေ၊ အဖြစ် အပျက်တွေကိုအလွတ်ရနေတဲ့ ချာလီ ကအင်မတန်စကားပြောကောင်းသူပါ။ Baltimore ရဲ့ အတိတ်အဖြစ်အပျက်တချို့ကိုပြန်ပြောနေတဲ့ သူ့စကားတွေထဲမှာ သူ့မြို့၊ သူ့လူမျိုးနဲ့သူ့ community ကိုအလေး အနက်ထားတဲ့စိတ်ကိုထင်ထင်ရှား ရှားမြင်ရပါတယ်။ ချာလီက ၁၉၆၂ ခုနှစ်ဝန်းကျင်မှာ လူဖြူလူမည်းခွဲခြားရေး အတွက် ဘာလ်တီမိုးမြို့ အတွင်း မှာဆောင်ရွက်ခဲ့မှုတွေကိုလည်းပြောပြခဲ့ပါသေးတယ်။
ဆရာဦးမိုးဟိန်း ကွယ်လွန်ပြီ ဆိုသည့်သတင်းကို ဖတ်လိုက်ရသည့်အချိန်မှာ အိမ်တွင် ကျမ တယောက်ထဲ ရှိနေသည်။ “ဟာ” ခနဲ ရေရွတ်မိသံက အိမ်ထဲမှာ ဟိန်းထွက်သွားပြီး ကိုယ့်အသံကို ကိုယ့်ဘာသာပြန်လန့်သွားသည်။ သတင်းကိုဖတ်ရင်း ကျမ မျက်စိထဲတွင် အင်မတန် ဖြူစင်အေးချမ်းသော ဆရာ့အပြုံးတွေ၊ အလွန်ရိုးသားယဉ်ကျေးသော ဆရာ့စကားသံတွေကို တသီတတန်းကြီး မြင်ယောင်၊ ကြားယောင်လာသည်။ “နှမျောလိုက်တာ၊ နှမျောလိုက်တာ” ဟု ကျမ တယောက်ထဲ တတွတ်တွတ်ရွတ်နေမိသည်။

         ဆရာကိုယ်တိုင်ရေးထားသော ဆောင်းပါးတပုဒ်ကိုဖတ်မိပြီး ဆရာ့မှာ ကင်ဆာရောဂါ စွဲကပ်နေကြောင်း သိခဲ့ရသည်။ အဲဒီသတင်း ဖတ်မိစဉ်တုန်းကလည်း ဖြစ်မှဖြစ်ရလေဆရာရယ် ဟု တတွတ်တွတ် ရေရွတ်ခဲ့ရသည်။ အနှစ်၂၀ ကျော် သတ်သတ်လွတ်စားလာသည့် ဆရာ၊ ရှစ်နှစ်ကျော် ရှစ်ပါးသီလဥပုသ်နှင့်နေလာခဲ့သည့် ဆရာ့မှာမှ ဒီရောဂါကဖြစ်ရသတဲ့။ အင်မတန် ရိုးသား၊ ယဉ်ကျေး၊ သိမ်မွေ့ပြီး စိတ်ကောင်းရှိသည်ဟူသော ကောင်းသည့်နာမဝိသေသနများစွာ ပိုင်ဆိုင်သော ဆရာ့ထံမှာ ကင်ဆာရောဂါငြိတွယ်လာခြင်းအတွက် ဘာကိုမှန်းမသိ ကျမ ဒေါသ ဖြစ်ခဲ့ရသည်။ ကံကြမ္မာဆိုတာကြီးကို လူတယောက်လို လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ချင် စိတ်ပေါက်ခဲ့သည်။ ဖြစ်ချင်တော့ ဆရာ့ရောဂါသတင်းကြားရချိန်မှာ ကျမက ဆရာ့ကို ပြေးတွေ့၍မရအောင် ဝေးလံသောနေရာမှာ ရောက်နေခဲ့သည်။

Labels: 0 comments | | edit post
                                                                                                 Illustrated by Wathan

Labels: 1 comments | | edit post

 ပျော်ရွှင်စိတ်လှုပ်ရှားစရာနဲ့စိတ်ရှုပ်ထွေးဝမ်းနည်းစရာခံစားမှုတွေရောထွေးပေါင်းစပ်နေ တဲ့လူ့ဘ၀ကြီးထဲကမိုင်ပေါင်းသောင်းချီဖြတ်သန်းရတဲ့ခရီးစဉ်တခုအတွင်း တွေ့ကြုံခံစား
ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာအပြောင်းအလဲလေးတွေကို ပြောပြချင်ပါတယ်။
  ၂၀၀၉ခုနှစ်မတ်လ၉ရက်နေ့မှာမြန်မာပြည်ကထွက်ခွာဖို့လေယာဉ်ကွင်းကို ဆင်းတော့တစ်ခါမှလေယာဉ်မစီးဘူးတဲ့သားနှစ်ယောက်က စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ ကြပါတယ်။မနက်၁၁နာရီခွဲထွက်မယ့်လေယာဉ်အတွက်ကျွန်မတို့မိသားစုမနက်၉နာရီ ခွဲလောက်ကတည်းက လေယာဉ်ကွင်းကို ရောက်နေကြတယ်။ check in ၀င်ပြီးတာနဲ့ လိုက်ပို့တဲ့သူတွေနဲ့စကားပြောလို့မရတော့ဘူးဆိုတော့ လိုက်ပို့တဲ့အမေနဲ့ဆွေမျိုးမိတ်
ဆွေတသိုက်လည်းစောင့်မနေတော့ဘဲပြန်သွားကြပြီ။ကျွန်မတို့မိသားစုချည်းပဲလေယာဉ် ကွင်းထဲမှာစောင့်နေစဉ်အတွင်း သားတွေကနာရီတကြည့်ကြည့်ပေါ့။
              `လေယာဉ်ပျံစီးချင်လှပြီကွာ။ ၁၁နာရီမြန်မြန်ခွဲပါတော့´
မှန်နံရံထဲကလှမ်းမြင်နေရတဲ့လေယာဉ်ပျံကြီးတွေကိုကြည့်ပြီးသားငယ်ကတဖွဖွရေရွတ်
နေတယ်။ သားကြီး ကလည်းမေးခွန်းတွေအဆက်မပြတ်မေးလို့။
Labels: 0 comments | | edit post

Printed in Perfect Magazine in July 2008.
Labels: 0 comments | | edit post