ကျမမှတ်မိနေတာတော့ကျမကဗျာစရေးတာ ၇ တန်းကျောင်းသူဘ၀။ ကျေးလက်တွဲ ဖက်ကျောင်းကလေး၏နံရံကပ်စာစောင်အတွက်ဖြစ်သည်။ ရွာ၏မူလတန်းကျောင်းပိုင် ကျယ်ဝန်းသောမြေနိမ့်ကွင်းပြင်အလယ်မှာဆောက်ထားသည့် မြေစိုက်ဓနိမိုးထရံကာ
ကျောင်းကလေးမှာနံရံကပ်စာစောင်လုပ်မည်ဆိုတော့အပျော်ဆုံး သူကကျမဖြစ်ခဲ့မည် ထင်သည်။ နံရံကကပ်စာစောင်လုပ်မည်ဟုကြေငြာပြီးပူးပေါင်းပါဝင်မည့်သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာတခုခုရေးဖို့ ကျမကသေချာပြီးသားမို့စာရေးသူနေရာ ကပူးပေါင်းပါဝင်ဖို့စာရင်းပေးလိုက်သည်။ ရွေး ချယ်ခံရမည့်စာမူများကို နံရံတွင်ကပ်မည့် စာရွက်ကြီးများတွင်ကူးပြီးရေးချဖို့လက်ရေးလှသူများကိုဖိတ်ခေါ်ရာတွင်တော့လက်ရေး ညံ့သူကျမမပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများအတွက်သရုပ်ဖော်ပုံရေးဆွဲပေး မည့်သူများကိုဖိတ်ခေါ်ရာတွင်တော့ ကျမလက်ထောင်မိပြန်သည်။