The Center is co-sponsoring an event this Sunday at San Francisco’s Asian Art Museum with Burmese writer Khet Mar. To give a little idea of what to expect, I did a short interview with Mar to hear a little about her writing and the political turmoil that underlies much of it.
Event Details
Date: Sunday, December 13th
Time: 2pm
Location: Asian Art Museum, 200 Larkin St.
Free with Museum admission
As a writer from Burma, you’ve had to confront a lot of the political turmoil that has occurred in that country. Do you feel like this political situation dominates your writing?
The political situation has dominated my writing since I started writing in 1989. As I grew up in rural area, I met and saw a lot of poor and uneducated people who have no voices. I want my readers know about that kind of person because people from different fields and different levels do not know about each other. 80% of Burma’s poor are living in rural areas. I think that the images of people who are living in a country is an image of that country. I want to act as a representative of these people. At least, I want to express the real situation to readers, although I cannot solve any problem myself. If we do not know about the real situation of ordinary people, we can not do something better for them. I believe that trying to express real situation or images of the era which a writer lives is an important duty for a writer.
In a write-up of a panel on the relationship between prison and writing that you participated in, it stated that you chose to write in allegories and to publish your work as a serial in order to evade scrutiny of government censors. Did that strategy work, in terms of avoiding government scrutiny of your writing?
That strategy works sometimes but not always. I’ve had to use many different methods to avoid censorship board. But no particular way will work forever to avoid government scrutiny.
What kind of an audience were you writing these pieces for? What do you feel their impact was?
Although I have written most about ordinary people, they can not read my writing, for many reasons. Some of them cannot read, or books and monthly magazines or journals cannot reach the places where they are living. And they might not be interested in reading or they might not have time to read, as they often have to struggle to survive. I am writing for my readers who can try to help those people. When I was teenager, that was the kind of literature I read–the kind that I am writing now. Literature taught me how to face these difficulties, how to respond to the challenges that I had. Reading is a good teacher for me. I want young people to consider how to develop their lives by reading, and then to find a way to help people better.
You’ve been a visiting fellow at the International Writing Program at the University of Iowa, and you’re currently a writer-in-residence at the City of Asylum in Pittsburgh. When did you leave Burma? What kind of a change did this represent for you, entering into an environment where you didn’t have to worry about government scrutiny of your writing?
I was at the International Writing Program at the University of Iowa in 2009. I left Burma March, 2009 for second time. The most important change is I feel safe here, but I still have to think about government scrutiny of my writing as I want to print some of my writing in Burma.
Even while you’ve lived in other places, you’ve been very involved in Burma, particularly in the aftermath of Cyclone Nagis. How does this fit in with your writing? Can you keep the two separate?
I could say I can keep the two separate. While I was doing Nagis rescue works, I could not keep writing. It might be that I do not yet want to write about my experiences of Nagis rescue works, although I know many stories of victims, many scenes of effected areas. But it won’t be waste. Those experiences and feelings will be in my heart and in my mind forever. I can write about this when I have a strength to write.
You’ve worked in various forms–novel, short story, poem, journalism. Do you feel that any one more than the others gets at real-life experiences when you try to portray them in writing?
I always try to get at real experiences in all my writing, but I would say my short story writing gets more real-life experiences, when I try to portray these in writing. I have tried to write most of my short stories not only as a creative work but also as an informative work–but not every my short story. Sometimes, I just want to write very creative or very artistic as much as I could.
Posted on December 10, 2009 by Scott Esposito
Center for the Art of Translation
ပျော်ရွှင်စိတ်လှုပ်ရှားစရာနဲ့စိတ်ရှုပ်ထွေးဝမ်းနည်းစရာခံစားမှုတွေရောထွေးပေါင်းစပ်နေ တဲ့လူ့ဘ၀ကြီးထဲကမိုင်ပေါင်းသောင်းချီဖြတ်သန်းရတဲ့ခရီးစဉ်တခုအတွင်း တွေ့ကြုံခံစား
ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာအပြောင်းအလဲလေးတွေကို ပြောပြချင်ပါတယ်။
ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာအပြောင်းအလဲလေးတွေကို ပြောပြချင်ပါတယ်။
၂၀၀၉ခုနှစ်မတ်လ၉ရက်နေ့မှာမြန်မာပြည်ကထွက်ခွာဖို့လေယာဉ်ကွင်းကို ဆင်းတော့တစ်ခါမှလေယာဉ်မစီးဘူးတဲ့သားနှစ်ယောက်က စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ ကြပါတယ်။မနက်၁၁နာရီခွဲထွက်မယ့်လေယာဉ်အတွက်ကျွန်မတို့မိသားစုမနက်၉နာရီ ခွဲလောက်ကတည်းက လေယာဉ်ကွင်းကို ရောက်နေကြတယ်။ check in ၀င်ပြီးတာနဲ့ လိုက်ပို့တဲ့သူတွေနဲ့စကားပြောလို့မရတော့ဘူးဆိုတော့ လိုက်ပို့တဲ့အမေနဲ့ဆွေမျိုးမိတ်
ဆွေတသိုက်လည်းစောင့်မနေတော့ဘဲပြန်သွားကြပြီ။ကျွန်မတို့မိသားစုချည်းပဲလေယာဉ် ကွင်းထဲမှာစောင့်နေစဉ်အတွင်း သားတွေကနာရီတကြည့်ကြည့်ပေါ့။
ဆွေတသိုက်လည်းစောင့်မနေတော့ဘဲပြန်သွားကြပြီ။ကျွန်မတို့မိသားစုချည်းပဲလေယာဉ် ကွင်းထဲမှာစောင့်နေစဉ်အတွင်း သားတွေကနာရီတကြည့်ကြည့်ပေါ့။
`လေယာဉ်ပျံစီးချင်လှပြီကွာ။ ၁၁နာရီမြန်မြန်ခွဲပါတော့´
မှန်နံရံထဲကလှမ်းမြင်နေရတဲ့လေယာဉ်ပျံကြီးတွေကိုကြည့်ပြီးသားငယ်ကတဖွဖွရေရွတ်
နေတယ်။ သားကြီး ကလည်းမေးခွန်းတွေအဆက်မပြတ်မေးလို့။
နေတယ်။ သားကြီး ကလည်းမေးခွန်းတွေအဆက်မပြတ်မေးလို့။
အကြိမ် ၄ဝ မြောက် International Writing Program ကိုတက်ရောက်ခွင့်ရသဖြင့် အမေရိကန်နိုင်ငံ အိုင်အိုဝါ စီးတီးသို့ သြဂုတ်လထဲက ရောက်နေကြသော ကျွန်မတို့ စာရေးဆရာတစ်သိုက်၏ ခရီးစဉ်က မကြာခင်ပြီးဆုံးတော့မည်။
နိုဝင်ဘာ ၁ဝ ရက်နောက်ပိုင်းကာလကို Travel Period ဟု သတ်မှတ်ပြီး ကျွန်မတို့တတွေကို အမေရိကား၏ ထင်ရှားသောမြို့ကြီးတချို့ကို ပို့ဆောင်လည်ပတ်စေသည်။ ကျွန်မတို့၏ နောက်ဆုံးခရီးစဉ်က နယူးယောက်ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှ စာရေးဆရာအားလုံး နယူးယောက်တွင်လမ်းခွဲ၍ ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကွဲကွာနေပြီး ပြန်မဆုံဖြစ်သေးသော ကျွန်မသူငယ်ချင်းတွေက နယူးယောက်မှာရော ဝါရှင်တန်ဒီစီမှာပါ ရှိကြသည်။ သူတို့က ရောက်တုန်း ရောက်ခိုက် သူတို့နှင့်တွေ့ဆုံလည်ပတ်ဖို့ စီစဉ်လေတော့ ကျွန်မမှာ DC တွင် တစ်ပါတ်၊ နယူးယောက်တွှင် ၁၃ ရက် သောင်တင်သွားသည်။
မြန်မာပြည်တွင်းမှ မထွက်ခွာခင်ကတည်းက Program မှ ပို့ထားသည့် လေယာဉ်လက်မှတ်အရ ကျွန်မက နယူးယောက်မှ အိုင်အိုဝါ ပြန်သွား ရဦးမည်။ အိုင်အိုဝါမှတဆင့် လောစ့်အိန်ဂျလိစ်။ လော့အိန်ဂျလိစ်မှ မြန်မာပြည်သို့ ပြန်လည် ထွက်ခွာရမည်။
မနေ့က နေ့လယ်မှာ ချောင်းထဲ ငါးဆင်းဖမ်းရင်း အေးရီမလက်ကို သံပြားရှသွားတယ်တဲ့။ 'အမေဆေးထည့်ပေးပါ' ဆိုပြီးလာပြတော့ လက်မှာ သွေးချင်းချင်းနီနေတာပဲ။ ဒါနဲ့ ဆေးတို့ပတ်သိပ်ပေး လိုက်ရတယ်။ ညကျတော့ တဟင်းဟင်းညည်းပြီး ဖျားရော။ အပူတွေတက်နေလိုက်တာများ သူ့နဖူးပေါ်မှာ လက်ကို ကြာကြာတင်မထားနိုင်ဘူး။ ဦးဟုတ်စွမ် ကုန်စုံဆိုင်က ပါရာစီတမောတလုံး ၀ယ်တိုက်လိုက်ပြီး အိပ်ခိုင်း လိုက်တယ်။
မနက်ကျတော့ ကိုယ်နည်းနည်း ပူနေသေးပေမယ့်၊ ညတုန်းကလို ခြစ်ခြစ်တောက် မပူတော့ဘူး။
"အမေ ... သမီးနေကောင်းသွားပြီလား"
အေးရီမက ထဘီအဟောင်းလေး ပြောင်းလဲရင်းမေးတယ်။
"ဟဲ့ လုံးလုံး ကောင်းတာမဟုတ်သေးဘူး။ ဘာလုပ်မလို့လဲ"
"ငါးဆင်းစမ်းမလို့"
"အလိုတော် ... ညည်းတော်တော် သေချင်နေတယ်ပေါ့ ဟုတ်လား"
အေးရီမက မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်နေတယ်။ တခုခုပြောမလို့ အားယူနေတဲ့ပုံပါပဲ။ ခဏကြာမှ အသံ တိုးတိုးနဲ့ ပြောရှာတယ်။
"သမီးစောင်ဝယ်ချင်လို့ပါ"
"စောင် ဟုတ်လား"
"ဟုတ်တယ် အမေ။ သမီးစောင်က စုတ်နေပြီ။ ပြီးတော့ အငယ်မနဲ့ တွဲခြုံရတာဆိုတော့ မလုံတော့ဘူး။ မိုး လင်းခါနီးဆို အရမ်းချမ်းတာပဲ။ အဲဒါကြောင့် စောင်ဝယ်ချင်လို့ နေ့ခင်းဘက်ဆို သမီး ငါးစမ်းပြီး ရောင်းရင်း ပိုက်ဆံစုထားတာ။ ခုဆို ပြည့်တော့မယ်ထင်တယ်။ မြန်မြန်ပြည့်သွားအောင် ငါးဆင်းစမ်းချင်တယ်"
ညှိုးရိပ်သန်းနေပြီး မျက်ရည်တွေ ဝေနေ့တဲ့ သမီးမျက်နှာကို ငေးကြည့်နေမိတယ်။ တကယ်ဆို အေးရီမ
ဟာ ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။ သားသမီးရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့် ဖြည့်ဆည်းပေးရမှာ မိဘ တွေရဲ့ တာဝန်မဟုတ်လား။ ဒါပေမယ့် ....
"သမီးစုထားတဲ့ ပိုက်ဆံ ပြစမ်း။ လိုတာကို အမေ့ကုန်စိမ်းစာရင်းထဲက နည်းနည်း စိုက်ဝယ်ပေးမယ်။ နောက် နေ့ ကုန်စိမ်းကို အရင်းလျှော့ပြီး ၀ယ်လိုက်မှာပေါ့"
အေးရီမက ကမန်းကတန်း အခန်းထဲ ပြေးဝင်သွားတော့ ဆွေးမြည့်နေပြီဖြစ်တဲ့ ၀ါးကြမ်းခင်းတွေက တကျွိ ကျွိ မြည်ပြီး ယမ်းခါရင်း ကျန်ခဲ့တယ်။ အေးရီမတို့ အဖေဆုံးတာပဲ (၅) နှစ်ပြည့်ခါနီးပြီး။ ဒီအိမ်ကလေးက အေးရီမတို့ အဖေ မဆုံးခင် လေးငါးနှစ် ကတည်းက ဆောက်ထားတဲ့ဥစ္စာပဲ၊ နေလို့ဖြစ်သေးတာ ကံကောင်း တယ်။ အဖေမရှိတဲ့ကလေးတွေကို ၀မ်းဝအောင် တနေကုန်တနေခန်း ရုန်းကန်ရှာဖွေနေရတာနဲ့ အိမ်ထဲက ကိုယ့်သားသမီးတွေ ဘယ်လိုနေလို့ ဘယ်လိုထိုင်ကြသလဲ ဆိုတာ မကြည့်မိတာ ကြာလှပေါ့။
"အမေ ဒီမှာ"
အေးရီမ ငါးစမ်းပီး စုထားတဲ့ ပိုက်ဆံတွေ။ အကြီးဆုံး ငါးဆယ်တန်ကစလို့ ငါးကျပ်တန် အဆုံး ညစ်နွမ်းနွမ်း စိုထိုင်းထိုင်းလေးတွေ။ နှစ်ရာ၊ နှစ်ရာရှစ်ဆယ်။ သုံးရာကိုးဆယ့်ငါး။
"မနက်ဖြန်ကျရင် အမေလိုတာ စိုက်ပြီး မြို့မှာ အညာစောင်လေးတထည် သွားဝယ်ပေးမယ်နော်"
အေးရီမရဲ့  အဖျားကြောင့် ညှိုးငယ်နေတဲ့ မျက်နှာလေး ၀င်းထိန်သွားတယ်။
စောင်ကလေးက ခြောက်ရာကျတယ်။ အနီရင့်ရင့် အကွက်ကျဲကျဲလေး။ အသားနည်းနည်းပါးပေမယ့်နွေးမှာ ပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သမီးအေးရီမတော့ စောင်ရတော့မယ်ေတွးပြီး ပျော်နေတာနဲ့ အဖျားကျလောက်ပါပြီ။ စက်သံငြိမ့်ငြိမ့်နဲ့ တရိပ်ရိပ်ပြေးနေတဲ့ ဧရာဝတီသင်္ဘောကြီးက နှေးနေသလိုပဲ။ အိမ်စောစောပြန်ရောက်
တော့ ညနေ ကုန်စိမ်းရောင်းချိန် မီနိုင်တာပေါ့။
ဟော ... ဒီမြစ်အကွေ့ကျော်ရင် ရွာကို လှမ်းမြင်နေရပြီ။ ခင်းထိုင်ထားတဲ့ သတင်းစာဟောင်းလေး ပြန်ခေါက်၊ ကြွပ်ကြွပ်အိတ် အနီလေးကို ချိုင်းကြားညှပ်ပြီး သင်္ဘောလက်ရန်းနား ကပ်ရပ်နေလိုက်တယ်။ ရွာကိုသင်္ဘော ကပ်ဖို့ ပြင်နေတော့ ကမ်းနဖူးက လူအုပ်ထဲမှာ အေးရီမကို မြင်ရတယ်။ ကောင်မလေး နေမကောင်းလျက်နဲ့ သင်္ဘောဆိပ်ဆင်းလာတယ်။ ကဲကိုကဲတယ်လို့ တွေးမိပေမယ့် နှုတ်ခမ်းကတော့ ပြုံးနေမိတယ်။
"အမေ ... အမေ .. သမီး ဒီမှာ .. ဒီမှာ..."
အေးရီမရဲ့ အော်သံလေး ကြားရပြီ။ သင်္ဘောပေါ်က ကုန်းဘောင်လည်း ကမ်းပေါ်ထိုးချနေပြီ။ အို လူတွေက လည်း တိုးဝှေ့ ဆင်းလိုက်ကြတာ။ ကုန်းပေါ် မရောက်ဖူးတဲ့အတိုင်းပဲ။ ဒီကျောင်းသူမလေးနောက်ကကပ် လိုက်မှ။
"ဟဲ့ ဟဲ့ နောက်က အထမ်းသမားကြီးရဲ့  ထမ်းပိုးကြီးက ဘယ်လိုလဲ လူကို လာထိုးနေပါလား"
ဒန်အိုးဒန်ခွက်တွေကို အထမ်းထဲ ထည့်ရောင်းတဲ့ အဘိုးကြီးက တောင်းပန်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ပေမယ့် ကွမ်းတွေငုံထားတဲ့ ပါးစပ်က ဘာမှပြောလို့ မရဘူး။ သူလည်း တိုးဝှေ့ဆင်းနေတဲ့ လူအုပ်ထဲမှာ သူ့ထမ်းပိုးကို ထိန်းလို့ မရဘူး ဖြစ်နေတယ်။
"ဟဲ့ ... ဟဲ့ .. အို .. အမလေး...။ သွားပြီ"
ဒုတိယအကြိမ် လူအုပ်ကြားက ထိုးထွက်လာတဲ့ထမ်းပိုးဟာ စောင်ထုပ်ကလေးညှပ်ထားတဲ့ လက်မောင်းကို အရှိန်နဲ့ ဆောင့်တိုးလိုက်တော့ ကြွပ်ကြွပ်အိပ် အနီလေးဟာ ထမ်းပိုးထိပ်နဲ့ ငြိပြီး နောက်ကျိနေတဲ့ မြစ်ရေထဲကို ...။
အေးရီမကို ဖြတ်ခနဲ လှမ်းကြည့်မိတယ်။ အေးရီမ မျက်လုံးတွေ ၀ိုင်းသွားတယ်။ ပြီးတော့ လျှပ်တပြက်အချိန် အတွင်းမှာပဲ မြစ်ရေပြင်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားတယ်။
"ဟဲ့ သမီး .... သမီး .. အေးရီမ"
အေးရီမက ဘာကိုမှဂရုမစိုက်ပါဘူး။ မိုးနှောင်းမြစ်ရေစီးထဲမှာမျောပါသွားတဲ့ ကြွပ်ကြွပ်အိတ်လေးနောက်ကို ကျားကုတ်ကျားခဲ ရေကူးရင်း လိုက်လို့။
သူ မီတော့မယ်။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၁ခုနှစ်။
|
Printed in Perfect Magazine in July 2008.