ရွာမှာရှိတဲ့ ကျွန်မတို့ အိမ်ကလေးက ရေစီးငြင်သာတဲ့ချောင်းကလေးကိုကျောပေးဆောက်ထားပါတယ်။ အိမ်ရှေ့ မှာခြံစည်းရိုးအဖြစ် ဘိုကတော်မျက်ခုံးပန်းပင်တွေနဲ့ ဆေးရိုးပင်တွေကိုရောစိုက်ကာရံထားတယ်။ ဘိုကတော်မျက်ခုံးပန်းကမရမ်းရောင်နုနုကလေးနဲ့ အရွက်ကတော့ ခပ်လွင်လွင်အစိမ်းရှိပြီး အနံ့ကသင်း သင်းကလေးမွှေးတယ်။ ပင်စည်တွေအကိုင်းတွေမှာဆူးတွေပါတော့ လုံခြုံရေးအတွက်ခြံစည်းရိုးကာလို့ 
ကောင်းတယ်။ ဘိုကတော်မျက်ခုံးပင်တွေကြားမှာဆေးရိုးပင်တွေဘာကြောင့်ရောပေါက်နေတာလဲ၊ တမင် စိုက်ထားတာလားဆိုတာကိုတော့ ကျွန်မအိမ်ကလူကြီးတွေကိုတခါမှမမေးကြည့်မိခဲ့ဘူး။
ကောင်းတယ်။ ဘိုကတော်မျက်ခုံးပင်တွေကြားမှာဆေးရိုးပင်တွေဘာကြောင့်ရောပေါက်နေတာလဲ၊ တမင် စိုက်ထားတာလားဆိုတာကိုတော့ ကျွန်မအိမ်ကလူကြီးတွေကိုတခါမှမမေးကြည့်မိခဲ့ဘူး။
ကျမကသစ်ပင်စိုက်တာဝါသနာပါတော့ အိမ်ရှေ့ မြေကွက်လပ်ကလေးမှာ ပန်းပင်လေးတွေစိုက်ထား တယ်။ ပန်းပင်လေးတွေရေလောင်းပေါင်းသင်ရင်း ခြံစည်းရိုးပင်တွေကရိုင်းထွက်လာတဲ့အကိုင်းတွေကိုလည်း တစ်လတခါလောက်ဖြတ်နှိမ်ပေးဖြစ်တယ်။ အဲဒီလိုခြံစည်းရိုးတွေကိုဖြတ်တိုင်း တရုတ်ထမင်းစားတူလောက် အရွယ်ရှိတဲ့ဆေးရိုးကိုင်းဖြောင့်ဖြောင့်တစ်ချောင်းကို ခြောက်လက္မအရှည်လောက်ဖြတ်ပြီးအဘွားကိုပေးမိ တယ်။ တကယ်တော့ အဘွားကဖြတ်ခိုင်းတာမဟုတ်ပါဘူး။ တစ်ခါလောက်တော့ဖြတ်ခိုင်းကောင်းဖြတ်ခိုင်းခဲ့ မှာပေါ့။ ဒါပေမယ့် ကျွန်မမမှတ်မိတော့ပါဘူး။