1. 2.
၁၉၉၅ ခုနှစ်တုန်းက ဆရာမင်းသုဝဏ်ခြံထဲကထမနဲပွဲမှာ ဆရာဒဂုန်တာရာ၊ ဆရာမောင်စွမ်းရည်၊ ဘဘဦးမိုးသူ၊ ဦးလှိုင်(သုခမိန်လှိုင်) ဆရာဒဂုန်တာရာ့မြေးဒေ၀ီကလေးနဲ့ကျမ အမှတ်တရ

စက်တင်ဘာလထဲမှာ မာမားဆီကအီးမေးလ်တစ်စောင်ရပါတယ်။ ‘သားငယ်နဲ့ဖုန်းပြောရတယ်။ ဦးရဲ့ အဆူမခံရတာကြာပြီ။ အဆူခံချင်သေးတယ်လို့ သားငယ်ကို ခက်မာကပြောတယ်လို့ပြန်ပြောပြတယ်။ ဦးကလည်းပြောတယ်။ 'သူ့ကို ငါကစိတ်ပူလို့ဆူနေရတာတဲ့’။ အဲဒီမေးလ်လေးကိုဖတ်ပြီးကျမမျက်ရည် လည်ခဲ့ရပါ တယ်။ အီးမေးလ်စာမျက်နှာကိုဖွင့်ပြီးစာပြန်ဖို့လုပ်ရင်း ဘယ်လိုပြန်ရင်ကောင်းမလဲ စဉ်းစားရာကနေ အတွေးတွေကအတိတ်ကိုရောက်သွားတော့ ညလည်ခေါင်ကြီးမှာ တယောက်ထဲ ရယ်လိုက်၊ မျက်ရည်ကျလိုက်နဲ့တမ်းတရင်းရှင်သန်ရတဲ့ လူလတ်ပိုင်း ကာလရဲ့ အရသာကို အပြည့်အ၀ ခံစားလိုက်တာစာတောင်မပြန်ဖြစ်တော့ပါဘူး။ ဒါနဲ့နောက်နေ့မှအေးအေးဆေးဆေးဆွေးဆွေးမြေ့မြေ့နဲ့ စာရှည်ရှည်ပြန်ရေးတော့မယ် ဆိုပြီးတေးထားလိုက်ပါတယ်။
Labels: 4 comments | | edit post
Reactions: 

ဘာလို့များ
အဲဒီအကြောင်းတွေကို
ခေါင်းထဲကထုတ်မရဖြစ်နေရတာလဲ။

နောင်တရတာလည်းမဟုတ်
အလွမ်းတွေစွန်းနေတာတော့သေချာ
ဒေါသသင့်တာလည်းအမှန်
မချိတင်ကဲ..၊ ဖြစ်မှဖြစ်ရလေ
ငါတော်တော်မုန်းဖို့ကောင်းတာပဲ
ဒါပေမယ့် လုပ်ခဲ့တာတွေမှန်တယ်
အဲဒီကောက်နှုတ်ချက်အားလုံးပါတယ်။
Labels: 1 comments | | edit post
Reactions: