1. 2.

အစထဲကတော့ခပ်ရှုပ်ရှုပ်ပါပဲ
ဒါပေမဲ့  အရှုပ်အထွေးကလည်းသူ့ဘာသာ
ကိုယ်ကလည်းကိုယ့်နေရာနဲ့ကိုယ် နေခဲ့တယ်။

ရှင်းချင်ပါတယ်ရယ်လို့
အရှုပ်အထွေးပုံထဲက ကိုယ်ယို့ထကာမှ
ဦးနှောက်မှာ၊ နှလုံးသားမှာ
အကြားမှာ၊ အမြင်မှာ
အာရုံမှာ၊ စိတ်ကူးမှာ
အရာများစွာစေးကပ်တွယ်ငြိ
မသိခြင်းများနဲ့အတူလုံးထွေးလို့။

ရှေ့ဆက်သွားရမလား
မူလနေရာကိုပြန်လှည့်ရမလား။
တကယ်တန်းက
ငြိနေသမျှဖယ်ရှင်းပေးမယ့်တစ်စုံတရာကိုမျှော်ရင်း 
မျှော်နေရတာကို အရသာတွေ့ရင်း...
အရသာကို အဓိပ္ပါယ်ဖော်ရင်း...
အဓိပ္ပါယ်ဆိုတာကို ဝေဝါးရင်း...
နှောင်ကြိုးလည်းမပြေ
မူလအခြေလည်းပြန်မရောက်
မိုးမသောက် လမသာ
ကြယ်ပြာပြာမမြင်ရသောလမ်းခုလပ်
မတ်တပ်ရပ်ငေး
ဆိုလက်စတေးပင် ပျောက်ဆုံးခဲ့ရပြီ။

◄ ခက်မာ ►
Dec 23rd 2009
Labels: | edit post
0 Responses