1. 2.

Photo by Aung Aung (DVB)


အမေရိကအရှေ့ ပိုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲမှာ ပစ္စဘတ်လို့ ခေါ်တဲ့အလွန်လှပသာယာတဲ့မြို့ တမြို့ ရှိပါတယ်။ အနိမ့်အမြင့်မညီညာ တဲ့တောင်ကုန်းတောင်တန်းတွေကမြို့ကိုဝန်းရံထားတယ်။ အဲဒီတောင် ကုန်း တောင်တန်းတွေကိုဖြတ်သန်းစီးဆင်းလာတဲ့အလဂနီမြစ်နဲ့ မိုနိုဂဟီ လာမြစ်နှစ်စင်းက မြို့ရဲ့နှလုံးသားနေရာ မှာပေါင်းဆုံကြပြီး အိုဟိုင်းယိုး ဆိုတဲ့နံမည်သစ်နဲ့နံမည်ကျော်မစ်စစ္စပီမြစ်ကြီးဆီဆက်လက်စီးဆင်းသွားတယ်။ မြစ်သုံးသွယ်ဖြတ်စီးသွားတဲ့ မြို့ရဲ့ပိုင်နက်နယ်မြေတလျောက်မှာ ဒီဇိုင်းအမျိုးစုံပြီးထောင်နဲ့ချီတဲ့ သံမဏိ တံတားကြီးတွေက မြို့ ရဲ့ ထူးခြားတဲ့ အမှတ်အသားအဖြစ်ဝင့်ကြွားနေကြတယ်။ 
Labels: 2 comments | | edit post
Reactions: 


မနှစ်ကဆောင်းတွင်းမှာ ကျွန်မတော်တော် စိတ်ဓါတ်ကျခဲ့သည်။ အသက်အရွယ်ကြောင့်လား၊ ရာသီဥတုနှင့် နေရာထိုင်ခင်းအပြောင်းအလဲကြောင့်လားမသိတော့မသိပါ။ စိတ်တွေအုံ့မှိုင်းနေခြင်းကစခဲ့ပြီး တဖြည်းဖြည်း မြင်သမျှ အလိုမကျဖြစ်လာသည်။ နောက်တော့ညဖက်တွေမှာပါ အိပ်မပျော်ဖြစ်လာကာ လူ့ဘ၀မှာ ဘာကြောင့်များ အသက်ရှင်နေရတာပါလိမ့်ဟုတွေးမိစပြုလာသည်။ ဒီကြားထဲ ခါးဆစ်ရိုးနှစ်ခုကြားမှာ ကူရှင် သဖွယ်ခံထားသည့် အရွတ်ကလက်သည်းခွံ လောက်ကလေးကျွံထွက်လာသဖြင့် ခါးကအမြဲလိုနာနေခဲ့တာ လပေါင်းများစွာကြာနေသည်။ ဆေးတွေသောက်လည်း ခဏသာသက်သာပြီးပြန်နာလာသည်။ လောလော ဆယ်ခါးရိုးထဲ ဆေးထိုးထည့်ပြီး စောင့်ကြည့်နေသည့်ကာလဖြစ်သည်။ ဆေးဒါဏ်ကြောင့် လူကအားနည်းပြီး လောလောဆယ်အချိန်အထိ ခါးအနာကလည်းရာနှုန်းပြည့်ပျောက်မသွားသေးသဖြင့် စိတ်ညစ် ညူးရပြန် သည်။ သေချာတာကတော့ ကျွန်မ မပျော်မရွှင်ဖြစ်နေတာပင်။ ဤသို့မပျော်မရွှင်ဖြစ်နေချိန်မှာ ဆရာကိုတာ ၏ “သူငယ်ချင်းများနှင့်စကားစမြည်ပြောခြင်း“ စာအုပ်ကိုဖတ်မိကာ “ဘ၀၌ မြိန်ခြင်း”ဟူသော စကားလေးကို အရသာတွေ့မိသည်။ အရသာတွေ့မိသည်ဆိုခြင်းက ဘ၀ဆိုတာ မြိန်သင့်သောအရာပါ တကားဟု ဆင်ခြင် သိမြင်လာခြင်းသာဖြစ်သည်။ ကျွန်မက ဘ၀၌ရာနှုန်းပြည့်မြိန်ယှက်နေသူတစ်ယောက်ဟု သတ်မှတ်လို့ 
တော့မရ သေးတာသေချာနေပြန်သည်။
     သို့သော် ဘ၀မှာဘာကြောင့်များအသက်ရှင်နေရပါလိမ့်ဟုစဉ်းစားမိနေချိန်တွင် “ဘ၀၌မြိန်ခြင်း“ဟူသော စကားလုံးအပေါ်အရသာတွေ့မိခြင်းကအလွန်တန်ဖိုးရှိသောအခိုက်အတန့်ကိုပိုင်ဆိုင်ခွင့်ရသွားသည်ဟု ပြော ရမည်။ကျွန်မကဘ၀မှာမြိန်စရာကောင်းခြင်းဆိုတာလေးတွေကိုစဉ်းစားရှာဖွေလိုစိတ်ပေါက်သွား၍ ဖြစ်သည်။ အကယ်၍ဘ၀မှာ မြိန်စရာရှာမတွေ့ဘူးဆိုတောင် ဆရာကိုတာ၏စာများအတွင်းမှ တရုတ်ကြီး ‘ချင’်လို၊ ဆရာကိုတာလို ဘ၀၏ ပျော်စရာအခိုက်အတန့်များတော့ ကျွန်မမှာအနည်းနှင့်အများရှိမှာပဲဟု တွေးမိသည်။ သည်တော့ ကျွန်မဘ၀ထဲမှပျော်စရာ အချိန်လေးတွေကိုရှာဖွေကြည့်ချင်စိတ်ပေါက်သွားသည်။

                                                   ~ ~ ~ ~ ~ ~
Labels: 2 comments | | edit post
Reactions: 
သရုပ်ဖော် ပန်းချီ ချောအိသိမ်း


သူတို့ နှစ်ယောက်ချစ်ခဲ့ကြတာ ကလေးသာသာဘ၀များထဲကဖြစ်သည်။ ညပေါင်းများစွာလမ်း လျှောက်ရင်း သူတို့ စကားဝေဖြာခဲ့ကြသည်။ သိပ်အရေးတကြီးမဟုတ်လှသော စိတ်အခန့် မသင့်စရာတစ်ခုဖြစ်ပြီးနောက် မှာတော့ သူတို့ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ မေရီသည်လေးလေးနက်နက်မစဉ်း စားပဲ သူမ,ချစ်သည်ဟုထင်သူတစ်ယောက်ကိုလက်ထပ်လိုက်သည်။ ဘီလ်ကတော့မိန်းမဆိုတာကို ခါးသည်း သွားပြီး ခြေဦးတည့်ရာခရီးနှင်တော့သည်။


Labels: 0 comments | | edit post
Reactions: