1. 2.
                                                တချိန်က Gettysburg စစ်မြေပြင်မှာ 
၂၀၁၁ ဧပြီလမှာ State Depertment ရဲ့အစီအစဉ်နဲ့ အမေရိကန်နိုင်ငံအိုင်အိုဝါ တက္ကသိုလ် International Writing Program မှာပူးပေါင်းပါဝင်ခဲ့ဖူးသူနိုင်ငံတကာ စာရေးဆရာတွေကိုဖိတ်ခေါ်ပြီး Writer-in-Motion ဆိုတဲ့ Study Tour တခုမှာ ပူးပေါင်းပါဝင်ဖို့ဖိတ်ကြားခံရပါတယ်။ ခရီးစဉ်ရဲ့ရည် ရွယ်ချက်ကတော့ အမေရိ ကမှာ အကြောင်းပေါင်းစုံနဲ့ပြိုလဲကျဆုံးခဲ့ရမှုတွေနဲ့ပြန်လည် ထူထောင်မှုတွေကိုဆက်စပ်
လေ့လာဖို့ပါ။

   ဘော့စနီးယား(ဥရောပ)၊ ဂွာတီမာလာ(တောင်အမေရိက)၊ ဂျမေကာ(အာဖရိက)၊ ကင်ညာ (အာဖရိက)၊ ဖိလစ်ပိုင်(အာရှ)၊ သြစတေးလျား၊ ကနေဒါနဲ့ မြန်မာနိုင်ငံက ကျမအပါအ၀င် နိုင်ငံတကာက စာရေးဆရာ ရှစ်ယောက်ဟာ အမေရိကန်နိုင်ငံရဲ့ မြို့တော် ၀ါရှင်တန်ဒီစီမှာလူစုရပါတယ်။ ဒီစီကမှ ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲက Gettyburg တိုက်ပွဲနယ်မြေကိုပထမဦးဆုံးခရီးစဉ်အဖြစ်သွားရပါ တယ်။ အဲဒီကမှ ဘာလ်တီမိုးကိုပြန်ဝင်၊ ဘာလ်တီမိုးကနေမှ အမေရိကတိုက်ကိုအနောက်တောင် တည့်တည့်ဖြတ်လို့ တောင်ဖက်စွန်းက နယူးအော်လန်းစ်မှာတထောက်နားကြရပါ တယ်။ အဲဒီနား တ၀ိုက်က ဘာမင်ဟမ်မ်၊ အယ်လ် ဘားမား၊ မော်ဂင်စီးတီး၊ အာချာ ဖလာရာဘေစင်တွေကိုနှစ်ပတ်ကြာလေ့လာပြီး အပြန်လေယာဉ်ခရီးကို ဘဲဥပုံသဏ္ဍန် လမ်းကြောင်းနဲ့ ဗာဂျီးနီးယားမှာလမ်းဆုံးကြပါတယ်။

Labels: 0 comments | | edit post
(ထုံးစံအတိုင်း အိပ်မရတဲ့တည ဖေ့စ်ဘွတ်ထဲလည်ရင်း ခင်အောင်အေးရဲ့နုတ်စ် 
တွေဖတ်မိပါတယ်။ ဘာကြောင့်မှန်းမသိသူရေးတာတွေဖတ်ပြီးစာရေးချင်လာတာနဲ့ 
ခေါင်းထဲဖြတ်ကနဲပေါ်လာတာကိုချရေးလိုက်တာပါ။ ဘယ်လိုစမယ်၊ ဘယ်လို ဆုံးမယ်ဆိုတာထည့်မစဉ်းစားပဲ ရေးချင်တာကိုရေးချင်သလိုရေးပြီး ရပ်ချင်တဲ့အချိန် မှာရပ်လိုက်ပါတယ်။)

ကျမကကံဆိုးသူတစ်ယောက်ပါ။ ကာလာလရေကြည်ဘ၀မှာ တောသူဌေးများရဲ့မြေး၊ လူသားကလေးအဖြစ်လောက  
ကြီးထဲကိုရောက်လာချိန်မှာတော့ အထည်ကြီးပျက်တို့ရဲ့သွေး။ အသက် ၅နှစ်မှာ
တောမြို့ကလေးကနေ တောစစ်စစ်ဆီရွှေ့ရတယ်။ ၆ နှစ်မှာအဖေနဲ့ဝေးရတယ်။ အသက် ၁၀ နှစ် ၅တန်း ကျောင်းသူအရွယ်မှာ ခုနှစ် မိုင်ဝေးတဲ့ရွာကြီးတစ်ခုကိုအသွား အပြန်တစ်ရက် ၃နာရီလမ်းလျှောက်ပြီး ပညာသင်ရတယ်။ တချို့ရက်တွေမှာ မြို့တော်ကိုနေ့စဉ်ပြေးပြီးရွာစဉ်ဆိုက်တဲ့သင်္ဘောကြီးစီးခွင့်ရရင်တော့ နည်းနည်း သက်သာတယ်။ ဒါပေမယ့်မနက် ၄နာရီဆိုတာမှောင်တုန်း၊ မိနစ် ၂၀လောက် သွားရတဲ့သင်္ဘောဆိပ်ကို တစ်ယောက်ထဲ အမှောင်ထဲမှာ လမ်းလျှောက်သွားရတဲ့ ၁၀ နှစ်သမီးကလေး သနားစရာမကောင်းဘူးလား။
Labels: 5 comments | | edit post
( နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာများနဲ့ပူးပေါင်းပြီး Jazz တေးဂီတ၀ိုင်းနဲ့ တွဲဖက်တင်ဆက်တဲ့ ကဗျာရွတ်ဆိုပွဲ Jazz Poetry Concert 2011) မှာ ကျမ ရွတ်ခဲ့တဲ့အက်ဆေးလေးပါ။ ကျမအက်ဆေးကိုစာပေမောင်နှမတော်စပ်တဲ့
မောင်လေးတေဇာ (လရောင်လမ်း) က အင်္ဂလိပ်လိုဘာသာပြန်ပေးခဲ့ပါတယ်။ ကဗျာရွတ်ပွဲမှာ ကျမက အင်္ဂလိပ်ဗားရှင်းကို မြန်မာလိုတစ်ပိုဒ်နဲ့ပေါင်းစပ်ရွတ်ခဲ့ ပြီး၊ မြန်မာဗားရှင်းကိုတော့ မိတ်ဆွေများကိုဒီနေရာကဝေမျှလိုက်ပါတယ်။)
ဆောင်းကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး နွေဦးမှာရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အလှဆုံးပွင့်ခဲ့တဲ့ချယ်ရီပင်..

နေခြည်ဝင်းဝင်းနှင့်လှုပ်လှုပ်ရှားရှားပတ်ဝန်းကျင်တို့မှတဆင့် နွေးထွေးသောအပျော်ကို
သယ်ဆောင်လာခဲ့ပေးသောနွေဦးတခုလွန်မြောက် ခဲ့ပြန်ပြီ။ နှင်းဖွေးဖွေးနှင့်သစ်ကိုင်း
ခြောက်ထီးထီးတွေကြားမှာ တချိန်လုံးလိုလို ငိုချင်ဝမ်းနည်းနေခဲ့ရသောတိတ်ဆိတ် သည့်ဆောင်းပန်းချီ ကိုမေ့လျော့ဖို့ကြိုးစားနိုင်သည့်အင်အားကိုလည်း နွေဦးက သယ်ဆောင်လာပေးခဲ့သည်။ နွေဦးရောက်သည်နှင့်ဆောင်းရာသီမှာအဖြူအမည်း နီးပါးဖြစ်ခဲ့သော လောက၀န်းကျင်တွင်ရောင်စုံလွှမ်းလာပြီ။ ကောင်းကင်ကပြာပြာ။
မြေပြင်တွင်မြက်ခင်းစိမ်းစိမ်း။ သစ်ကိုင်းတွေပေါ်မှာအသွေးစုံပုရစ်ဖူးတွေအစီအရီ။
Labels: 1 comments | | edit post


ဒီနှစ် ကျမခြံထဲမှာပန်းအ၀ါတွေပဲပွင့်ပါတယ်။ အရင်နှစ်တွေက၀ယ်စိုက်ထားတာ ပန်းရောင်စုံတွေပေမယ့် ဆောင်းရာသီနှင်းတွေဖုံးပြီးနွေဦးမှာပြန်ရုန်းထပွင့်ကြတော့ အ၀ါရောင်ပန်းပင်တွေကပဲပွင့်တယ်လေ။ ဒီနှစ် ထပ်ဝယ်ပြီးစိုက်ဖြစ်သမျှပန်းပင် အသစ်တွေကလည်း အ၀ါရောင်တွေချည်းပဲ။ ကိုယ့်ဘာသာဝယ်မိတုန်းကလည်း သတိမထားမိပါဘူး။ အိုးနဲ့ဝယ်လာတဲ့ပန်းပင်ကိုမြေပေါ်ချစိုက်တော့လည်းသတိ မထားမိသေးဘူး။ မိုးရွာတဲ့နေ့တွေဆိုရင်လည်း ခြံထဲမဆင်းဖြစ်တော့သတိမထား မိပြန်ဘူး။ နေပူတဲ့နေ့တွေကျမှ စိုက်ထားတဲ့ စားပင်၊ ပန်းပင်လေးတွေရေလောင်းဖို့ ခြံထဲဆင်းပြီဆိုရင်တော့သတိထားမိပါပြီ။အပင်တွေရေ၀၀ရအောင် ရေမွှားသေးသေး
လေးတွေကျတဲ့ပိုက်နဲ့စိမ်ပြေနပြေလောင်းတော့ ရေလောင်းသမျှပန်းပင်တိုင်းမှာ ပန်းအ၀ါ ရောင်တွေပွင့်နေတာသတိထားမိပါတယ်။
Labels: 2 comments | | edit post

၂၀၁၀သြဂုတ်လ၂၈ရက်မှာကျမခင်ပွန်းရဲ့အမေ၊ကျမယောက္ခမကြီးဆုံးသွားပါတယ်။ အိမ်ထောင်ကျတော့ယောက္ခမနဲ့အတူနေခဲ့ပြီးသားနှစ်ယောက်ကလည်းသူ့လက်ပေါ် မှာကြီးခဲ့တာဆိုတော့ယောက္ခမဆိုပေမယ့်အမေလိုပါပဲ။ကျမရဲ့မွေးမိခင်ကိုကျမက အမေလို့ခေါ်ပေမယ့်ကျမခင်ပွန်းအပါအ၀င်သားသမီးငါးယောက်ကမေမေလို့ခေါ်တဲ့ ယာက္ခမကိုတော့ သူ့သားသမီးတွေခေါ်သလို'မေမေ' လို့ပဲလိုက်ခေါ်ဖြစ်ခဲ့ပါတယ်။ 
          လူတဖက်သားကိုကိုယ့်အတွက်ဒုက္ခမပိုစေချင်တာ၊ ကိုယ့်အပေါ် မကောင်း သူကိုတောင်ကြံဖန်ပြီးအကောင်းမြင်ကျေးဇူးတင်တတ်တာ၊ ဘယ်လိုအခြေ အနေမျိုး မှာမှစကားကိုကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်းမပြောတာတွေကိုမေမေ့ဆီကအတု ယူခဲ့ရပါတယ်။
Labels: 2 comments | | edit post

                            ၂၀၀၉ ခုနှစ်နွေဦးမှာ ပန်းချီမောင်မောင်သိုက် ဆွဲပေးခဲ့တဲ့ ကျမပုံတူ..

သောကြာနေ့ နေ့လည် ၃နာရီပတ်ဝန်းကျင်ကြီး ကိုအော်ပီကျယ်ကိုလိုင်းပေါ်မှာတွေ့ လိုက်တော့ " မအိပ်သေး ဘူးလား" လို့နှုတ်ဆက်မိပါတယ်။ " မနက် ၃ နာရီကြီးနိုး လာတာ၊ ကိုသိုက်အတွက်စိတ်မကောင်းလို့" ဆိုပြီး သူကပြန်ပြောတော့ ကျမကြက် 
သေသေသွားမိတယ်။ “ သောကြာနေ့ကဆုံးတယ်။ တနင်္ဂနွေနေ့သဂြိုလ်မယ်လို့ သူကဆက်ပြောတော့ သိပ်မကြာခင်ကြားရတော့မယ်မှန်းသိတဲ့သတင်းပေမယ့် ရင်ထဲမှာလှိုက်ကနဲဖြစ်သွား ပြီးအကြာကြီးငြိမ်သက်သွားမိပါတယ်။ ဦးမောင်မောင် သိုက်ကွယ်လွန်ရှာပြီ။ ကျမတို့မြန်မာအနုပညာ လောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုကြုံရပြန်ပြီ။

ကျမမှတ်မိနေတာတော့ကျမကဗျာစရေးတာ ၇ တန်းကျောင်းသူဘ၀။ ကျေးလက်တွဲ ဖက်ကျောင်းကလေး၏နံရံကပ်စာစောင်အတွက်ဖြစ်သည်။ ရွာ၏မူလတန်းကျောင်းပိုင် ကျယ်ဝန်းသောမြေနိမ့်ကွင်းပြင်အလယ်မှာဆောက်ထားသည့် မြေစိုက်ဓနိမိုးထရံကာ 
ကျောင်းကလေးမှာနံရံကပ်စာစောင်လုပ်မည်ဆိုတော့အပျော်ဆုံး သူကကျမဖြစ်ခဲ့မည် ထင်သည်။ နံရံကကပ်စာစောင်လုပ်မည်ဟုကြေငြာပြီးပူးပေါင်းပါဝင်မည့်သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာတခုခုရေးဖို့ ကျမကသေချာပြီးသားမို့စာရေးသူနေရာ ကပူးပေါင်းပါဝင်ဖို့စာရင်းပေးလိုက်သည်။ ရွေး ချယ်ခံရမည့်စာမူများကို နံရံတွင်ကပ်မည့် စာရွက်ကြီးများတွင်ကူးပြီးရေးချဖို့လက်ရေးလှသူများကိုဖိတ်ခေါ်ရာတွင်တော့လက်ရေး ညံ့သူကျမမပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများအတွက်သရုပ်ဖော်ပုံရေးဆွဲပေး မည့်သူများကိုဖိတ်ခေါ်ရာတွင်တော့ ကျမလက်ထောင်မိပြန်သည်။
Labels: 3 comments | | edit post